ကွာရန်တင်းဝင်နေသူများ ကြိုတင်မဲပေးရမည်
diz_admin
September 25, 2020လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ခုနစ်မျိုးစာရင်းတွင် ကွာရန်တင်းဝင်နေ ရသူများမပါဝင်ပေ။ သို့သော် ရွေးကောက်ပွဲကျင်းပတော့မည့်အချိန်တွင် ကွာရန်တင်းဝင်နေ ရသူများအနေဖြင့် နည်းလမ်းနှစ်မျိုး ဖြင့် ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။ ပထမဆုံးအနေဖြင့် မိမိမဲဆန္ဒနယ် မြေအတွင်းပင် ကွာရန်တင်းဝင်နေသူများ (ဥပမာ- ထားဝယ်မြို့နယ်တွင်နေထိုင် သူများသည် ထားဝယ်မြို့နယ်အတွင်းပင် ကွာရန်တင်းဝင်နေရသူ) ဖြစ်ပါက ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ကြိုတင်မဲထည့်ရမည် ဖြစ်သည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်တိုင် လုပ်ငန်းမလုပ်တော့ဟုဆို သက်ဆိုင်ရာ ရပ်/ကျေးမဲရုံမှ တာဝန်ရှိသူနှစ်ဦးက ကွာရန်တင်းစင်တာအတွင်း လာရောက်ပြီး မဲထည့်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းညွန့် က ပြောသည်။ ဒုတိယအနေဖြင့် မဲဆန္ဒနယ်ပြင်ပတွင်(ဥပမာ- မြိတ်မြို့နယ်တွင် နေထိုင်သူများ ထားဝယ်တွင်ကွာရန်တင်းဝင်နေ ရသူ) ဖြစ်ပါက ကြိုတင်မဲပေးခွင့်ရရေးအတွက် သက်ဆိုင်ရာကွာရန်တင်းတာဝန်ခံများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကွာရန်တင်းစခန်းတာဝန်ခံများသည် […]


