ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ငါ့လက်မောင်းကို ထိသွားပြီ

diz_admin

March 13, 2021

ဦးဝင်းလှိုင်၏ နောက်ဆုံး စကားဖြစ်သည်။ ထိုသို့ပြောပြီးနောက် ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းလှိုင်မှာ ထားဝယ်မြို့တောင်ဘက် ကြက်စားပြင်ရပ်ကွက်ရှိ သရက်ချောင်းကားဂိတ်ရှိရာ လမ်းဆုံတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။ ရပ်ရေးရွာရေးအတွက် စိတ်ပါလက်ပါ ကူညီဆောင်ရွက်တတ်သူတစ်ဦးဖြစ်သည့် ဦးဝင်းလှိုင်မှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်ကြီးတစ်ဦးလည်းဖြစ်သည်။ မတ်လ ၁၁ ရက်ညပိုင်းက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာအား အသံဗုံးများ၊ ရော်ဘာကျည်များအပြင် ကျည်စစ်ကျည်မှန်များဖြင့်ပါ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်၍ ရပ်ကွက်ထိပ် သံတံတားကြီးအနီး ကာရံထားသော အရံအတားများကို လက်နက်ကိုင်တပ်ဖွဲ့များက လာရောက်ဖယ်ရှားခြင်း ဖြစ်သည်။ ယင်းသို့ လာရောက် မဖယ်ရှားမီ နှစ်နာရီ အလိုက အရေးတော်ပုံကာလအတွင်း ကျဆုံးသွားသူများအတွက် ဆီမီးထွန်းဆုတောင်းပွဲ ကြက်စားပြင် ရပ်ကွက်တွင် ပြုလုပ်ခဲ့သေးသည်။ စတင်ပစ်ခတ်ချိန်တွင် ဦးဝင်းလှိုင်မှာ နေအိမ်တွင် […]

သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

diz_admin

March 11, 2021

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်။ နောက်ရုံးချိန်းကို ရမန်နှစ်ပတ် (မတ်လ ၂၄ ရက်နေ့) ပြန်ချိန်းဆိုလိုက်ကြောင်း သိရသည်။ ဒေါ်မို့အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူမနေထိုင်ရာ ထားဝယ်မြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ သူမကို လာရောက်ဖမ်းဆီးစဉ် ဗီဒီယိုဖိုင်အတွင်းမှ သားဖြစ်သူ၏ မိခင်အပေါ် ကာကွယ်ပေးလိုသည့် အသံမှာ လူထုအကြား များစွာ ဂရုဏာ သက်စေခဲ့သည်။

ထားဝယ်စျေးကြီး ပိတ်

diz_admin

March 11, 2021

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။ မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များအတွင်းသို့ ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုများကြောင့် စျေးပိတ်ထားသည်ဟုထင်ကြောင်း စျေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။ “မနက်ဖြန်ဆိုရင်တော့ ပြန်ဖွင့်မယ်လို့တော့ ထင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ယနေ့စျေးပိတ်သည့်ကိစ္စကို ကြိုတင်သိရှိခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ စည်ပင်သာယာစျေးကြီးကို အပတ်စဥ် တနင်္ဂနွေနေ့ သို့မဟုတ် ဝါတွင်းဥပုသ်နေ့များတွင်သာ နေ့တစ်ဝက်ပိတ်လေ့ရှိသည်။

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

diz_admin

March 11, 2021

ထားဝယ်က သပိတ်‌မှောက်ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦး မြို့သစ် အမှတ် ၄ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၁၀ ရက်မှာအဖမ်းခံလိုက်ရပါတယ်။ အရပ်ဝတ်လက်နက်ကိုင်တစ်စုက အနက်ရောင်အိမ်စီးကားနဲ့ရောက်လာပြီး မြို့သစ် အမှတ် ၄ လမ်းထိပ်ဝပ်‌ရှော့တစ်ခုထဲဝင်ဖမ်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကဆိုပါတယ်။ အဖမ်းခံလိုက်ရတဲ့သူကတော့ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာက ကိုကျော်ထွေးဖြစ်တယ်ဆိုတာကိုလည်းသူက အတည်ပြုပေးခဲ့ပါတယ်။

NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

diz_admin

March 11, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “အခုသူ့ကို ထားဝယ်ကိုဖမ်းခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။ ဦးငွေစိုးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ဇေယျစိုး၏ ဖခင်ဖြစ်သည်။ ကံပေါက်ကျေးရွာတွင် နေ့စဉ်ရက်ဆက်နီးပါး အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။ လောင်းလုံးမြို့က NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်ကိုလည်း မတ်လ ၁၀ ရက် ည ၆ နာရီအချိန်ခန့်တွင် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဝင်ဖမ်းချိန်တွင် နေအိမ်တွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း သိရသည်။ ဖော်ပြပါပုံမှာ […]

ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်

diz_admin

March 9, 2021

အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။ ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။ မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။ နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ […]

ကံပေါက်အနီးနားကျေးရွာအချို့ တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စတင်တာဝန်ယူ

diz_admin

March 9, 2021

ပြည်သူအများစုက လက်ခံခြင်း မရှိသော်လည်း ရေဖြူမြို့နယ် ကံပေါက် ဒေသအနီးနားရှိ ကျေးရွာအချို့တွင် တပ်ကောင်စီက ခန့်အပ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင်တာဝန်ယူ နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ကံပေါက်၊ ဖောင်းတော၊ ဟိန္ဒာရာဇာ၊ နတ်ကြီးစဉ်၊ ဇာဒီ စသည့်ကျေးရွာအုပ်များ ထံ မတ်လ ၅ ရက်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဇာဒီနှင့် နတ်ကြီးစင်ရွာတွင် တပ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာဝန်ယူနေကြောင်း ပြောဆိုကြသည်။ “အခုခန့်လိုက်တဲ့သူကိုတော့ တစ်ရွာလုံးကကိုမလိုချင်ကြဘူး။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့စဉ်းစားထားကြတယ်” ဟု နတ်ကြီးစင် ရွာသား တစ်ဦးက ဆိုသည်။ ဇာဒီကျေးရွာတွင်မူ ရွာသားများ ရွေးချယ်ပေးလိုက်သည့် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကပယ်ချလိုက်ပြီး ၎င်းတို့ရွေး ချယ်ပေးသူတစ်ဦးကခန့်အပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖောင်းတောကျေးရွာတွင်မူ မြို့နယ်မှ […]

ထားဝယ်တွင် ဓာတ်ငွေ့ကာ ပစ္စည်းပြတ်

diz_admin

March 9, 2021

ထားဝယ်ဈေးကွက်အတွင်း ဓာတ်ငွေ့ ကာမျက်နှာဖုံးများ ပစ္စည်းပြတ်လတ်နေကြောင်း မြို့ပေါ် ကုန်မာဆိုင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် ယင်းပစ္စည်းများကို ဆေးသုတ်ဆေးမှုတ်ရာတွင် အသုံးများပြီး ယခုအခါ ဆန္ဒပြပွဲများတွင် မျက်ရည်ယိုဗုံး ထိချိန်၌ အကာအကွယ် ဖြစ်စေရန် အသုံးပြုလာခြင်း ဖြစ်ကြောင်း အရောင်းဆိုင်များထံမှာ သိရသည်။ အဆိုပါ ပစ္စည်းများသည် ယခင်က အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး ယခုအချိန်မှသာ ပစ္စည်းပြတ်သည်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ ကမြော ကင်းလမ်းရှိ ကုန်မာပစ္စည်း အရောင်းဆိုင်မှ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အစ ကတော့ မရောင်းရ သလောက်ပဲ။ အခုတော့ ဆိုင်မှ ရောင်းဖို့ ပစ္စည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း […]