BREAKING
October 25, 2025

ထားဝယ်

ရေဖြူက မိုင်းထောင်သူကို ဖမ်းမိ

diz_admin

June 30, 2020

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်စု ဒိုက်တကော်ကျေးရွာတွင် ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှ မိုင်းထောင်သူဟု ယူဆရသူကို ဖမ်းမိထားပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းထံမှ သိရသည်။ အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းသည် ဒိုက်တကော် ကျေးရွာသားတစ်ဦး၏ ‌ရော်ဘာခြံထဲ တဲအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းနင်းမိသည့် ‌ရော်ဘာခြံပိုင်ရှင် အမျိုးသားမှာ မျက်စိတစ်စုံနှင့် ညာဘက် ခြေထောက်တစ်ဖက် ဆုံးရှုံးသွား ခဲ့ရသည်။ ဇွန်လ ၂၁ ရက်တွင် မိုင်းထောင်ခဲ့သည်ဟု ယူဆရသော တစ်ရွာတည်းနေသူ အသက် ၆၄ နှစ်အရွယ် အမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် […]

သရက်ချောင်းရေတံခွန်တွင် ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ် သေဆုံး

diz_admin

June 30, 2020

သရက်ချောင်းရေတံခွန်တွင် ယခုနှစ် ရေတံခွန်ရာသီအစပိုင်းကာလ ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ အချို့ထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အသက် ၂၁ ခန့်ရှိ သရက်ချောင်း မြို့မရပ်ကွက်နေ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ “ပေါ်လာမှ သိတယ်၊ ခန့်မှန်းတာ တော့ တစ်နေ့ကျော်သွားပြီဆို ထင်တယ်။ အလောင်းတစ်လောင်းက တစ်ရက်ကျော်မှာ ပေါ်တာကိုး။ သူက စိတ်မမှန် (စိတ်ကျန်းမာရေးမကောင်း)တဲ့ကြား ထဲမှာကို အရက်လည်းသောက်တတ်တယ်” ဟု သရက်ချောင်းမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ပြော သည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေကလည်း အသက် ၃၈ နှစ်ရှိ […]

တနင်္သာရီတိုင်း စည်ပင်သာယာရေး ဥပဒေ ပြန်ပြင်မည်

diz_admin

June 30, 2020

တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေကို ယခုလွှတ်တော် သက်တမ်းအတွင်း ဒုတိယအကြိမ် ပြန်ပြင်ဆင် နိုင်ရန် ပထမအဆင့်ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။ လက်ရှိအသုံးပြုနေသော တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေသည် ၂၀၁၃ ခုနှစ်က ရေးဆွဲထားသည်ကို အခြေခံပြီး ၂၀၁၇ ခုနှစ်တွင် တိုင်းလွှတ်တော်က ပထမအကြိမ်ပြင်ဆင် ထားသည့် ဥပဒေဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအစပိုင်း ဥပဒေပြုရေး တိုင်းလွှတ်တော်အမတ်များ အတွေ့အကြုံနည်းသည့်အချိန်တွင် ပြင်ဆင်ခဲ့သည့် ဥပဒေဖြစ်သောကြောင့် အားနည်းချက်များရှိခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဥပဒေပြုရေး အတွေ့အကြုံရှိလာပြီးနောက် ပြန်လည်သုံးသပ်ရာတွင် အဆိုပါ ဥပဒေတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရသဖြင့် ပြန်ပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။ ပြန်ပြင်မည့် ဥပဒေတွင် အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရေးကိစ္စ၊ မြို့ပြမြေယာဖော်ထုတ်ရေးကိစ္စများပါဝင်ကြောင်း ဦးခင်မောင်အေးက အကြမ်းဖျင်းမျှသာ […]

ကိုဗစ်ကုစားရေးချေးငွေ တနင်္သာရီတိုင်းမှ လုပ်ငန်း ၅၀ ကျော် ငွေချေးခွင့်ရ

diz_admin

June 30, 2020

ကိုဗစ်ကပ်ဘေး ကုစားရေးချေးငွေကို တနင်္သာရီတိုင်းအတွင်းရှိ လုပ်ငန်းငါးဆယ်ကျော် ချေးခွင့်ရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ထံမှ သိရသည်။ ကိုဗစ်ချေးငွေကို တိုင်းကုန်သည်/ စက်မှုအသင်းမှတစ်ဆင့် လျှောက်ထားသူ ၇၄ ဦးရှိသည့်အနက် ၅၄ ဦးချေးခွင့်ရကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ တိုင်းကုန်သည်/စက်မှုအသင်းမှ ချေးငွေလျှောက်သူများရှိသကဲ့သို့ သက်ဆိုင်ရာ အသင်းအဖွဲ့များထံ လျှောက်ထားသူများလည်း ရှိသည်။ ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စိစစ်ထုတ်ပေးခြင်း ဖြစ်သည်။ ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရသူ စာရင်းကို ၆ ကြိမ်မြောက် ထုတ်ပြန်ပြီး ဖြစ်ချိန်တွင် ထားဝယ်ခရိုင်အတွင်း လုပ်ငန်း ၂၉ ခုနှင့် မြိတ်ခရိုင်တွင် ၂၅ ခု ချေးခွင့်ရရှိကြောင်း တိုင်းကုန်သည်/ စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ ကိုဗစ်ကြောင့် […]

တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို

diz_admin

June 30, 2020

ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။ လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်း၊ တနင်္သာရီမြို့နယ်ပါတီဆိုင်းဘုတ်များ တင်ထားပြီးဖြစ်ကာ မကြာမီ ပုလောမြို့နယ်ရုံးဆိုင်းဘုတ်တင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အချိန်အတိုင်းအတာနှင့် ကိုဗစ်ကပ်ဘေးကြောင့် အထက်ပါမြို့နယ်ခြောက်ခုတွင် ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်မောင်ညီက ပြောသည်။ “ဆယ်မြို့နယ်စလုံးကို ကျွန်တော်တို့က ရည်ရွယ်ထားတယ်။ အခုအချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့က လှုပ်ရှားချိန်လည်း မရှိဘူး။ အုပ်စုလိုက်လည်း သွားလာလို့မရသေးတော့လေ” ဟု ဦးတင်မောင်ညီက ဆိုသည်။ သို့သော် ကိုယ်စားလှယ်လောင်းအတွက် ရွေးကော်ပွဲကော်မရှင်မှ လက်ခံသည့် […]

လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး ဟုဆို

diz_admin

June 30, 2020

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် တရားခံဖမ်းမိရေး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ပြောကြားသည်။ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ပြီး အလေးအနက်ထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွား ခြင်းဖြစ်သည်။ အသက် ၅၄ နှစ်အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေပြီး ၈၆ နှစ်အရွယ် အမျိုးသမီးကြီးတွင်မူ မြင်သာသည့် ဒဏ်ရာကြီးကြီးမားမား မတွေ့ရကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က […]

ရင်ခွင်မဲ့ကလေး လျှော့ချရေး အသင်းသို့ အကူအညီတောင်းသည့်အမှု တစ်ဆယ်ကျော်ရှိ

diz_admin

June 30, 2020

တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ အကူအညီတောင်းခံလာသည့်အမှု တစ်ဆယ်ကျော်ရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပြောသည်။ ယင်းအမှုများမှာ အိမ်ထောင်ရေးပြဿနာကြောင့် တစ်ကိုယ်ရည် မိခင် (Singal Mother) အမှုအခင်းကိစ္စ၊ အိမ်တွင်း အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ စွန့်ပစ်ခံကလေးကိစ္စ စသည်ဖြင့် ဖြစ်ရပ် ၁၅ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း ဦးအောင်သူရလင်းက ပြောသည်။ အချို့ကိစ္စရပ်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး အချို့ကို ညှိနှိုင်းဖြေရှင်းနည်းလမ်း၊ ကျန်းမာရေးအရ ကုသရမည့်ကိစ္စ (မုဒိမ်းမှုနောက်ဆက်တွဲ ကိုယ်ဝန်ကိစ္စ) စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။ လူတိုင်းသည် အွန်လိုင်းပေါ်မှ ညစ်ညမ်းဇာတ်ကားများကို အလွယ်တကူ ကြည့်လာနိုင်ခြင်း၊ အသိပညာ အားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ မူးယစ်ဆေးဝါးကိစ္စ စသည်တို့သည် […]

ကမ်းဝေးရေလုပ်သားများကို ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပေးမည်

diz_admin

June 29, 2020

ကမ်းဝေးရေလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တိုင်းအတွင်းရှိ ခရိုင်အလိုက် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ လက်ရှိ ငါးမဖမ်းရရာသီသတ်မှတ်ထားသည့် အချိန်သုံးလတွင် သင်တန်းပေးမည်ဖြစ်ပြီး စုစုပေါင်း ၁၆ ကြိမ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးတင့်အောင်က ဆိုသည်။ ထားဝယ်တွင် နှစ်ကြိမ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ခြောက်ကြိမ်စီ သင်တန်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သင်တန်းတွင် ငါးလုပ်ငန်းဦးစီး ဌာန၊ မီးသတ်တပ်ဖွဲ့၊ အလုပ်သမားဌာန အစရှိသည့် ဌာနများက အသီးသီးပို့ချ မည်ဖြစ်ကြောင်း ဦးတင့်အောင်က ဆိုသည်။ ငါးလုပ်ငန်းဦးစီးဌာနက မျိုးသုဉ်း ရှားပါးနေသည့် ရေသတ္တဝါအကြောင်း၊ ငါးလုပ်ငန်းဥပဒေ၊ ပင်လယ်ပြင်နေထိုင် လုပ်ကိုင်စဉ် အသက်အန္တရာယ် ကင်းဝေးရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက် များ၊ VMS စနစ်အကြောင်း စသည့် အချက်များကို ပို့ချမည်ဖြစ်ကြောင်း […]