ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စာသင်ကျောင်းများပြန်ဖွင့်ရေး ပြင်ဆင်ထားရန် ညွန်ကြား

diz_admin

February 22, 2021

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ရှိသည်ဟုဆိုကာ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ထားရန် အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီလ ၁၆ ရက်က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံအတွင်း ကိုဗစ် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းလာသည့်အတွက် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိသည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ယင်းကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဥပဓိ ရုပ်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီတို့မှ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်‌ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြန်လည်တင်ပြရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။ ကျောင်းများပြင်ဆင်ထားရန်ကိစ္စ နှင့်ပတ်သက်ပြီး […]

၀န်ကြီးချုပ် ဦးမြင့်မောင် ပုဒ် ၅၀၅ ဖြင့် အမှုဖွင့်ခံရ

diz_admin

February 22, 2021

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ် အများဆုံး […]

ကံပေါက်ဒေသ ရပ်ရွာလုံခြုံရေး ကြိုတင်ကာကွယ်

diz_admin

February 22, 2021

ညဘက် ကျေးရွာနှင့် ရပ်ကွက်များ အတွင်းသို့ လူစိမ်းဝင်ပြီး မီးကွင်းပစ်သည်ဟုဆိုကာ ထားဝယ်ခရိုင်ရှိ ကျေး ရွာတော်တော်များများတွင် အုတ်အော်သောင်းတင်းဖြစ်နေကြသည့်အချိန် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်မူ ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ဒေသခံ အချို့ထံမှ သိရသည်။ သို့သော် လူစိမ်းဝင် မီးကွင်းပစ် သည်ဆိုသည့် သတင်းများကြားနေရသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အခြားနေရာများနည်းတူ ရပ်ရွာလုံခြုံ ရေးကို ရွာသားများကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် လုပ်ဆောင်နေကြောင်း ၎င်းဒေသခံတို့ က ပြောသည်။ “သူ့ရပ်ကွက်နဲ့သူ လူငယ်တွေ လုံခြုံရေးတွေတော့ အားလုံးတော့ လုပ်ထားကြတယ်။ ဒါပေမယ့် လက်ရှိတော့ မီးကွင်းပစ်တာတို့ ဘာတို့တော့ ဘာမှကို မရှိသေးဘူး” ဟု မိကျောင်းအိုင် ရွာသား ဦးကျော်မိုးဦးက ဆိုသည်။ ကံပေါက်ကျေးရွာအုပ်စုတွင် ရပ်ကွက်/ကျေးရွာ တစ်ဆယ်ကျော်ရှိသည်။ ကံပေါက်ဒေသအနီးရှိ အုန်းပင်ကွင်း ရွာတွင်မူ […]

ကံပေါက်ရဲတပ်သား နုတ်ထွက်

diz_admin

February 22, 2021

ရေဖြူမြို့နယ် ကံပေါက်နယ်မြေ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ထောင်အချုပ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေရင်း တပ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် ဖေဖော်ဝါရီလ ၁၆ ရက် ရက်စွဲဖြင့် ထွက်စာတင်ထားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ရဲတပ်ဖွဲ့ထံမှ နုတ်ထွက်စာတင် ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် သစ္စာဖောက်ခြင်းမဟုတ်ဘဲ တပ် အာဏာရှင်စနစ်ကို အလိုမရှိသဖြင့် ရုံးမတက်ဘဲ ရုန်းထွက်ခြင်းသာ ဖြစ် ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်။ “သူကထောင်အချုပ်မှာ လုံခြုံရေး ကျနေရာကနေ ပျောက်သွားတာဆိုတော့ သူ့ဘာသာသူပဲ CDM (ရုံးမတက်ဆန္ဒ ထုတ်ဖော်တာ) လုပ်သွားတာလားတော့ မပြောတတ်ဘူး” ကံပေါက်နယ်မြေရဲ စခန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့နုတ်ထွက်သွားသည့် ရဲတပ်သားနှင့်ပတ်သက်ပြီး မည်သို့ ဆက်လုပ်မည်ကိုလည်း အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။ ပုံမှန်အားဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဦး […]

စစ်အစိုးရနှင့် အဆက်အသွယ်ဖြတ်ရန် စွမ်းအင်ကုမ္ပဏီများကို တောင်းဆို

diz_admin

February 22, 2021

ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အာဏာသိမ်း အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာ သိမ်းလိုက်မှုကြောင့် ယင်းပိုက်လိုင်း ကုမ္ပဏီများအနေဖြင့် အာဏာသိမ်း အုပ်စုများနှင့် ဆက်လက် အလုပ်မလုပ်ကိုင်ရန် ကံပေါက်၊ အုန်းပင်ကွင်းနှင့် သဘွတ်ချောင်း စသည့် ကျေးရွာအုပ်စုများမှ ဒေသခံ ၂၀ဝ ခန့်က တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ ၁) ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၃ ခုစလုံးရှိ ကမ်းလွန်နှင့် ကုန်းတွင်း ဝန်ထမ်းများအားလုံး CDM တွင် ပါဝင် ပေးရန်၊ ၂) ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဝင်ငွေများကို မြန်မာ့ရေနံနှင့် […]

