၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ပြန်ချိန်း
diz_admin
March 8, 2021တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုအား မတ်လ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှု ကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ […]


