အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ
diz_admin
October 14, 2020တနင်္သာရီတိုင်းအတွင်းတွင် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပရန်ရှိနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ကိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်းငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့် ဘယ်၊ ညာ အချက် ၂၀၊ ခြေခွင်ဖြင့် အချက် ၂၀၊ ဒူးဖြင့် အချက် ၂၀ စသည့်ဖြင့် ခတ်ပြခြင်း စသည့်စွမ်းရည်တို့ကို ပြသရမည်ဖြစ်သည်။ ယင်းသို့ ခတ်ပြ ပြိုင်ပွဲဝင်နေသည်ကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်ပြီး အကဲဖြတ်အမှတ်ပေးမည်ဖြစ်သည်။ မြန့်မာ့လက်ရွေးစင်ကစားသမားနှင့် မြန်မာနေရှင်လိဂ်ပြိုင်ပွဲများတွင် ပါဝင်ဖူးသူများမှလွဲပြီး မည်သူမဆို အသက်အရွယ်မရွေး ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ အဆိုပါပြိုင်ပွဲကို တိုင်းအတွင်း မြို့နယ်အားလုံးတွင် တစ်မြို့နယ်ချင်း စီအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါဝင်လိုသူ များအနေဖြင့် သက်ဆိုင်ရာမြို့နယ် […]