အင်တာနက်လိုင်းပြတ်ချိန်အတွက် အစားထိုးပေးမည်ဟု MBT ထုတ်ပြန်

diz_admin

February 22, 2021

အင်တာနက်လိုင်းပြတ်တောက် နေချိန်များကို အစားထိုးပေးမည်ဖြစ်ကြောင်း ထားဝယ်တွင် အင်တာနက်ဝန် ဆောင်မှုပေးနေသည့် MBTကုမ္ပဏီ ရုံးခွဲက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး ည ၁ နာရီမှ မနက်ကိုးနာရီအထိ တစ်နေ့ ၈ နာရီ တပ်အာဏာရှင် အစိုးရက အင်တာနက်ဖြတ်တောက်လျှက် ရှိသည်။ တစ်နေ့ ၈ နာရီ အင်တာနက်ဖြတ် တောက်ချိန်များကို မှတ်သားထားပြီး အပိုဆောင်းအဖြစ် လေးနာရီထပ်တိုး ပေးကာ စုစုပေါင်း တစ်နေ့လျှင် ၁၂ နာရီနှုန်း အစားထိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဥပမာ ဖေဖော်ဝါရီလကုန်ရက်တွင် အင်တာနက်ကြေးသွင်းရမည့် သူများအနေဖြင့် အစားထိုးရက် ၇ ရက်ရမည် ဖြစ်သည်။ ယင်းအတွက်ကြောင့် ဖေဖော်ဝါရီလကုန်ရက်တွင် အင်တာနက်ကြေးပေးသွင်းရန် မလိုသေးဘဲ မတ်လ ၇ ရက်မှ ပေးသွင်းရမည်ဖြစ်သည်။ “သုံးစွဲသူတွေဘက်ကနေပြီးတော့ […]

တယ်လီနောဆင်းကတ် ဝယ်ရန် ခက်ခဲ

diz_admin

February 22, 2021

ဖေဖော်ဝါရီလ တတိယအပတ်မှ စပြီး ထားဝယ်ဈေးကွက်အတွင်း တယ်လီနောဆင်းကတ်များ ဝယ်ယူရန်ခက်ခဲလာ နေသည်။ ထားဝယ်မြို့ရှိ ဖုန်းဆိုင်သုံးဆိုင် တွင် တယ်လီနောဆင်းကတ်လိုက်ဝယ်ရာ မရောင်းတော့ကြောင်းပြောကြသည်။ ရင်းနှီး၊ ခင်မင်သူအချို့ကိုမူ ရောင်းချပေးနေသည့် ဆိုင်အချို့ရှိသည်။ ယခုလအတွင်း တယ်လီနောဆင်း ကတ်မှတ်ပုံတင်ရန်အတွက် အချိန်ကြာခြင်း၊ မှတ်ပုံတင်ပြီးသားဆင်းကတ်များ ကိုရက်ပိုင်းလောက်သုံးပြီးပါက အသုံးပြုမရခြင်းတို့ဖြစ်ပေါ်နေကြောင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင်အချို့က ပြော သည်။ ယင်းသို့ တယ်လီနောဆင်းကတ် မှတ်ပုံတင်ရန် ခက်ခဲမှုရှိလာပြီးနောက် သုံးစွဲသူများက အဆင်သင့်မှတ်ပုံတင်ပြီးသား ဆင်းကတ်များကိုသာဝယ်ယူသုံးစွဲကြသည်။ “ဆင်းကတ် တစ်ကတ်ရောင်းရမှ ဘယ်လောက်မှအမြတ်ရတာလည်း မဟုတ်ဘူးဆိုတော့ မရောင်းတော့တာ။ မှတ်ပုံတင်ပေးနေရတာနဲ့ အဆင်မပြေဘူး။ ဖုန်းဝယ်ရင် လက်ဆောင်ပေးဖို့ နည်းနည်းချန်ထားတာတော့ရှိတယ်” ဟု ထားဝယ်မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။ တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း Mytel ဆင်းကတ်အသုံးမပြုလို တော့သည့် သုံးစွဲသူများက အခြားဆင်းကတ်များထက် တယ်လီနောဆင်းကတ်ကို […]

အဖမ်းခံရသူ ၅၀ဝ ကျော်

diz_admin

February 22, 2021

အာဏာသိမ်းသည့် နေ့မှ ၁၈ ရက်အတွင်း တပ်အစိုးရမှ ဖမ်းဆီးခဲ့သူ ၅၂၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရသိရသည်။ ယင်းတို့တွင် ထောင်ဒဏ်ချခံထား ရသူ ၃ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံ ထားရသူ ၃၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၄၄ ဦး ရှိပြီး ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆိုခံထားရဆဲ ဖြစ်ကြောင်း ထိုအသင်းက ထုတ်ပြန်သည်။ အဖမ်းခံထားရသူများတွင် နိုင်ငံရေးသမားတို့ အပြင် သာမန်အရပ်သား များလည်း ပါဝင်သည်။ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့သေးသည်။