ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းပေးမည်
diz_admin
July 7, 2020တိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုသင်တန်းပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာလတွင် ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အနည်းနှင့်အများ ထိခိုက်မှုများရှိခဲ့သဖြင့် ယင်းကို ပြန်လည်ကုစားနိုင်ရန်အတွက် သင်တန်းများ ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကိုကိုသက်က ပြောသည်။ “အဓိကတော့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင်ပေါ့” ဟု ဦးကိုကိုသက်က ဆို သည်။ စားသောက်ကုန်သင်တန်းတွင် သစ်သီးယိုထိုးနည်းများ၊ သစ်သီး ဖျော်ရည်လုပ်နည်း၊ ကိတ်လုပ်နည်း အမျိုးမျိုး၊ ဂျယ်လီလုပ်နည်း၊ တာရှည်ခံဆေး အသုံးပြုနည်း၊ အလှကုန်သင်တန်းတွင် ဆပ်ပြာလုပ်နည်း၊ ခေါင်းလျှော် ရည်လုပ်နည်း၊ အသားလှဆီလုပ်နည်း စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုသက်က ပြောသည်။ သင်တန်းကို ဇူလိုင် ၁၅ […]


