မြန်မြန် လာခေါ်ကြပါ
diz_admin
September 15, 2020ဦးမောင်ဖြူတစ်ယောက် မနက် စောစောကတည်းက သူ့ကိုလာခေါ် မည့်သူများကို မျှော်နေရသည်က မောနေပြီ။ မနက်ကတည်းက မျှော်နေသော်လည်း ညနေစောင်းသည်အထိ သူ့ကို ခေါ်မည့်သူတစ်ဦးတစ်ယောက်မှ ပေါ် မလာခဲ့ပေ။ သူ့နေအိမ်တွင် ထိုင်စောင့် နေရသည်ဆိုသော်လည်း စိတ်အေး လက်အေးနေရသည်တော့ မဟုတ်။ စက်တင်ဘာလ ၁၁ ရက်ညက ထားဝယ်မြို့နေ အမျိုးသားတစ်ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိသည်ဆိုသည့် သတင်းကြောင့် ထိတ်ထိတ်ပြာပြာဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်။ ဦးမောင်ဖြူဆိုသည်မှာ အမည်လွှဲ ရေးသားထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအပေါ် လက်ရှိ လူထု၏ တုံ့ပြန်မှု အခြေအနေများအရ ယင်းသို့ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ် ဦးမောင်ဖြူ ထိတ်လန့်ရသည့် အကြောင်းကလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည်။ သူ သုံးရက်ကြာ ထမင်းချိုင့်သွားပို့နေခဲ့သည့် သူမှာ ယမန်နေ့က ကူးစက်ခံရပြီဖြစ်ကြောင်း […]


