တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ရက်တည်း သုံးဦး သေဆုံး
diz_admin
July 17, 2021တနင်္သာရီတိုင်းတွင် ယမန်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာပြီး ထားဝယ်တွင် သေဆုံးသူ တစ်ဦး၊ ပုလောတွင် သေဆုံးသူ နှစ်ဦးရှိလာသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါကူးစက်သူ ၁၆၅၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ဇူလိုင်လ ၁၆ ရက် တစ်ရက်တည်းတွင် ထားဝယ်၌ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦး၊ မြိတ်တွင် ၂၆ ဦး၊ သရက်ချောင်းတွင် […]


