ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ
diz_admin
September 17, 2020ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စက်တင်ဘာလ ၁၀ ရက်က စိုက်ထူထားသောဆိုင်းဘုတ်မှာ နောက်တစ်နေ့ညပိုင်းတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ “လူဖျက်ဆီထားတာလို့ ပြောလို့ ရတယ်။ လေကြောင့် လဲကျသွားတာမျိုး မဟုတ်ဘူး” ဟု ပုဂေါဇွန်းအုပ်ချုပ်ရေးမှူး ဦးယူစွမ်က ဆိုသည်။ သစ်သားတိုင်နှစ်တိုင်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်၏ တိုင်တစ်ဘက်ကို ဆွဲနုတ်ထားပြီး ကျိူးနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ယင်းဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စကို ရေဖြူမြို့မရဲစခန်းထံတိုင်ကြားထားကြောင်း ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။ “ကျွန်တော်ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက်အရေးယူခိုင်းမယ့် အစီအစဉ်ရှိတယ်” ဟု ၎င်းက […]


