လောင်းလုံး ကျောက်နီမော်ရွာတွင် တောင်ကမ်းပါးပြို၍ သက်ကြီးရွယ်အို သုံးဦးဒဏ်ရာရပြီး နေအိမ်၆ ဆောင် မြေဖုံးလွှမ်း
diz_admin
July 25, 2021လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာတွင် ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီခန့်က မြေပြိုခဲ့ရာ လူသုံးဦးဒဏ်ရာရပြီး နေအိမ် ၆ ဆောင် မြေဖုံးခံရကြောင်း ယင်းကျေးရွာသားအချို့နှင့် ကာယကံရှင်များထံမှ သိရသည်။ တောင်ကမ်းပါး မြေပြိုမှုကြောင့် အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်မြင့်၊ အသက် ၆၀ ကျော်အရွယ် ဒေါ်မိကြူ၊ အသက် ၆၅ နှစ်အရွယ် ဦးဖစုတို့ ဒဏ်ရာအသီးသီးရရှိပြီး ဒေါ်မိကြူနှင့် ဦးဖစုအား ထားဝယ်ဆေးရုံးသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ အချို့က ပြောသည်။ဒေါ်မိကြူ၏ ခန္ဓာကိုယ်အား မြေဖုံးလွှမ်းသွားသဖြင့် ဖော်ထုတ်ပြီး ဆေးရုံပို့ဆောင်ပေးကာ ဦးဖစုတွင်မူ ခြေထောက်ကျိုးသွားကြောင်း မျက်မြင်ဒေသခံတို့က ဆိုသည်။ ဒေါ်ခင်မြင့် ခန္ဓာကိုယ်တွင် ကျောက်တုံးထိမှန်သည့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင်ပင် နေကျန်ခဲ့သည်ဟုဆိုသည်။ […]


