ရော်ဘာရာသီအစ ကျပ်တစ်ရာခန့် ဈေးကျ
diz_admin
September 22, 2020ထားဝယ်ဈေးကွက်၌ ရော်ဘာရာသီအစတွင် ကျပ်တစ်ရာခန့် ဈေးကျ လျက်ရှိသည်ဟု ရော်ဘာပွဲရုံအချို့နှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ရာသီအစတွင် မှိုင်းခံရော်ဘာ(နံပါတ်-၃) တစ်ပေါင်လျှင် ၈၀ဝ ဝန်းကျင်ခန့်ရှိပြီး ယခုနှစ်တွင် ၇၀ဝ ဝန်းကျင်ခန့် ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ “အသစ်ထွက်လာရင် ထပ်ကျဦးမယ်။ ဒီတိုင်းတော့ ရပ်တည်နေမှာ မဟုတ်ဘူး” ဟု ထားဝယ်မြို့သစ် ၄ လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် ဦးအောင်သန့်က ပြောသည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ် ပြီးခဲ့သည့်နှစ်က ရာသီအစတွင် ၈၀ဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး တဖြည်းဖြည်း ဈေးတက်လာရာမှ ကျပ်၉၀ဝ ကျော်အထိ ဖြစ်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။ ယင်းမှ တစ်ဆင့် ကိုဗစ်စဖြစ်ချိန်တွင် ၄၉၀ ကျပ်ဝန်းကျင်ခန့်အထိ ဈေးပြန်ကျဆင်းခဲ့ရာ ယခု […]


