ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်း ထိုင်သပိတ်

diz_admin

March 3, 2021

ရဲတပ်ဖွဲ့ဝင်ခြောက်ဦးက ဒိုင်းပြားများ ကိုင်ဆောင်ပြီး သတိအနေအထားဖြင့် ရပ်နေကြသည်။ ဒိုင်းပြား၏ နောက်ဘက်တွင် ရော်ဘာနံပါတ်တုတ်ထိုး ထားပြီး ရဲအရာရှိများက နောက်ဘက်တွင် ရပ်ကြည့်နေသည်။ ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံ တစ်ခု၏ အရှေ့လမ်းမကြီးတစ်ခြမ်းကို ဘယ်ရီဂိတ်များဖြင့်ပိတ်ပြီး လုံခြုံရေး ယူထားခြင်းဖြစ်သည်။ ထိုဘယ်ရီဂိတ်များအကြားတွင် ပထမစည်း ဒုတိယစည်း တတိယစည်း ဟုရေးသားထားသည့် ဗီနိုင်းပြားများ ထောင်ထားသည်။ ယင်းသတိပေး စည်းများက ပိတ်ထားသည့် လမ်းမတစ်ခြမ်းပေါ်တွင်သာ အကျုံးဝင်သည့် သဘောဖြစ်သည်။ ထိုမြင်ကွင်းကား ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း အခြေအနေဖြစ်သည်။ သရက်ချောင်းမြို့တွင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲကို အင်အားဖြည့်ရန် ထားဝယ်မြို့မှ ပြည်သူများ၊ အင်ဂျင်နီယာများနှင့် ပညာရေး ဝန်ထမ်းများက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် […]

အာဏာသိမ်းပြီးနောက် ဓာတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ်ခန့် ဈေးတက်

diz_admin

March 3, 2021

တပ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။ အာဏာမသိမ်းမီ ဇန်နဝါရီလတွင် ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၅၀ ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ၈၄၅ ကျပ်အထိ ဈေးတက်သွားကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ် မှုမရှိဘဲ တဖြည်းဖြည်းဈေးတက်လာနေကြောင်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ရနံ့သစ်ဆီဆိုင်မှ မန်နေဂျာက ဆိုသည်။ “ဈေးကတော့ ပုံမှန်မရှိဘူး။ တစ်နေ့ တစ်မျိုး မြင့်တက်နေတယ်။ ကျတယ် မရှိဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်နည်းတူ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ထားဝယ်မြို့ တွင် နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကြောင့် သွားလာသူနည်းပါးပြီး ဝင်ငွေထိခိုက်လာကြောင်း ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် […]

၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

diz_admin

March 2, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် […]

နှစ်ငါးလုံး လူပင်လယ်အတွင်း လမ်းလျှောက်ခြင်း

diz_admin

March 2, 2021

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသည် ထားဝယ်မြို့၏ အစည်ကားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပြီး လူသိန်းချီ စုဝေးဖူးမြော် လေ့ရှိသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ရာ ဘုရားကြီးဝင်းအတွင်းတွင် လမ်းလျှောက် သွား၍မရသည်အထိ စည်ကားလေ့ရှိသည်။ သို့သော် ဘုရားကြီးဝင်းမှလွဲ၍ မြို့တွင်းအခြားနေရာများတွင် လူစည် ကားသည်ဆိုသော်လည်း တိုးဝှေ့ရသည့် အခြေအနေမရှိခဲ့ပေ။ လက်ရှိတွင် အာဏာသိမ်းပြီး ၂၂ ရက်မြောက်နေ့၌ အဆိုပါဘုရားပွဲ၏ လူစည်ကားသည့်စံချိန်ကို ချိုးလိုက် သည်။ နံနက်စောစောအချိန်ကတည်း ကပင် ထားဝယ်လေးမြို့နယ်နေ ပြည်သူများက ကား၊ ဆိုင်ကယ်ကိုယ်စီဖြင့် ထားဝယ်မြို့အတွင်း ချီတက်လာခဲ့သည်။ ပုံမှန်ဖွင့်နေကျ လက်ဖက်ရည်၊ ထမင်း(ကြမ်း) ဆိုင်၊ မုန့်ဟင်းခါးဆိုင်များ လုံးဝမဖွင့်သည့်အတွက် ဆန္ဒပြလိုက် မည့်သူရော မလိုက်သူရော၊ ဝန်းရံသူ အများစုပါ မနက်စာငတ်ခဲ့ကြသည်။ သမိုင်းဝင်ဥတ္တံတားကြီးလမ်းဆုံမှ အဓိကပင်မသပိတ်စစ်ကြောင်း စထွက်လေ့ရှိသည့် နံနက် ၈ နာရီခွဲခန့်တွင်မူ အနီးအနားဝန်းကျင်ရှိ လမ်းကြီး […]

