ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကြိုတင်မဲပေးချိန် မလျော်သြဇာ သုံးခဲ့သည်ဆိုသည့်ကိစ္စ NLDကိုယ်စားလှယ်လောင်း တောင်းပန်

diz_admin

November 10, 2020

ကြိုတင်မဲပေးရာတွင် မလျော်သြဇာသုံးပြီး အမိန့်အာဏာဆန်ဆန် ပြောဆိုခဲ့သည်ဆိုသည့် ကိစ္စအပေါ် ကာယကံရှင်ဖြစ်သည့် NLD ပါတီကိုယ်စားလှယ် လောင်းက တောင်းပန်ခဲ့ကြောင်း ထားဝယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မှ သိရသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကျေးရွာတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးသည့်နေရာတွင် ကိုယ်စားလှယ်လောင်း ဖြစ်သူ (လက်ရှိတိုင်းဒေသကြီးကိုယ်စားလှယ်) ဦးဗိုလ်ထွေးက ကော်မရှင်၏ လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်ခဲ့သည်ဟုဆိုကာ ကျေးရွာကော်မရှင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင် ကြားခဲ့ခြင်းဖြစ်သည်။ ကြိုတင်မဲပေးရာတွင် မဲဆန္ဒရှင်အနေဖြင့် အကူခေါ်ခွင့်ပြုခြင်း/မပြုခြင်း အပေါ်တွင် ကိုယ်စားလှယ်လောင်း ဦးဗိုလ်ထွေးနှင့် ရပ်ကျေးကော်မရှင်တို့ အကြား အငြင်းပွားခဲ့ခြင်းဖြစ်သည်။ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ၏ တိုင်ကြားမှုအပေါ် နိုဝင်ဘာလ ၄ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နှစ်ဖက်တွေ့ဆုံညှိနှိုင်းရာ ပြေလည်မှု မရခဲ့ပေ။ထိုကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် […]

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့

diz_admin

November 10, 2020

ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည်ခိုးတင်လာသည့် ကုန်တင်ကား စပယ်ယာတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ခိုးလိုက် လာသူသုံးဦးတွင် ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အဆိုပါကားဖြင့် ဖောင်းတော ကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်း ခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ်တစ် သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့ ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကုန်တင်လာသည့်မှန်လုံကားမောင်းသူနှင့် ယာဉ်နောက်လိုက်အား နမူနာစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ကိုဗစ်ပိုးတွေ့ ခဲ့သည်။ ထို့နောက် အဆိုပါ ခိုးလိုက်လာသူ သုံးဦးကို စစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး မည်ကဲ့သို့ ဆက်လက်အရေးယူမည်ကို မသိရသေး ကြောင်း၎င်းက […]

အဖြေထွက်ပြီးသားဖြစ်သည့် ပုစ္ဆာ- ဆက်နီမည့် တနင်္သာရီ

diz_admin

November 10, 2020

ပါတီအရေအတွက်နှင့် ကိုယ်စား လှယ်လောင်းအရေအတွက်တို့များ လာသော်လည်း တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ရွေးကောက်ပွဲအခင်း အကျင်းမှာ လက်ရှိ အာဏာရပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကသာ အသာစီးရယူထားပြီး ပြီးခဲ့သည့် ငါးနှစ်ကလိုပင် ဆက်လက် အောင်ပွဲပန်ဆင်မည့်အနေအထားတွင် ရှိနေသည်။ ယင်းကား နိုင်ငံရေးရလဒ်အားဖြင့် အပြောင်းအလဲမရှိ ဆက်သွားမည့်အသွင်ကို ဆောင်နေသည်။ “မျှော်လင့်ချက်ကတော့ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ညီညွတ်စွာ ပါတီအစုံက လွှတ်တော်ကိုယ်စားလှယ် အစုံဖြစ်စေချင်တယ်။ အခုက တစ်ပါတီတည်းဖြစ်နေတယ်”တနင်္သာရီတိုင်းဒေသကြီး၏ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း လည်းဖြစ်၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ယင်းဝန်ကြီးနေရာအတွက် ပါဝင် ယှဉ်ပြိုင်မည့်သူလည်းဖြစ်သည့် ဦးစောဟာဗီ၏ ပြောစကား ဖြစ်သည်။ NLD ပါတီသည် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူပင် တနင်္သာရီတိုင်းဒေသ ကြီးတွင်လည်း ကြီးမားသည့် လွှမ်းမိုးမှု ရှိနေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် […]

