ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စက်ဆီချောဆီတင်သွင်းက လုပ်ငန်းလိုင်စင် လုပ်ရမည်

diz_admin

November 5, 2020

ပြည်ပမှ စက်ဆီ ချောဆီ တင်သွင်းပါက လုပ်ငန်းလိုင်စင်လုပ်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနထံမှ သိရသည်။ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီစသည့် စက်ဆီချောဆီတင်သွင်းခွင့် လုပ်ငန်းလိုင်စင်ကို ယခုလမှစတင်ကာ လျှောက်ထားရမည်ဖြစ်သည်။ လိုင်စင်လျှောက်ထားချိန်တွင် တင်သွင်းမှုအဆင်ပြေစေရန် တင်သွင်းသည့်အကြိမ်တိုင်းကို နမူနာယူကာ ဓာတ်ခွဲစစ်ဆေးပြီး တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန် ထားသည်။ ယင်းသို့ ဖြေလျော့ပေးခြင်းကို နိုဝင်ဘာလကုန်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းတွင် စက်ဆီချောဆီထည့်သည့် ဘူးပေါ်တွင် ဌာန၏ ကုတ်အမှတ်အသားရိုက်နှိပ် ဖော်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လုပ်ငန်းလိုင်စင်ကို နေပြည်တော်ရှိ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးချုပ်ထံ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းကို တစ်နှစ် သတ်မှတ်ထားသည်။ လိုင်စင်လျှောက်လွှာအတွက် တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါဌာနမှ ကြီးကြပ်စစ် ဆေးရေးအရာရှိ […]

ဂျင်းပဋိပက္ခ

diz_admin

November 5, 2020

ပုလောမြို့နယ်အတွင်း ဂျင်းမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များအကြား ပဋိပက္ခအသွင်ဆောင်နေသည်။ တိုရွာနှင့် ပိတက်ကျေးရွာအပိုင်နေရာတွင် ဒေသခံလုပ်ငန်းရှင် ၁၅ ဦးက တစ်ဦးလျှင် ဧက ၃၀ စီဖြင့် စုစုပေါင်း ဧက ၄၅၀ တွင် လုပ်ကိုင်ခွင့်ရထားသည်။ ယင်းနေရာတို့တွင် ဒေသခံများနှင့် အငြင်းပွားမှုများရှိနေခြင်းဖြစ်သည်။လက်ရှိအနေအထားတွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်အထိ မကျေလည်မှုများရှိလာခဲ့သည်။ လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရထားသည့် ဂျင်းမွေးမြူရေးဧရိယာအတွင်း ဒေသခံများက ဂျင်းအတင်းဝင်ကောက်သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။ ဒေသခံများကမူ ယင်းလုပ်ခွင့်ရ ဧရိယာမှာ သဘာဝအတိုင်းပင် ဂျင်းပေါများစွာထွက်ရှိသည့်နေရာဖြစ်ပြီး လုပ်ငန်းရှင်က လက်ဝါးကြီးအုပ်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်ခြင်းကို တားဆီးလုပ်ကိုင်လာခြင်းသာဖြစ်ကြောင်း လက္ကူးကျေးရွာနေ ဦးစန်းဦးက ဆိုသည်။ “လိုင်စင်အပြတ်ဆွဲပြီးတော့ ရွာသားတွေကို နှင်ထုတ်ပစ်တယ်ခင်ဗျား။ ရွာသား တွေမှာအခုတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်သွားတယ်” ဟု […]

ပွဲတော်ပျောက် ကောက်ညှင်းကျည်တောက်

diz_admin

November 5, 2020

၁၉၉၆ ခုနှစ်က ထားဝယ်မှာကျင်းပခဲ့တဲ့ ကျောင်းသားအားကစားပွဲတော်က သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ရဟှယ်ရှင်” သီချင်းကို မှတ်မိကြမယ်ထင် ပါတယ်။ “တောန်မန်းဗြောန်မာ ကောန့်ညှင်းက္လယ်တောန့် လိုက်စားဘာလော်မယ် စားနိုဟှရှင်… ရဟှယ်ရှင် ရဟှယ်ရှင်၊ ရှမ္မလယ်ဆွဲ လားဖြားလှဲ့ပွဲ လိုက်ကေ့ကေ့ဇို့မီး …” ဒါပေမဲ့ အဲဒီသီချင်းထဲကလို တောင်မင်းပြောင်ရွာမှာ ကောက်ညှင်းကျည်တောက်လိုက်စားဖို့ သွားမခေါ်လေနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ရဲ့မှာတော့ ကောက်ညှင်းကျည်တောက်လုပ်သူတွေ မရှိကြတော့လို့ပါပဲ။ ကောက်ညှင်းကျည်တောက်ရောင်းသမား ဒေါ်ချိုဝင်းတစ်ယောက် မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်လွဲခဲ့ရပါတယ်။ သူက ထားဝယ်မှာ နှစ်တိုင်းကျင်းပနေတဲ့ ဟိန္ဒူမမဘုရားပွဲမှာ ကောက်ညှင်းကျည်တောက် ရောင်းမယ်လို့ အားခဲပြီးတော့ ကောက်ညှင်းကျည် တောက်လုပ်တဲ့ ဝါးတွေကို ကြိုမှာထားလိုက်တာပါ။ ဟိန္ဒူမမဘုရားပွဲဆိုတာ ပွင့်လင်းရာသီအစ ထားဝယ်မှာ ပထမဆုံးကျင်းပတဲ့ပွဲတော်တစ်ခုဖြစ် ပါတယ်။ ရှမ္မလည်ဆွဲရပ်မှာကျင်းပတာဖြစ်ပြီး ဒီလို အချိန် မိုးအကုန် ဆောင်းအကူးဆို […]

