ထားဝယ်အာယုဒါန၏ အောက်ဆီဂျင်စက်အသစ် လာမည့်အပတ်တွင် ရောက်မည်ဟုဆို
diz_admin
October 1, 2021ထားဝယ်မြို့ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ မှာယူထားသည့် အောက်ဆီဂျင်စက်အသစ်မှာ လာမည့်အပတ်တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် အဆိုပါ အောက်ဆီဂျင်စက်အသစ်မှာ တစ်ရက်လျှင် ၂၂ နာရီ စက်လည်ပတ်ပါက ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၀၀ လုံးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အာယုဒါနအဖွဲ့ထံမှ ဦးအောင်မြင့်က ဆိုသည်။ “စက်ကတော့ တရုတ်စက်ပဲ၊ လာတာက ကုန်းလမ်းကနေ လာမယ်”ဟု ၎င်းက ပြောသည်။ လက်ရှိ ရှိနေသည့် အာယုဒါန၏ အောက်ဆီဂျင်စက်မှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၄၀ လုံးထုတ်လုပ်နေသည်။ အဆိုပါ အောက်ဆီဂျင်များကို ထားဝယ်ဒေသရှိ ဆေးရုံများနှင့် အိမ်လူနာများကို ဖြန့်ဝေပေးနေသည်။ အာယုဒါန၏ အောက်ဆီဂျင်စက်ရုံတွင် လျှပ်စစ်မီးအတွက် အလှူရှင်တစ်ဦးလှူဒါန်းထားသည့် ဆိုလာပြားများတပ်ဆင်ထားပြီး နောက်ထပ်ဆိုလာပြားများ […]


