ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အာဏာဖီဆန်ရေးလုပ်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စာပို့

diz_admin

February 25, 2021

တပ်အာဏာသိမ်းသည့်အပေါ် အာဏာဖီဆန်ရေးလုပ်ပြီး ဆန့်ကျင်သည့် ထွေအုပ်ဝန်ထမ်းများ ထုချေဖြေရှင်းရန် စွဲချက်စာပို့ခံရကြောင်း ကာယကံရှင် ဝန်ထမ်းအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်အထိ စာရင်းအရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် တိုင်းအတွင်းမှ ထွေအုပ် ဝန်ထမ်း ၃၇ ဦးရှိပြီး ဝန်ထမ်း အချို့ထံ ထုချေဖြေရှင်းရန် စာပို့ခံထားရကြောင်း တိုင်းထွေအုပ်မှ ယာဉ်မောင်း-၅ ဖြစ်သူ ဦးမြတ်မင်းထွေးက ဆိုသည်။ ၎င်းထံသို့လည်း စွပ်စွဲချက်စာလာပို့ သော်လည်း စာကိုလက်မခံခဲ့ကြောင်း ၎င်းက ပြောသည်။ စစ်အစိုးရလက်အောက်တွင် အလုပ်ဆက်မလုပ်လိုတော့သဖြင့် CDM လုပ်ခြင်းဖြစ်ပြီး ပြည်သူရွေးချယ်သည့် အစိုးရ အုပ်ချုပ်ချိန်မှသာ အစစ်ဆေးခံ နိုင်မည်ဖြစ်ကြောင်း ဦးမြတ်မင်းထွေးက ဆိုသည်။ “အခုစစ်အာဏာရှင်ရဲ့ အောက်မှာတော့ ကျွန်တော်တို့ အစစ်ဆေးမခံနိုင်ဘူး ခင်ဗျား” ဟု ၎င်းက ပြောသည်။ […]

ရေထွက်ကုန်ဈေးကျသဖြင့် ငါးဖမ်းလှေအချို့ရပ်နား

diz_admin

February 25, 2021

၀ယ်လိုအားကျဆင်းခြင်း၊ ကုမ္ပဏီ များက အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းတို့ကြောင့် ရေထွက်ကုန် ဈေးနှုန်းကျဆင်းနေပြီး ငါးဖမ်းလှေအချို့ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ကုန်တင်ပို့ ရောင်းချနေသူ အချို့က‌ ပြောသည်။ ရေထွက်ကုန်ဈေးနှုန်းများထက် ဝက်ခန့်ကျဆင်းနေသည့်အပြင် ပုဂ္ဂလိက ဘဏ်များပိတ်ထားသဖြင့် ရေထွက်ကုန် ရောင်းချမှုတွင် ငွေပေးချေရန်(ငွေလွှဲ ငွေထုတ်ရန်) အခက်အခဲများရှိနေသဖြင့် ငါးဖမ်းလှေ ၃၀ ရာခိုင်နှုန်းခန့်မှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။ “ငွေစီးဆင်းမှု ရပ်ထားတဲ့ သဘောဖြစ်နေတော့ ငါးက ဝယ်တော့ ဝယ်တယ် ငွေမချေနိုင်ဘူးဆိုတော့ လှေပြန်ထွက် ဖို့စရိတ်တင်ဖို့ ပိုက်ဆံလိုတယ်လေ။ အဲဒီတော့ နားတဲ့လှေတွေ နားကုန်တာပေါ့” ဦးကျော်ကျော်သက်က ပြောသည်။ ယင်းသို့ အခက်အခဲဖြစ်နေသည်မှာ တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး ဘဏ်များပိတ်ထား ကတည်း ကဖြစ်သည်ဟု […]

နယ်စပ်ကုန်သွယ်ရေး အာဏာသိမ်းဂယက် မထိ

diz_admin

February 24, 2021

တပ်အာဏာသိမ်းမှုကြောင့် နယ်စပ် ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းပင် လည်ပတ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေး အဓိကလုပ်ဆောင်နေသည့် အဓိက ဝင်ပေါက်သုံးခုရှိသည်။ ထားဝယ်ဒေသရှိ ထီးခီးနယ်စပ် ဂိတ်မှာ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်သွယ်ခွင့်ပြန်ပေးခဲ့ကြောင်း တိုင်းကုန်သည် စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ မောတောင်နယ်စပ်ဂိတ်မှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်ပြီး ကော့သောင်းဝင်ပေါက် မှာမူ ယခင်ကတည်းက ပိတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့နေဆဲဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ “အခုဆိုရင် ပုံစံကြည့်ရတာ ပုံမှန် အတိုင်းသွားနေတဲ့ သဘောရှိတာပေါ့နော်” […]

အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီအရောင်းသွက်

diz_admin

February 24, 2021

တပ်မတော်မှအာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဖြစ်ပွားနေရာ အာဏာရှင်ဆန့်ကျင်ရေး စတေကာပါ အင်္ကျီများ အရောင်းသွက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တစ်ရက်လျှင် အဆိုပါစတောကာများ ကပ်နှိပ်ထားသည့် အင်္ကျီအထည် နှစ်ရာခန့်အထိ ရောင်းချရကြောင်း ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ စတိုးဆိုင် ပိုင်ရှင်ဖြစ်သည့် အသက်၂၅ နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရောင်းလို့တောင် မလောက်ဘူး။ တချို့ဆို နာမည်စာရင်းပေးပြီး မှာထားခဲ့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ညမထွက်ရအမိန့်ကြောင့် ထားဝယ်တွင် လူ ၂၀ ကျော် ထောင်ဒဏ်တစ်လကျ ထားဝယ်မြို့ရှိ အခြားစတိုးဆိုင် များတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမှတ်အသားပါ အင်္ကျီများရောင်း ချနေကြပြီး ဝယ်ယူသူ များပြားခဲ့သည်။ အဆိုပါ အင်္ကျီတစ်ထည်လျှင် နှစ်ထောင်ကျပ်မှ တစ်သောင်းကျပ်ဝန်းကျင်အထိ အင်္ကျီအသားအပေါ်မူတည်ကာ ဈေးအမျိုးမျိုးရှိသည်။

ညမထွက်ရအမိန့်ကြောင့် ထားဝယ်တွင် လူ ၂၀ ကျော် ထောင်ဒဏ်တစ်လကျ

diz_admin

February 24, 2021

တပ်အာဏာသိမ်းပြီး ညမထွက်ရအမိန့် အပါအဝင် ပုဒ်မ-၁၄၄ ထုတ်ပြန် ပြီးနောက် ထားဝယ်မြို့နယ်အတွင်း ထောင်တစ်လကျခံရသူ နှစ်ဆယ်ကျော် ရှိကြောင်း မြို့နယ်တရားရုံးထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်မှစတင်ကာ ည ၈ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ အမိန့်ထုတ်ပြန်သည့်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ဦးကို ဖမ်းဆီးပြီး ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း မြို့နယ်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိက ဆိုသည်။ ညအချိန်မတော်လူစိမ်းဝင်သည့်အတွက် ရပ်ရွာလူထုကင်းစောင့် ထိုသို့ ဦးတိုက်လျှောက်ထားလာသည့်အတွက် တရားရုံးမှ အထက်ပါ ၂၃ ဦးကို အမှု ၁၅ မှုဖွင့်ကာ လက်ခံ စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်လစီ […]

