အတိုင်ခံထားရသည့် တီဇစ်အုပ်ချုပ်ရေးမှူးအမှု အဖွဲ့သစ်ဖြင့် ပြန်စစ်
diz_admin
October 1, 2020ကိုဗစ်ထောက်ပံ့ကြေးငွေအပါအဝင် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ အတိုင်ခံထားရသည့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အဖွဲ့အသစ်တစ်ဖွဲ့ဖြင့် ထပ်မံစစ်ဆေးနေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ ၎င်းကို ရွာသား ၃၀ ဦးက လက်မှတ်ထိုးပြီး သြဂုတ်လ ၇ ရက်က တိုင်ကြားထားခြင်းဖြစ်သည်။ ယင်းတိုင်ကြားချက်ကို မြို့နယ် စည်ပင်သာယာရေးကော်မတီက ဦးဆောင်သည့် အဖွဲ့က စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ ရှိချက်များကို ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတစ်ဆင့် တိုင်းအစိုးရထံ အဆင့်ဆင့်တင်ပြပြီး အဆုံးဖြတ်ခံယူခဲ့သည်။ ကိုဗစ်စည်းကမ်းဖောက်သည့် စားသောက်ဆိုင်ခုနစ်ဆိုင်ကို အရေးယူ ပထမအကြိမ် စစ်ဆေးတွေ့ရှိချက်များသည် တိကျခိုင်လုံမှုမရှိသဖြင့် နောက်တစ်ကြိမ် စစ်ဆေးရန် ထပ်မံညွှန်ကြားလာသဖြင့် စစ်ဆေးရေးအဖွဲ့အသစ်တစ်ခု ထပ်ဖွဲ့ကာ ထပ်မံစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ အသစ်ဖွဲ့ထားသည့် စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူး က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူ […]


