ညအချိန်မတော်လူစိမ်းဝင်သည့်အတွက် ရပ်ရွာလူထုကင်းစောင့်
diz_admin
February 24, 2021တပ်မတော်အာဏာသိမ်းပြီးနောက် ရပ်ရွာအတွင်း ညအချိန်မတော် လူစိမ်းများဝင်ရောက်နေသည့်အတွက် ရပ်ရွာနေသူများ စုပေါင်းကင်းစောင့် နေကြရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်မှစကာ အဆိုပါလူစိမ်းများက ရပ်ရွာအတွင်း မီးကွင်းပစ်သည်ဟုဆိုကာ ဝိုင်းဝန်းဖမ်း ဆီးမှုများလည်း ရှိနေသည်။ ထိုသို့ဖမ်း ဆီးရာတွင် ရပ်ကွက်ကျေးရွာ အချို့၌ လူစိမ်းများကို ဖမ်းမိခဲ့သည်။ ထိုကြောင့် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာနေလူငယ်များ၏ အစီအစဉ်ဖြင့် ကင်းစောင့်လာကြခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး မြို့နယ်တွင်လည်း ရပ်ကွက်နေ လူငယ် များစုပေါင်းကာ ကင်းစောင့်နေရကြောင်း လုံခြုံရေးကင်းစောင့်နေသူ ဦးသန်းစိုးက ဆိုသည်။ “အဓိကကတော့ ခုဖြစ်နေတဲ့ ကောလဟာလ တွေပေါ့လေ။ မီးကွင်း ပစ်တယ် ညအချိန်လူစိမ်းဝင်တယ် အဲဒါတွေကြောင့်ပါ” ဟု ဦးသန်းစိုးက ပြောသည်။ လောင်းလုံးမြို့နယ်အပြင် ထားဝယ်မြို့နှင့် အခြားမြို့နယ်များတွင်လည်း ရပ်ရွာ အစီအစဉ်ဖြင့် ကင်းစောင့်နေကြသည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် […]