ဆန္ဒပြရာတွင် လက်ရှိမြန်မာနိုင်ငံအလံ မသုံးရန် ထားဝယ်သပိတ်ခေါင်းဆောင်များ တိုက်တွန်း

diz_admin

March 2, 2021

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေကြသည့် သပိတ်စစ်ကြောင်း များတွင် လက်ရှိမြန်မာနိုင်ငံအလံကို အသုံးမပြုကြရန် ဒီမိုကရေစီအရေးလှုပ် ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) ခေါင်းဆောင်များက တိုက်တွန်း ပြောကြားသည်။ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်နှင့် ကြယ်ဖြူတစ်ပွင့်ပါရှိသည့် လက်ရှိ မြန်မာနိုင်ငံအလံသည် ၂၀ဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အတူ ဖြစ်တည်လာသည့် အလံဖြစ်သောကြောင့် ယင်းသို့ အသုံးမပြုရန်တိုက်တွန်းခြင်းဖြစ်သည်။ “အခုကျွန်တော်တို့က ၂၀ဝ၈ ဥပဒေကို ဖျက်သိမ်းဖို့အထိ တိုက်ပွဲဝင်နေတာဆိုတော့ ဒီအလံကိုပါ မသုံးဖို့ ပြောတာပါ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်သပိတ်စစ်ကြောင်းများတွင် လက်ရှိမြန်မာနိုင်ငံအလံကို ဖေဖော်ဝါရီလ ၂၆ ရက်အထိ အသုံးပြုနေကြဆဲဖြစ်သည်။

ပျောက်ဆုံးသွားသည့် အနာဂတ်များ

diz_admin

March 2, 2021

ဖေဖော်ဝါရီ ၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည့် မသျှားပြည့်ခင်တစ်ယောက် အနာဂတ် ရည်မှန်းချက်များ ကြွေလွင့်ပျောက်ကွယ် ခဲ့သည်။ သူမဘဝ အမှောင်ဖုံးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဘဝမျှော်လင့် ချက်များလည်း မဲ့သွားခဲ့ရသည်။ ထိုနေ့နံနက်စောစောအချိန်တွင် တပ်မတော်က အစိုးရခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။ မဲမသမာမှုကြောင့် ထိုသို့ ဖမ်းဆီးလိုက် သည်ဟုဆိုပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသုံးရပ်စလုံး ကို ကိုင်တွယ်ကျင့်သုံးမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ အာဏာသိမ်းလိုက်သည့်အတွက် လူငယ်များ အနိုင်ကျင့်ခံရပြီး ပညာရေး စီးပွားရေး အပါအဝင် အရာရာ ဆုံးရှုံးသွား သကဲ့သို့ ခံစားရကြောင်း သူမက ဆို့နင့်စွာပြောသည်။ “ရှေ့ဆက်ဖို့အတွက်က အမှောင်ကျ နေသလိုဖြစ်သွားတယ်။ အလင်းရောင်ဆိုတာ မမြင်ရတော့သလို […]

အာဏာသိမ်းမှုကို အခွင့်ကောင်းယူကာ ထားဝယ်စီမံကိန်းရှေ့ဆက်နိုင်ရန် ITD ကုမ္ပဏီ ကြိုးပမ်း

diz_admin

March 2, 2021

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားမှုကို အခွင့်ကောင်းယူကာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဆက်လက်အကောင်အထည်ဖော်ခွင့်ရရေး ဆက်လက်ဆွေးနွေးရန် အီတာလျံ-ထိုင်း ကုမ္ပဏီက စောင့်ဆိုင်းနေကြောင်း ထိုင်း သတင်းဌာနတစ်ခုဖြစ်သည့် ဘန်ကောက် စီးပွားရေး သတင်းဌာနက ရေးသားလိုက်သည်။ အာဏာသိမ်းပြီး ၅ ရက်အကြာတွင် အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးတစ် ရပ်ပြုလုပ်ခဲ့ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက်သင်နာပွန်က အထက်ပါ သတင်းဌာနကို ပြောဆိုထားသည်။ အီတာလျံထိုင်း ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် မြန်ထားဝယ် စက်မှု (Estate MyanDawei Industrial) ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ ဆုန်ချက် သင်နာပွန်က အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု […]

ကိုဗစ်အလှူငွေကို ကာကွယ်ဆေး ဝယ်ရန်အတွက်သာသုံးမည်

diz_admin

March 2, 2021

အာဏာမသိမ်းမီက အလှူခံထားသည့် ကိုဗစ်အလှူငွေများကို ကာကွယ် ဆေးဝယ်ယူရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ်ဒေသ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ NLD အစိုးရ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး အလှူရှင်များ ဖိတ်ခေါ်ထားခဲ့သည်။ အလှူရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းအမှတ်များသို့ လှူဒါန်းနိုင်ကြောင်းလည်း ယင်းဗဟို ကော်မတီက ထုတ်ပြန်ခဲ့သည်။ ထိုနောက် ကာကွယ်ဆေးဝယ် မည့်အလှူငွေကို ထားဝယ်ဒေသအထောက် အကူပြုအဖွဲ့ထံ လာလှူနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးချိန်မှ အာဏာ မသိမ်းမီအချိန်ထိ အလှူငွေကျပ်သိန်း ၇၉၀ ရရှိထားပြီး လက်ရှိတွင် ဘဏ်နှစ်ခုတွင် ခွဲအပ်ထားကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်ထားသည်။ အထက်ပါ အလှူငွေအား ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးကိစ္စမှအပ အခြားကိစ္စတွင် အသုံးပြုမည်မဟုတ်ကြောင်း အထက်ပါကော်မတီ၏ […]