ညအချိန်မတော်လူစိမ်းဝင်သည့်အတွက် ရပ်ရွာလူထုကင်းစောင့်

diz_admin

February 24, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ရွာအတွင်း ညအချိန်မတော် လူစိမ်းများဝင်ရောက်နေသည့်အတွက် ရပ်ရွာနေသူများ စုပေါင်းကင်းစောင့် နေကြရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်မှစကာ အဆိုပါလူစိမ်းများက ရပ်ရွာအတွင်း မီးကွင်းပစ်သည်ဟုဆိုကာ ဝိုင်းဝန်းဖမ်း ဆီးမှုများလည်း ရှိနေသည်။ ထိုသို့ဖမ်း ဆီးရာတွင် ရပ်ကွက်ကျေးရွာ အချို့၌ လူစိမ်းများကို ဖမ်းမိခဲ့သည်။ ထိုကြောင့် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာနေလူငယ်များ၏ အစီအစဉ်ဖြင့် ကင်းစောင့်လာကြခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး မြို့နယ်တွင်လည်း ရပ်ကွက်နေ လူငယ် များစုပေါင်းကာ ကင်းစောင့်နေရကြောင်း လုံခြုံရေးကင်းစောင့်နေသူ ဦးသန်းစိုးက ဆိုသည်။ “အဓိကကတော့ ခုဖြစ်နေတဲ့ ကောလဟာလ တွေပေါ့လေ။ မီးကွင်း ပစ်တယ် ညအချိန်လူစိမ်းဝင်တယ် အဲဒါတွေကြောင့်ပါ” ဟု ဦးသန်းစိုးက ပြောသည်။ လောင်းလုံးမြို့နယ်အပြင် ထားဝယ်မြို့နှင့် အခြားမြို့နယ်များတွင်လည်း ရပ်ရွာ အစီအစဉ်ဖြင့် ကင်းစောင့်နေကြသည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် […]

အစိုးရဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း ဟုဆို

diz_admin

February 24, 2021

တင်ဒါစနစ်ဖြင့်လုပ်ကိုင်သည့် အစိုးရတင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ဆောင်နေသည်ဟု တနင်္သာရီတိုင်း ဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းမင်း လတ်က ပြောကြားသည်။ တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်းဆန္ဒပြမှုများ ဖြစ်ပေါ်နေသော်လည်း တင်ဒါစနစ်ဖြင့်သွားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လုပ် ငန်းရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ လုပ်ဆောင်နေသည်ဟု ဦးကျော်မင်းမင်းလတ် က ဆိုသည်။ “အစိုးရအဖွဲ့လည်း အခုမှ တက် ခါစဆိုတော့ ကျွန်တော်တို့ ပြီးရင်တော့ မေးမှာပါ အသင်းအနေနဲ့ရောလေ။ အရင်အတိုင်းပဲ ငွေပေးချေမှုစနစ် အတိုင်းပဲ သွားမှာလား၊ ဘယ်လိုပြောင်း လဲမှုရှိလဲဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အတိအကျ မသိသေး ပါဘူးဗျ”ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။ လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ရန်ကိုသာ ပြောထားသည်ဟု ဦးကျော်မင်းမင်းလတ် က ပြောသည်။ အစိုးရဌာနအချို့၏ တင်ဒါလုပ် ငန်းအချို့မှာ အစိုးရအဖွဲ့အစည်းအဝေး […]

အာဏာသိမ်းပြီးနောက် တပ်ထုတ်ဘီယာ ရောင်းအားကျ

diz_admin

February 24, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် တပ်ထုတ်ဘီယာများ ရောင်းအား သိသိသာသာ ကျသွားကြောင်း စားသောက်ကုန်ရောင်းချသည့် ဆိုင်အချို့ထံမှ သိရသည်။ တပ်ထုတ်ပစ္စည်းများဖြစ်သည့် မြန်မာဘီယာနှင့် ဒဂုံဘီယာမှာ ရောင်းအားကျဆင်းသွားပြီး ပုံမှန်ဖောက်သည်များက အခြားတံဆိပ်ဘီယာအား ပြောင်းလဲဝယ်ယူလာကြကြောင်း ဒေါင်းငူရပ် ကွက်ရှိ စားသောက်ကုန် ရောင်းချသည့် အသက် ၃၀ ကျော်အရွယ်ရှိ ဆိုင်ရှင် အမျိုးသားက ဆိုသည်။ “အရင်ထက်စာရင်တော့ တော်တော်လေးကိုပဲ ရောင်းအားကျသွားတယ်လို့ ပြောလို့ရတယ်။ အရင်က မြန်မာ ဘီယာ ဝယ်ရောင်းတဲ့သူတွေက အခုဆိုရင် အခြားတံဆိပ်ဘက် ပြောင်းသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။ ရှမ္မလည်ဆွဲရပ်ကွက်ရှိ ဘီယာ လက်လီလက်ကား အရောင်းဆိုင်တွင်လည်း မြန်မာဘီယာဝယ်ယူသူ နည်းပါးလာသည်ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။ “အာဏာသိမ်းပြီးကတည်းက ရောင်းအားကျသွားတာ အခုထိပါပဲ” ဟု အထက်ပါ အမျိုးသမီးက […]