ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကံပေါက်သပိတ် သေနတ်ပစ်ဖောက် လူစုခွဲခံရ

diz_admin

May 2, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် မေလ ၂ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့နံနက်ကတည်းက ကံပေါက်ဒေသရှိ ကျောက်တိုင်အပါအဝင် လူစည်ကားသည့်နေရာများတွင် ရဲနှင့် စစ်သားများက စောင့်ဆိုင်းနေကြကြောင်း ဒေသခံများက ဆိုသည်။ ထိုကြောင့် နံနက်ပိုင်းတွင် ဆန္ဒမပြတော့ဘဲ နေ့လယ်ပိုင်း ဆန္ဒပြရန် လူစုနေချိန်တွင် ရဲနှင့် စစ်သားများရောက်လာပြီး သေနတ်နှစ်ချက်ဖောက်ကာ လူစုခွဲခဲ့ကြောင်း စစ်ကြောင်းတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ လူစုခွဲပြီး တိမ်းရှောင်သူများအား လမ်းသွယ်အထိ လိုက်လံဖမ်းဆီး ခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိဟုဆိုသည်။ လူစုခွဲပြီးနောက် နေ့လယ် ၂ နာရီခန့်တွင် ကံပေါက်ဒေသ လှည်းကုန်းရပ်ကွက်ရှိ အခြေခံပညာမူလွန်ကျောင်းအရှေ့တွင် ကျောင်းမတက် ဆေးသပိတ်ကို ပြုလုပ်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ကံပေါက်ဒေသတွင် […]

စော်ဖျားတွင် အမျိုးသမီးတစ်ဦးအဖမ်းခံရ

diz_admin

May 2, 2021

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မေလ ၂ ရက် နံနက်ပိုင်းက အဖမ်းခံလိုက်ရကြောင်း ယင်းကျေးရွာနေ ဒေသခံအချို့ထံမှ သိရသည်။ စော်ဖျားရွာအတွင်းသို့ တပ်ကောင်စီအဖွဲ့ဝင်များ ကားတစ်စီးဖြင့်ရောက်လာပြီး နေအိမ် ၃ လုံးအား ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ယင်းအမျိုးသမီးတစ်ဦး ဖမ်းဆီသွားကြောင်း ဒေသခံအမျိုးသားတစ်ဉီးက ဆိုသည်။ ယခင်က စာစီစာရိုက်လုပ်ငန်းလုပ်ကိုင်းဖူသည့် မောင်ဖြစ်သူအား လာဖမ်းသော်လည်း မတွေ့သဖြင့် အစ်မဖြစ်သူအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ယင်းဒေသခံက ပြောသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။ ဖမ်းဆီးခံရသည့်အမျိုးသမီးမှာ ယနေ့ညနေ ၆ နာရီဝန်းကျင်အထိ ပြန်မလွတ်လာသေးကြောင်း ၎င်းကပြောသည်။ စော်ဖျားကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ပုံစာ- ယနေ့စော်ဖျားကျေးရွာတွင်ပြုလုပ်သည့် ဆန္ဒပြ သပိတ်စစ်ကြောင်း

ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြားက ကံပေါက်သပိတ်စစ်ကြောင်း

diz_admin

May 2, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ‌မေလ ၂ ရက် နေ့လယ်ပိုင်းက ဆန္ဒပြစစ်ကြောင်းကို သေနတ်ပစ်ဖောက် လူစုခွဲ၊ ဖမ်းဆီးမှု‌များရှိသော်လည်း ညနေပိုင်းတွင် သပိတ်စစ်ကြောင်းပြန်ထွက်ပြီး ဆန္ဒပြခဲ့ကြသည်။ ပြောက်ကျားဆန္ဒပြစစ်ကြောင်းနှင့် လမ်းပေါ်ထွက် ဆန္ဒပြစစ်ကြောင်းဟု စစ်ကြောင်းခွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လောင်းလုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်းများကို ခေါ်ယူစစ်ဆေး

diz_admin

May 1, 2021

လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး‌‌ဟောင်းအချို့အား မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပန်းတင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆန်းဝင်းနှင့် ညောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဆန်းမင်းတို့အား စစ်ဆေးရန် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ယင်းကျေးရွာနှစ်ရွာမှ ဒေသခံအချို့က ပြောသည်။ ပန်းတင်အင်းရွာ အုပ်ချုပ်ရေးမှူးဟောင်းအား ဧပြီလ ၃၀ ရက်နှင့် ညောပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအား မေလ ၁ ရက်တို့တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှူးဟောင်းအချို့လည်း ထိန်းသိမ်းခံရသည်ဟု သတင်းထွက်နေသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။ အခြားရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကိုလည်း အစည်းအဝေး တက်ရန်ဟုဆိုကာ ဖုန်းဆက်ခေါ်ယူနေကြောင်း တိမ်းရှောင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ဆိုသည်။ သို့သော် ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် အစည်းအဝေးသွားမတက်ဘဲ တိမ်းရှောင်နေကြကြောင်း ၎င်းကဆိုသည်။ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်နှင့် အခြားမြို့နယ်များရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ကိုလည်း သက်ဆိုင်ရာရဲစခန်းများတွင် […]

