တိုင်းကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ဘယ်သူလဲ
diz_admin
February 8, 2021တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌအဖြစ် အငြိမ်းစား တိုင်းတရားသူကြီးချုပ် တစ်ဦးဖြစ်သူ ဦးတင်အောင်ကို ရွေးချယ်ခဲ့သည်။ တိုင်းကောင်စီဥက္ကဋ္ဌအား ဝန်ကြီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အပ်နှင်းထားသည်။ဦးတင်အောင်မှာ တနင်္သာရီတိုင်းတွင် အခြေချနေထိုင်လာသည်မှာ ဆယ်စု နှစ်တစ်ခုခန့် ကြာနေပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် တရားသူကြီးအဖြစ် တနင်္သာရီတိုင်းသို့ ရောက်ရှိလာ ပြီးနောက် ၂၀၁၁ ခုနှစ်တွင် တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း ဦးတင်အောင်က ဆိုသည်။ ယင်းနောက် ၂၀၁၆ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ရာထူးတိုးသွားပြီး ၂၀၂၀ ပြည့်နှစ် မေလတွင် အငြိမ်းစားယူခဲ့သည်။ ၎င်းတရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်က တိုင်းတရားလွှတ်တော် တရားသူကြီးနှစ်ဦးနှင့်အတူ “လာဘ်မစားဘဲ သန့်ရှင်းစွာတာဝန်ထမ်း ဆောင်မည်” ဟု အချင်းချင်း ကတိ ကဝတ်ပြု […]


