လောင်းလုံး လူငယ်သပိတ် စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ
diz_admin
September 19, 2021လောင်းလုံးမြို့နယ်လုံးဆိုင်ရာ လူငယ် သပိတ်စစ်ကြောင်းသည် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုခ်ဦးအနီး သေနတ် ပစ်ဖောက် ဖြိုခွဲခံလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ သပိတ်စစ်ကြောင်းထွက်နေစဉ် အရပ်ဝတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အိမ်စီးကားဖြင့် ရောက်လာပြီး သေနတ်မိုးပေါ်ထောင်ပစ်၍ ဖြိုခွင်းဖမ်းဆီးရန် ကြိုးစားရာ ခဲ့ကြောင်း သပိတ်တွင် ပါဝင်သူတို့ထံမှ သိရသည်။ “သပိတ်စစ်ကြောင်း ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ သေနတ်လာပစ်လိုက်တော့ အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။ အချို့လဲကျတဲ့သူတွေကို ထူပြီး ထွက်ပြေးလိုက်ကြရတာ” ဟု သပိတ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။ သပိတ်စစ်ကြောင်း ဖြိုခွဲခံရသောနေရာ အနီးရှိ ဆိုင်ကယ် ဆယ်ငါးစီးခန့်ကိုမူ စစ်ကောင်စီတပ်ဖွဲ့ သိမ်းဆည်းသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယနေ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရသော သပိတ်စစ်ကြောင်း […]


