ပိုး မတွေ့ကြောင်း အဖြေထွက်ပြီးမှ ကိုဗစ်လူနာဖြစ်ရသည့် မိသားစု
diz_admin
October 7, 2020ကိုဖိုးဝတစ်ယောက် အိမ်မွေးခွေး တစ်ကောင်နှင့် ထားဝယ်မြို့လယ်ရှိ ကွာရန်တင်းစခန်းတွင် အတူနေထိုင် လာသည်မှာ ခြောက်ရက်ခန့် ရှိပြီဖြစ်သည်။ သားဖြစ်သူတွင် ကိုဗစ်ရောဂါပိုး တွေ့သည့်အတွက် ကျန်သည့်မိသားစုဝင် ငါးဦးက ဟိုတယ်ကွာရန်တင်း ဝင်နေကြပြီး သူကတော့ ခွေးလေးနှင့်အတူ ထားဝယ် မြို့ရှိ အထက ၃ ကျောင်းတွင် ကွာရန် တင်းဝင်နေခြင်းဖြစ်သည်။ အိမ်တွင်မွေးထားသည့် ခွေးကိုလည်း တစ်ပါတည်းခေါ်ကာ ကျူ (Q) ဝင်နေခြင်းဖြစ်သည်။ မူးယစ်ဆေးအမှုဖြင့် ရန်ကုန်တွင် ထောင်ဒဏ် ၁၀ နှစ်ကျနေသည့် သားဖြစ်သူသည် အကျဉ်းထောင်အတွင်းတွင် လေးနှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ထောင်မှ လွတ်လာပြီး မိဘအိမ်ရှိရာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်သို့ ယခုလ အစောပိုင်းက ပြန်လာခဲ့သည်။ ၎င်းမှာ ယခုနှစ် တက္ကသိုလ်ဝင် အောင်စာရင်းတွင် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်အတွက် လွတ်ငြိမ်း […]


