အိမ်ရှေ့ ပြင် လော့ဒေါင်းဧရိယာအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၄၀ နီးပါး ရှိလာ
diz_admin
November 2, 2020ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် လော့ဒေါင်းချထားသည့် ဧရိယာအတွင်းမှ လူ ၃၇ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါရပ်ကွက်ရှိ အဝေးပြေး ကားဝင်းတစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များနှင့် နှင်းဆီလမ်းကို အောက်တိုဘာလ ၁၄ ရက် နေ့ ညနေပိုင်းက လော့ဒေါင်းချထားခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် နေ့အထိစာရင်းဖြစ်သည်။ လော့ဒေါင်းချထားသည့် ဧရိယာများအနက် နှင်းဆီလမ်းတွင် ပိုးတွေ့လူနာအသစ် မထွက်တော့သည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လော့ဒေါင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ဆိုသည်။ ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး ထိုကြောင့် အဝေးပြေးကားဝင်း တစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များကိုသာ လော့ဒေါင်းအဖြစ်ဆက်လက်သတ်မှတ်ထားကြောင်း […]


