လောင်းလုံးတွင် ဆန္ဒမပြရန် နစက ကောင်စီ စည်းရုံး
diz_admin
April 9, 2021လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ရှင်ရေးဆန္ဒပြခြင်းများ မလုပ်ရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သကျက်တောကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အနီးတဝိုက်ရှိကျေးရွာများမှ ဘုန်းကြီးများ၊ ရပ်မိရပ်ဖများတက်ရောက်သည့် ယင်းတွေ့ဆုံပွဲတွင် ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် အာဏာဖီဆန်ရေး(CDM) မလုပ်ရန် ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ သကျက်တောကျေးရွာတွင် တက်ကြွလှုပ်ရှားသူ ၇ ဦးနှင့် အာဏာဖီဆန်ရေး(CDM) ဝန်ထမ်း ၂ ဦးကို နောက်မလုပ်ရန် ခံဝန်ထိုးပေးပါက ဖမ်းဆီးခြင်းမခံရစေရန် တာဝန်ယူသည်ဟု အထက်ပါဒုရဲမှူးကြီးက ပြောသည်ဟု ၎င်းက ဆိုသည်။ “ဆန္ဒမပြဖို့ နဲ့ CDM လှုပ်ရှားမှုတွင် မပါဝင်ဖို့ ခံဝန်လာထိုးရင် မှဲ့တစ်ပေါက်မစွန်းစေရန် တာဝန်ယူမယ်ဆိုပြီးပြောတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် CDM […]