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု မစစ်ဖြစ်သေး

diz_admin

May 1, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ် အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့က ချိန်းဆိုထားသော်လည်း မစစ်ဖြစ်သေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။ တရားစွဲခံထားရသည့် ကိုကျော်ထွေးမှာ နှင့် ဆက်စပ် အခြားသူတစ်ဉီး၏ တရားခံပြေးအမှုမပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့နှင့် ၂၇ ရက်ရုံးချိန်းတို့တွင် မစစ်ဆေးဖြစ်ကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား […]

နောက်အစိုးရဖွဲ့ပြီးချိန်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီများ ပြန်ဖွဲ့စည်းမည်ဟု ထုတ်ပြန်

diz_admin

April 30, 2021

တနင်္သာရီတိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်းမည့် စည်ပင်သာယာရေးဥပဒေပါ အခန်းကို ရုတ်သိမ်းကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ အခန်း ၄ အား မတ်လ ၂၃ ရက်နေ့က ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ တနင်္သာရီတိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ယင်းဥပဒေပါ အခန်း ၄ ကို ရုပ်သိမ်းထားကြောင်း Dawei Watch သို့ အတည်ပြုပြောဆိုသည်။ အဆိုပါ ဥပဒေအခန်း ၄ မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်ခြင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ရုပ်သိမ်းသည့်ကာလကို နကစ ကောင်စီက အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်များပြီးမြောက်ပြီးနောက် ရွေးကောက်ပွဲကျင်းပပြီး အစိုးရအဖွဲ့များ ဖွဲ့စည်းပြီးသည့်နေ့အထိ အာဏာတည်ရမည်ဟု ထုတ်ပြန်ထားသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းရန်ပြဋ္ဌာန်းထားပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦး (မြို့မိမြို့ဖကိုယ်စားလှယ်) ကို […]

ထားဝယ်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဆယ်ကျော်ကို ရဲစခန်းတွင်ထိန်းသိမ်းထား

diz_admin

April 30, 2021

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့မှစကာ ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ကိုယ်ရေးအချက်အလက်မေးမြန်းသည်မှအပ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအထိ မည်သည့်စစ်ဆေးမှုမှ မလုပ်သေးကြောင်း သိရသည်။ ထားဝယ်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးဆယ်ကျော်ရှိသော်လည်း အချို့မှာ တိမ်းရှောင်နေသဖြင့် နှစ်ဆယ်ဦးခန့်ကိုသာ ထိန်းသိမ်းထားကြောင်း သိရသည်။ ထိန်းသိမ်းခံထားရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ကို ရဲကားဖြင့်ခေါ်ဆောင်ခံရသူများရှိသကဲ့သို့ အချို့ကိုမူ ရဲစခန်းသို့လာရန် ဖုန်းဆက်ခေါ်ယူခြင်းဖြစ်သည်။ လက်ရှိတွင် ထားဝယ်မြို့မရဲစခန်းအတွင်းရှိ ဓမ္မရုံတွင်ထားရှိပြီး ထမင်းကျွေး၊ လက်ဖက်ရည် တိုက်ထားကြောင်း သိရသည်။ ထားဝယ်ဒေသအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် မြိတ်၊ ကော့သောင်းရှိ အုပ်ချုပ်ရေးမှူးအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြသူများလည်း ရှိသည်။ ပုံစာ – […]

လောင်းလုံးတွင် နှစ်ဦးအဖမ်းခံရ

diz_admin

April 29, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအမျိူးသားတစ်ဦးနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာနေသူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၂၈ ရက်က အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာနေ ကိုညီညီ(ခ) စိုးညီညီထံတွင် လက်လုပ်ဂစ်သေနတ်ရှိသည်ဟု သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။ ယင်းလက်လုပ်သေနတ်အား‌ ကြေးနုပ်ပြင်ရွာနေသူထံမှ ဝယ်ယူသည်ဟုထွက်ဆိုခဲ့သဖြင့် ယင်းကျေးရွာနေ ကိုဝင်းထွန်းအား ထပ်မံဖမ်းဆီးခံရကြောင်း ပန်ဒလဲရွာသားတစ်ဦးကဆိုသည်။ ၎င်းတို့နှစ်ဦးအား လောင်းလုံးမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး တရားစွဲရန် လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်း သိရှိရသည်။