UEC စာတန်းမပါသည့် တံဆိပ်တုံးဖြင့် မဲပေးခဲ့ရဟုဆို

diz_admin

November 10, 2020

မြိတ်ခရိုင်အတွင်းရှိ မဲရုံများတွင် နိုဝင်ဘာလ ၂၉ ရက်ကစပြီး အသက် ၆၀ ကျော်သူများ ကြိုတင်မဲ ထည့်နေကြရပြီး မဲထည့်ကြသူအချို့၏ ပြောဆိုမှုအရ မဲပေးတံဆိပ်တုံးတွင် ရွေးကောက်ပွဲကော်မရှင်၏ အတိုကောက်စာလုံးဖြစ်သည့် UEC စာတန်း မပါရှိကြောင်း သိရသည်။ မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မဲရုံ အမှတ် ၂၂ တွင် ကြိုတင်မဲသွားရောက် ပေးသူအချို့က ယင်းအချက်ကို သတိပြုမိခဲ့ကြခြင်း ဖြစ်သည်။ “ကျွန်တော် ထည့်လာတဲ့ မဲမှာ ယူအီးစီ တံဆိပ်မပါဘူး။ အဲဒါ ပယ်မဲ ဖြစ်သွားမလား တော်တော်လေး စိုးရိမ်နေတယ်” ဟု နိုဝင်ဘာ ၂ ရက်နေ့က မဲသွားပေးခဲ့သူ ဦးလှိုင်တင်က ပြောသည်။ အလားတူ နိုဝင်ဘာ ၂ ရက်နေ့က အထက်ပါ မဲရုံတွင် ကြိုတင်မဲ ပေးခဲ့ရသည့် […]

သရက်‌ချောင်းမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် တပ်မဲရုံ အမှတ်(၄)

diz_admin

November 9, 2020

ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ဦးကင်းစိန်USDP 384(ကြိုတင်မဲ နှင့် ယနေ့ ရလဒ်) ဦးစိုးထွေး USDP 381 ဦးဇော်ညွှန့် USDP 373 ဦးစောမာတင်လူသာ USDP 11 ဦးချစ်ညို UBP 1 – ဦးညိုသိမ်း တစည 1 – ကရင်ပြည့်သူ့ပါတီ စောအိမ်ဂျယ်ဂျူး 0 ဦးဌေးလွင် NLD 3 ဒေါ်ယုယုဝါ NLD 4 ဦးစောလုကာ NLD 1 ဒေါ်တင်ဌေး NLD 3 ဦးဝင်းရှိန် တစ်သီး 1 ဦးသန်းမြင့် UBP 4 – ဦးတင်ထူးအောင် PPP 2 ဦးထင်ကျော် UBP 3 ဦးအောင်ဝင်း […]

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့

diz_admin

November 9, 2020

ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည်ခိုးတင်လာသည့် ကုန်တင်ကား စပယ်ယာတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ခိုးလိုက် လာသူသုံးဦးတွင် ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြော သည်။ အဆိုပါကားဖြင့် ဖောင်းတော ကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်း ခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့ ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကုန်တင်လာသည့် မှန်လုံကားမောင်းသူနှင့် ယာဉ်နောက်လိုက်အား နမူနာစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ကိုဗစ်ပိုးတွေ့ ခဲ့သည်။ ထို့နောက် အဆိုပါ ခိုးလိုက်လာသူ သုံးဦးကို စစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး မည်ကဲ့သို့ ဆက်လက်အရေးယူမည်ကို […]

မဲဆန္ဒရှင်များအား မဲပြား ခေါက်ချိုးပြီး ထုတ်ပေးသည်ဟုဆို

diz_admin

November 9, 2020

ထားဝယ်မြို့နယ်၊ ကနိုင်းဒါ ကျေးရွာတွင်ကြိုတင်မဲ ကောက်ယူရာတွင် မဲဆန္ဒရှင်များသို့ မဲလက်မှတ်ထုတ် ပေးရာတွင် မဲပြားအား ခေါက်၍ပေးခြင်း ကြောင့် မဲပေးသည့်သူများအနေနှင့် မိမိမဲပေးလိုသည့် ပါတီအမှတ်တံဆိပ်ရှာရန် အခက်အခဲများ ကြုံရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း ဦးမောင်သိန်း (ခ) ဦးလှသိန်းမှ ပြောသည်။ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျေးရွာအတွင်း မသန်စွမ်းမဲဆန္ဒရှင်များအား အိမ်တိုင်ရာ ရောက် ဆန္ဒမဲကောက်ယူရာတွင် မဲလက်မှတ်အအား ခေါက်ချိုးပြီး ကြိုက်တဲ့ ပါတီ မဲပေးနိုင်ကြောင်းပြော၍ ဆန္ဒမဲပေးခိုင်းသည်ဟု မဲရုံကိုယ်စားလှယ် ဦးညွန့်တင် က ဆိုသည်။ ထို့အတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ထိုကဲ့သို့ ထုတ်ပေးသည်ကို သတိပြုမိခဲ့သည်ဟု ၎င်းက ဆိုသည်။ […]

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မဲရုံတွင် မဲပေးရန်စောင့်ဆိုင်းနေသူများ

diz_admin

November 8, 2020

ရှေ့ပိုင်းမှ လူများသည် တစ်ဦးနှင့် တစ်ဦး သုံးပေခန့်ကွာသော်လည်း နောက်ဘက်ပိုင်းမှ စောင့်ဆိုင်းသူများမှမူ တကျပ်သိပ်ပြီးစောင့်ဆိုင်းနေရသည်။ ဓါတ်ပုံ- တင်ဌေး