ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကျေးရွာသပိတ်

diz_admin

March 9, 2021

ထားဝယ်မြို့ပေါ် ပင်မသပိတ် စစ်ကြောင်းအား ဖေဖော်ဝါရီလကုန်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အသွင်ပြောင်းလာကြသည်။ ပင်မသပိတ်ဖြိုခွင်းမခံရမီက ထားဝယ် ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများက ထားဝယ်မြို့ပေါ် ပင်မ သပိတ် စစ်ကြောင်းတွင် လာရောက်ပူး ပေါင်းကြသည်။ ဖေဖော်ဝါရီလ ၂၈ ရက် အကြမ်း ဖက်နှိမ်နင်းပြီးနောက် ခရိုင်အတွင်းရှိ ကျေးရွာများက ထားဝယ်မြို့ပေါ်သို့ မလာတော့ဘဲ ကျေးရွာသပိတ်စစ်ကြောင်း အသွင်ဖြင့် မိမိကျေးရွာအတွင်းတွင်သာ ဆန္ဒပြချီတက်တော့သည်။ လက်ရှိတွင် ခရိုင်အတွင်းရှိ ကျေးရွာ အများစု၌ ကျေးရွာသပိတ်လုပ်နေကြပြီး ထားဝယ်မြို့ပေါ်တွင်မူ ပြောက်ကျားအသွင် သပိတ်စစ်ကြောင်းများသာ အချိန်ပိုင်းချီတက်နေကြသည်။ ပြောက်ကျားစနစ်ဖြင့် ထွက်လေ့ရှိသည့် မြို့ပေါ်သပိတ်စစ်ကြောင်းများကို တားဆီးအရေးယူရန် လုံခြုံရေးတပ်ဖွဲ့ များက ကားဖြင့် လိုက်ရှာလေ့ရှိသည်။ ကျေးရွာများတွင်မူ ထိုသို့ မရှိသည့်အတွက် ကျေးရွာသပိတ်အများအပြား ပေါ်လာခြင်းလည်းဖြစ်သည်။ မြို့ပေါ်သပိတ်စစ်ကြောင်း […]

ထားဝယ်မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးမေးမြန်း

diz_admin

March 9, 2021

ထားဝယ်တွင် ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွင်း ခဲ့ပြီးသည့် နောက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် ရဲတပ်ဖွဲ့များ က ခရီးသွားလာသူ ကား၊ ဆိုင်ကယ်၊ သုံးဘီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လာသည်။ သရက်ချောင်းမြို့နယ်ဘက်သို့ ဆင်းသည့် ပေါက်တိုင်းတံတားတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား အချို့က မတ်လ ၂ ရက်မှ စတင်ကာ ခရီးသွားလာများကို ကျပန်း ရွေးချယ်ကာ စစ်ဆေး မေးမြန်းနေသည်ကို တွေ့လာရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်း ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး မြို့နယ်ဘက်မှ ဆန္ဒပြသူများက ထားဝယ် မြို့တွင်းရှိ သပိတ်စစ်ကြောင်းကြီးတွင် အားဖြည့်ပါဝင် ဆန္ဒပြနိုင်ရန် ပေါက်တိုင်း တံတားမှ တစ်ဆင့် ထားဝယ်မြို့တွင်း ဘက်သို့ ကား၊ ဆိုင်ကယ်တို့ဖြင့် ချီတက် လာသည်မှာ ဖေဖော်ဝါရီလ ၂၈ […]

စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်ရန် တိုင်းတပ်ကောင်စီခေါ်ပြော

diz_admin

March 9, 2021

တနင်္သာရီတိုင်းအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း ပုံလည်ပတ်ရန်နှင့် ဒေသအတွင်းစီးပွားရေး ပုံမှန်တိုင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို တနင်္သာရီတိုင်း တပ်ကောင်စီ က မေးမြန်းခဲ့ကြောင်း စုံစမ်းသိရှိရ သည်။ မတ်လ ၄ ရက်က ပြုလုပ်သည့် တိုင်းတပ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးကိုတက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။ “လက်ရှိကောင်စီကပြောတာကတော့ ပြည်သူတွေကိုကူညီပေးကြပါ။ ဘာတွေအခက်အခဲရှိသလဲလို့မေးတယ်။ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောတယ်။ အတင်းအဓမ္မ ဘာလုပ်ပါဆိုပြီး တစ်ခုမှမပြောဘူး” ဟု လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။ ယင်းအစည်းအဝေးသို့ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်း ခရိုင် ဆန်ကုန်သည်အသင်း၊ ဟိုတယ် လုပ်ငန်းရှင်၊ သတ္တုလုပ်ငန်းရှင်၊ ဝက် မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြိတ် ကစီးပွားရေးလုပ်ငန်းရှင်များအား ကိုယ်စား […]