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

diz_admin

November 5, 2020

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။ အဆိုပါ လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစင်တာများတွင် ရှိနေသူများ ကြိုတင်မဲပေးနိုင်ရန် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားကောက်ခံသွားမည်ဟု မြို့နယ်ရွေးကော် ဥက္က္ကဌ ဦးစိုးလွင်က ဆိုသည်။ “PPE အင်္ကျီတွေ၊ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေပေါ့နော်၊ အားလုံးဝတ်ဆင်ပြီး လော့ဒေါင်းထဲဝင်ပြီး ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ဆိုသည်။ ကွာရန်တင်းစခန်းများတွင် ကွာရန်တင်းဝင်မည့် လူဦးရေအပေါ်မူတည်ကာ ကြိုတင်မဲပေးသူ တိုးလာနိုင်သေးကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲထံမှ သိရသည်။

တနင်္သာရီတိုင်းရွေးကောက်ပွဲ သောင်းပြောင်းထွေလာ

diz_admin

November 4, 2020

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းမှ ကိုယ်စားလှယ်လောင်း ၂၂၆ ဦး ဝင်ပြိုင်ကြမည်။ ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ငါးဦးတို့က တနင်္သာရီတိုင်းအတွင်းရှိ ကိုယ်စား လှယ်နေရာ ၄၃ ခုအတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့်ကို နှစ်လကြိုတင်၍ ခွင့်ပြုထားခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အဆီအငေါ်မတည့်မှုများကို ဖော်ပြပါမည်။ ကိုဗစ်အန်တု အင်အားပြမှုလက်ရှိတွင် အာဏာရ NLDပါတီ အပါအဝင် ပါတီအများစုက အင်အားပြ မဲဆွယ်ပွဲများကို ကိုဗစ်ကပ်ဘေးကြားမှ အဆက်မပြတ် ပြုလုပ်နေကြသည်။ ကိုဗစ်ကပ်ဘေးကြောင့် လူအစု အဝေးဖြစ်စေမည့် ပွဲလမ်းသဘင်၊ ရိုးရာပွဲ၊ အခမ်းအနားများ ကျင်းပခြင်းကို တားမြစ်ထားသော်လည်း […]

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

diz_admin

November 3, 2020

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလားတူပင် စာအိတ်များကို တာဝန်ရှိသူများက ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်သည် စုတ်ပြဲနိုင် ခြင်းတို့ကြောင့်လည်း ယင်းမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ် ဆိုသည်။ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ရာတွင် စာအိတ်များ ပွင့်ဟနေသည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် တံဆိပ်တုံးထု၍ မဲပေးစေခြင်းနှင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေခြင်းဟူ၍ နှစ်မျိုးနှစ်စား ကွဲလွဲနေမှုများလည်း ရှိခဲ့သည်။ တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည် […]

ထားဝယ်လျှပ်စစ်ဈေး ပြင်ဆင်ရန်ရှိ

diz_admin

November 3, 2020

ယခုလမှစကာ ထားဝယ်လျှပ်စစ် ယူနစ်ဈေးနှုန်းကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီထံမှ သိရသည်။ ယခုဘဏ္ဍာနှစ် ပထမခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။ ထိုကြောင့် ယခင်ဘဏ္ဍာနှစ် ငွေလဲ လှယ်နှုန်းထားထက် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိသတ်မှတ်ထားသည့် ဒေါ်လာ ငွေလဲလှယ်နှုန်းထားနှင့် တွက်ချက်ကာ တစ်ယူနစ်ကေက်ခံမည့်နှုန်းထားကို တိုင်းအစိုးရထံ အောက်တိုဘာလ ၂၆ ရက်နေ့က တင်ပြထားကြောင်း Petro & […]

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

diz_admin

November 2, 2020

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ “ကိုဗစ်ဆိုတော့ Social Distancing (လူချင်းခပ်ခွာခွာနေခြင်း) နဲ့ ခုနပြောတဲ့ ခြောက်ပေလည်းခြားအောင်၊ လေဝင်လေ ထွက်လည်းကောင်းအောင် လျှို့ဝှက်စွာနဲ့ လွယ်ကူစွာ မဲပေးလို့ရအောင် အဲလိုလုပ် ပေးတာ” ဟု တာဝန်ရှိသူက ဆိုသည်။ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀ဝ မှ ၃၀ဝ၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ သတ်မှတ်သည်ဟု တာဝန်ရှိသူက ပြောသည်။ မဲစာရင်းပြုစုစဉ်က မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းကို လျာထားသည့်အတိုင်းသာ ဆောက်လုပ်ခြင်းဖြစ်ပြီး ထပ်တိုး ဆောက်လုပ်ခြင်းမဟုတ်ဟု ၎င်းက […]