ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

diz_admin

September 11, 2020

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်များလာသဖြင့် ယာဉ်မောင်းလိုင်စင်အသစ်များ ပြုလုပ်ပေးနေမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(ကညန) ထံမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ရာတွင် လူစုလူဝေးဖြစ်စေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်တန်းကို ရပ်ဆိုင်းရန် ညွှန်ကြားလာသည့်အတွက် လိုင်စင်အသစ်မလုပ်ပေးတော့ ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည် သို့သော် ယာဉ်လိုင်စင်သက်တမ်း တိုးခြင်းများကိုမူ မပိတ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ခဲ့ပြီး ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းနောက် လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာသည့်အတွက် ပြန်ပိတ် လိုက်ခြင်းဖြစ်သည်။ […]

ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

diz_admin

September 10, 2020

တိုင်းအတွင်း ကလေးသူငယ်မှုခင်းများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ မှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုများလာသည်ဟု တနင်္သာရီတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်စာ စာရင်းများအရ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းချ ခြင်းနှင့် သုံးစွဲခြင်းအမှုပေါင်း ခြောက်မှု သာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လစာ စာရင်းများအရ မူးယစ်ဆေးရောင်း ချခြင်းနှင့် သုံးစွဲခြင်းမှုခင်း ဖြစ်ရပ်ပေါင်း ၁၀ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ “ကလေးသူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲလေ။ ဒီအနာဂတ် ကလေး သူငယ်တွေမှာ ဒီလိုပြစ်မှုတွေ များနေတယ်ဆိုတော့ လုံးဝကို […]

မဲပေးသူများသည့် မဲရုံများအတွက် မဲရုံအဖွဲ့ဝင်များ တိုးခန့်မည်

diz_admin

September 10, 2020

ကိုဗစ် စည်းကမ်းချက်နှင့်အညီ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များသည့် မဲရုံများတွင် မဲရုံအဖွဲ့ဝင်များကို အဆိုင်းများခွဲကာ တိုးမြှင့်ခန့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။ ကိုဗစ်ကာလတွင် (Social Distancing) တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ နေကာ မဲပေးရမည်ဖြစ်သောကြောင့် အချိန်လုံလောက်မှုရှိစေရန်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ “ဘယ်လို အဆိုင်းတိုးမယ်ဆိုတာ အသေးစိတ်ကတော့ မရှိသေးဘူး။ အောက်ကနေ ပြန်တက်လာတဲ့အပေါ်မူ တည်ပြီးလုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။ မဲဆန္ဒရှင် တစ်ထောင်ရှိသည့် မဲရုံတွင် အဖွဲ့တစ်ဖွဲ့၊ တစ်ထောင်ထက်ပိုပါက အဖွဲ့နှစ်ဖွဲ့၊ နှစ်ထောင်ထက်ပိုပါက သုံးဖွဲ့ ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ အဖွဲ့များ တိုးပေးနိုင်ရန်အတွက် […]

ရွှေဝယ်သီရိရုပ်ရှင်ရုံ ဖျက်ပြီးပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပက အဖွဲ့ ကန့်ကွက်

diz_admin

September 10, 2020

ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရုပ်ရှင်ရုံကို ဖျက်ပြီးအသစ်ပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပကအဖွဲ့က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့ခဲ့သည်။ အဆိုပါရုပ်ရှင်ရုံမြေနေရာမှာ ကျမ်းတိတ်ဗုဒ္ဓဘာသာဘုရားကျောင်းပိုင် ဖြစ်သည့်အတွက် လုပ်ငန်းရှင်တစ်ဦးက ရုပ်ရှင်ရုံ အဆောက်အအုံဟောင်းကို ဖျက်ပြီးအသစ်တည်ဆောက်မည့်အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ဘုံကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မင်း က ဆိုသည်။ ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး ကန့်ကွက်စာကို ဝန်ကြီးချုပ်အပြင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့တိုင်ကြားစာနှင့် အသနားခံစာများ စိစစ် ရေးကော်မတီထံလည်း စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ထားသည်။ ကန့်ကွက်စာတွင် ဂေါပကအဖွဲ့အပါအဝင် အခြားလူ လေးဆယ်ဦးကလည်း လက်မှတ်ထိုး တင်ပြထားသည်။ အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ၁၉၉၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်ထံ စည်းကမ်း သတ်မှတ်ချက်များဖြင့် အပြီးအပိုင် ရောင်းချထားကြာင်း တိုင်းအစိုးရအဖွဲ့ ထံမှ သိရသည်။ အထက်ပါ […]

