လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့
diz_admin
September 28, 2020လူငယ်များအကြား စိတ်ဝင်းစားမှုမြင့်တက်ပြီး သွားရောက်လည်ပတ် လျက်ရှိသည့် လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာတွင်ရှိသည့် လိပ်ကုန်းတောင် နာတာလူးပန်းခင်းသည် လည်ပတ်သူများကြောင့် ပျက်စီးမှုများနှင့် အမှိုက်များ ကျန်ရစ်ခဲ့ကြောင်း တွေ့ရ သည်။ တောင်စောင်းရှိ အဝါရောင်နာတာ လူးပန်းပွင့်များအလှအပနှင့် ထားဝယ်မြစ်အား လှမ်းကြည့်နိုင်သည့် ရှုခင်းတို့ကြောင့် ယင်းနေရာမှာ လူစိတ်ဝင်စား လည်ပတ်သူများ ရုတ်တရက်မြင့်တက် လာခြင်းဖြစ်သည်။ အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့ “ဟိုလူက နင်းချိုးလိုက်၊ ဒီလူက နင်းချိုးလိုက်ဆိုတော့လေ။ အမှိုက်ကိုလည်း ဟိုလူပစ်၊ ဒီလူပစ်နဲ့ အမှိုက် ကောက်အဖွဲ့နဲ့ လာပြီးကောက်ပေး ကြရတယ်။ ကျွန်တော်တို့လည်း ကောက်နေရတယ်” ဟု ဦးစိုးညွန့်က ဆိုသည်။ အသက် ၅၉ နှစ်အရွယ် ဦးစိုးညွန့် မှာ အဆိုပါ ပန်းခင်းကို စတင်စိုက်ပျိုးခဲ့ရာတွင် ပါဝင်သူ ဖြစ်သည်။ […]