ဇမ္ဗူသီရိဆေးခန်း ပုံမှန်ဖွင့်

diz_admin

March 8, 2021

ဇမ္ဗူသီရိဆေးခန်းကို ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း ဇမ္ဗူ သီရိအရေးပေါ်လူနာ ကူညီသယ်ဆောင် ရေးအဖွဲ့ထံမှ သိရသည်။ ဇမ္ဗူသီရိဆေးခန်း၌ ပုံမှန်လာပြနေသည့် တစ်ရက် လူနာဦးရေ ၂၀ ခန့်ရှိပြီး ဆန္ဒပြရာတွင် မျက်ရည်ယိုဗုံးထိသူ၊ ထိခိုက်ဒဏ်ရာရသူလူနာများကိုလည်း ကုသပေးသည်ဟု အထက်ပါအဖွဲ့ထံမှ သိရသည်။ ထိခိုက်ဒဏ်ရာပြင်းထန်သူနှင့် ဆေးရုံဆင်သင့်သူများကို ထားဝယ်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေး သည်ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “အရင်တုန်းက ဖွင့်နေကျအတိုင်းပဲ ပုံမှန်ဖွင့်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆေးခန်းတွင် ဆရာဝန်နှင့် ဆရာမများ မရှိခြင်း၊ ရှိသည့် ဆရာဝန်နှင့် ဆရာမ များကလည်း လူနာတင်ယာဉ်များတွင် အသင့်လိုက်ပါနေကြခြင်း၊ ဆေးခန်းကို ပြန်လည်ပြုပြင်နေခြင်းတို့ကြောင့် ဆေးခန်းပိတ်ထားခြင်းသာဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။ […]

ကလေးဆိုင်ကယ် ထားဝယ် ဈေးကွက်အတွင်း စဝင်

diz_admin

March 8, 2021

မြက်ရိတ်စက်အင်ဂျင်တပ် ထားသည့် ကလေးစီးဆိုင်ကယ်အမျိုးအစား တစ်ခု ထားဝယ်ဈေးကွက်အတွင်း စတင် ဝင်ရောက်လာသည်။ အမြင့် နှစ်ပေခန့်သာရှိသည့် ကလေးစီးဆိုင်ကယ်ဖြစ်ပြီး ကလေး ကစားစရာအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေကြသည်။ အဆိုပါ ကလေးစီးဆိုင်ကယ် တစ်စီးလျှင် ငွေကျပ်သုံးသိန်းဝန်းကျင် ဖြင့်ရောင်းချနေပြီး လက်ရှိတွင် နှစ်စီး ခန့်သာ ရောင်းချရသေးကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ကလေးကစားစရာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ “အခုမှ စရောင်းတာပေါ့နော်၊ နှစ်စီးတော့ ရောင်းပြီးပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ အဆိုပါ ကလေးစီးဆိုင်ကယ်တွင် မြက်ရိတ်စက်အင်ဂျင်တပ်ဆင်ထားပြီး ဓာတ်ဆီနှင့် စက်ဆီတစ်မျိုးဖြစ်သည့် 2T နှင့် ရောပြီး အသုံးပြုရကြောင်း သိရသည်။ ထားဝယ်တွင် ယင်းကလေးစီး ဆိုင်ကယ် အသုံးပြုမှု နည်းပါးနေသေးပြီး ဈေးကွက်အတွင်း ဆယ်စီးခန့်သာ တွေ့ရသည်။

၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ပြန်ချိန်း

diz_admin

March 8, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုအား မတ်လ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှု ကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ […]

ထားဝယ်ဆန္ဒပြပွဲ အဖမ်းခံရသူများကို ယခုလ ၁၂ ရက်နေ့ တရားစွဲတင်မည်

diz_admin

March 8, 2021

အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသူ ၁၆ ဦးအား မတ်လ ၁၂ ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း လိုက်ပါကူညီနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂၈ ရက် ပစ်ခတ်ဖြို ခွင်းမှုဖြစ်စဉ်တွင် အဖမ်းခံရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦးအား ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်ဟု သိရကြောင်း အဆိုပါ ရှေ့နေက ဆိုသည်။ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)၊ ၅၀၅(ဂ) နှင့် ၁၄၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အဖမ်းခံရသူ အမျိုးသား ၁၁ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်နေသည့်အတွက် အာမခံဖြင့် လွှတ်ထားကြောင်း ၎င်းက ဆိုသည်။ အထက်ပါ အဖမ်းခံရသူများအား အမှုတစ်ခုတည်းပေါင်းပြီး အမှုဖွင့်ထား […]

ညမထွက်ရအမိန့်ကြောင့် ကမ်းနားဈေးသည်များ အခက်တွေ့

diz_admin

March 8, 2021

ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ်ရှိ အဓိက ဈေးတစ်ခုဖြစ်သော ကမ်းနားဈေးရှိ ဈေးသည်များ အခက်အခဲများလာကြောင်း စုံစမ်းသိရှိ ရသည်။ ထားဝယ်ဒေသတွင် ကိုယ်တိုင်စိုက်ပျိုးသူများက ကမ်းနားဈေးတွင် နံနက်ပိုင်းလာရောက် ရောင်းချကြသည်။ သို့သော် ညမထွက်ရ အမိန့်ထွက် လာပြီးနောက် နံနက်ပိုင်းတွင် လာရောက် ရောင်းချသူ နည်းပါးလာကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။ “အရောင်းအဝယ်က အများကြီး အေးလာတယ်။ နယ်က လူတွေက မနက်ပိုင်း မလာကြတော့ဘူးလေ” ဟု စခန်းကြီး ကျေးရွာသူ ဒေါ်ခင်မူက ပြောသည်။ ယင်းကြောင့် ကျေးရွာများတွင် ပြန်ရောင်းလိုသော ဈေးကားများ၊ ဈေး ဝယ်ရောင်းသူများမှာ ညနေဘက်တွင်သာ လာဝယ်သဖြင့် ဈေးအတန်ငယ်မြင့်သော ကုန်စည်ဒိုင်များတွင် ဝယ်ယူကြရသည်။ “အခုက […]