ကုမ္ပဏီများနှင့် ဥပဒေပြင်ပက စောင်းကောက်ကျွန်း

diz_admin

September 10, 2020

စောင်းကောက်ကျွန်းရှိ မြေနေရာ ဧကတစ်ထောင်ကျော်(၁၁၇၀) အပေါ် တွက် ကုမ္ပဏီအချို့သည် ဥပဒေမဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေကြမှုနှင့် ရသင့်သည့် အခွန်များ မရသည့်ကိစ္စကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထူးနေအောင်က မေးခွန်းထုတ်လိုက်သည်။ စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး၌ စောင်းကောက်ကျွန်းပေါ်တွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်လျှောက်ထားသည့် ကုမ္ပဏီများကို ဥပဒေအတိုင်း မျှတစွာ ဆောင်ရွက်ပေးရန် ရှိ/မရှိကို မေးမြန်းရာတွင် ထည့်သွင်းမေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။ “စောင်းကောက်ကျွန်းအပေါ်မှာ ကုမ္ပဏီအသီးသီးကနေပြီးတော့ လျှောက် ထားတဲ့အပေါ်မှာ စိစစ်တဲ့အခါကျတော့ ဥပဒေနဲ့အညီလျှောက်ထားတဲ့ ကုမ္ပဏီတွေကို တွေ့ရသလို ဥပဒေမဲ့လုပ်တဲ့ လုပ်ငန်းစဉ်တွေလဲတွေ့ရတယ်” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။ စောင်းကောက်ကျွန်းသည် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ အုပ်စုတွင် တည်ရှိသည်။ ကုမ္ပဏီများနှင့် စောင်းကောက်ကျွန်းရသင့်ရထိုက်သည့် အခွန်မရသည့်အကြောင်းနှင့် ကုမ္ပဏီအချို့ […]

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟုဆို

diz_admin

September 10, 2020

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။ ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စာရင်းဖြစ်ပြီး ထားဝယ် ခရိုင်တွင် သုံးဦးနှင့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ငါးဦးတို့ ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ အနာကြီးရောဂါမှာ လူဦးရေ တစ်သောင်းတွင် တစ်ဦးခန့်သာဖြစ်ပွား တတ်ပြီး တိုင်းအတွင်းရှိ မြို့နယ်ဆယ်ခုတွင် လူဆယ်ဦးမှ နှစ်ဆယ်ဦးအထိ နှစ်စဉ် ဖြစ်ပွားသူအသစ်များရှိနေသည် ဟု အထက်ပါအဖွဲ့မှ လက်ထောက် ကျန်းမာရေးမှူးက ပြောသည်။ ရောဂါတွေ့ရှိရသူအများစုသည် ထိုင်းနိုင်ငံမှ ပြန်လာသူများနှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများမှ […]

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်သင်တန်းကျောင်းတွင် ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း ကျောင်းသားသုံးဆယ်ကျော် ထပ်မံလက်ခံမည်

diz_admin

September 9, 2020

ပဉ္စမတန်း(Grade-6) နှင့် ဆဋ္ဌမ တန်း(Grade-7) ကျောင်းသား သုံးဆယ်ကျော်ကို ကျောင်းဖွင့်ချိန်အထိ ထပ်မံ လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်သင်တန်းကျောင်းထံမှ သိရသည်။ ဆင်းရဲချို့တဲ့၊ မိဘမဲ့ ကလေးငယ်များကို နိုင်ငံတော်စရိတ်ဖြင့် စရိတ်ငြိမ်း ပညာသင်ယူရန် ပဉ္စမတန်း (Grade-6) ကျောင်းသား ၃၀ ဦးနှင့် ဆဋ္ဌမတန်း (Grade-7) ကျောင်းသား ၃၀ ဦးကို သြဂုတ်လ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ လျှောက်လွှာခေါ်ယူခဲ့သော်လည်း ကျောင်း အပ်လက်ခံမှုကို အချိန်ထပ်တိုးပေးခဲ့ခြင်း ဖြစ်သည်။ စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည် လျှောက်ထားသူမှာ နှစ်ဆယ့်လေးဦး သာရှိသဖြင့် သတ်မှတ်ပမာဏပြည့်မီစေရန် သုံးဆယ့်ခြောက်ဦးကို ထပ်မံခေါ် ယူသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ် ဦးပန်းအောင်က […]

ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ

diz_admin

September 8, 2020

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒယ်လ်ကို(Delco) သတ္တုကုမ္ပဏီက အကြီးစားသတ္တုလုပ် ကွက်အသစ် စမ်းသပ်တိုင်းတာရန် လျှောက်ထားချက်ကို ဒေသခံများက သဘောမတူသဖြင့် ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ ယင်းလုပ်ကွက်အပြင် နောက်ထပ် မြေဧက နှစ်ထောင်ကျော်(၂၁၁၀) ပေါ် တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားလာကြောင်းနှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ရေဖြူမြို့နယ် မြေစာရင်းဦးစီးဌာတွင် သြဂုတ်လ ၈ ရက်က စတင်ကြေညာခဲ့သည်။ ယင်းသို့ ကြေညာထားသည်ကို ဒေသခံများက လုံးဝမသိကြောင်း ကံပေါက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။ ယင်းကြေညာချက်သည် ကံပေါက် […]