ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နုတ်ထွက်

diz_admin

August 1, 2021

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်အား သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နစကကောင်စီက ထုတ်ပြန်သည်။ ဦးတင်အောင် အနားယူပြီးနောက် မည်သူ့ကို အစားထိုးခန့်ထားမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ၎င်းသည် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် တိုင်းတရားသူကြီးချုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။ တိုင်းတစက ကောင်စီဥက္ကဋ္ဌအဖြစ်မှ အနားယူလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ဦးတင်အောင်ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။ တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌအပြင် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းကောင်စီ ဥက္ကဋ္ဌများကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီတွင် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးတစ်ဦး၊ ဒေသကိုယ်စားပြုသူ ၁ ဦး သို့မဟုတ် […]

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ပြန်ဖြစ်

diz_admin

August 1, 2021

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအား တိုင်းအစိုးရအဖွဲ့အဖြစ် အမည်ပြောင်းလဲလိုက်ပြီးနောက် ဦးမြတ်ကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်ကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးမြတ်ကိုသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့အပြင် NLD အစိုးရလက်ထက်တွင် နယ်လုံဝန်ကြီးနှင့်နစက ကောင်စီလက်ထက်တွင် တိုင်းကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကိုလည်း မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် ထုတ်ပြန်ထားသည်။ နကစ‌ကောင်စီက ဖွဲ့စည်းလိုက်သည့် တိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်သားရေးရာဝန်ကြီးနှင့် ဥပဒေချုပ် တို့ ပါဝင်မည်ဖြစ်ကြောင်း နစက ကောင်စီ၏ […]

ပရဟိတ လူငယ်များကို ဇမ္ဗူသီရိ အလိုရှိ

diz_admin

July 31, 2021

ထားဝယ်ဒေသတွင် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးနှင့် ပတ်သက်၍ ကူညီပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တွင် ပရဟိတလုပ်မည့် လူငယ်များလိုအပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့က ယာဉ်မတော်တဆမှုကြောင့် ထိခိုက်လူနာများ၊ အိမ်လူနာများနှင့် ကိုဗစ်လူနာများကို ရှေးဦးပြုစုကာ သက်ဆိုင်ရာဆေးရုံများသို့ ကူညီပို့ဆောင်နေသည်။ ထိုသို့ ကူညီပို့ဆောင်ရာတွင် ယခင်က လုပ်အားပေးနေသည့် ပရဟိတလူငယ် ၃၅ ဦးခန့်ရှိသော်လည်း လက်ရှိတွင် အကြောင်းအမျိုးမျိုး ကြောင့် ၁၈ ဦးသာ ကျန်တော့ကြောင်း ဇမ္ဗူသီရိအဖွဲ့မှ ဦးနိုင်မျိုးသွင်က ဆိုသည်။ ထိုကြောင့် လက်ရှိကူညီနေရသည့် ဝန်အားနှင့်လူအင်အား မမျှသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။ ယင်းအခြေအနေတွင် ရှိသည့် လူအင်အားဖြင့် အဆိုင်းခွဲ ကူညီနေရပြီး အဖွဲ့သားအချို့မှာ ပင်ပန်းလွန်းပြီး မူးမေ့လဲသည်အထိ ဖြစ်သွားခဲ့ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။ “အခုလိုမျိုး ကူညီပေးနေတဲ့အင်အားက မနိုင်မနင်းနဲ့ […]

တနင်္သာရီတိုင်း ကိုဗစ် တတိယလှိုင်း

diz_admin

July 30, 2021

နိုင်ငံတဝန်း ကိုဗစ်ရောဂါကူးစက်မှု တစ်ဟုန်ထိုးများလာချိန်တွင် တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်သူ အရေအတွက်က တိုးလာနေသည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၈ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ၁၆၀၀ ကျော် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။ တစ်ကယ့်မြေပြင်တွင်မူ ကိုဗစ်ကူးစက်ခံရသူအရေအတွက်မှာ ကျန်းမာရေးဌာနထုတ်ပြန်ချက်ထက် ပိုမိုများပြားနေကြောင်း ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကူညီပေးနေကြသည့် ထားဝယ်ဒေသအခြေစိုက် ပရဟိတအဖွဲ့များက ခန့်မှန်းကြသည်။ လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါရှိ မရှိကို ကျန်းမာရေးဌာနက စစ်ဆေးပေးနေသော်လည်း ပြည်သူအချို့က ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းဖြင့် နေအိမ်တွင်ပင် မိမိအစီအစဉ်ဖြင့် စစ်ဆေးနေကြသည်။ ထိုသို့ စစ်ဆေးပြီး ကိုဗစ်ပိုးရှိကြောင်း အဖြေထွက်သည့်အခါ နေအိမ်တွင်ပင် သီးခြားနေထိုင်ပြီး မိမိအစီအစဉ်ဖြင့်ပင် ကုသနေသူများလည်း ရှိနေသည်။ ထိုကဲ့သို့ နေအိမ်တွင်မိမိအစီအစဉ်ဖြင့် ကုသနေသူများထဲတွင် ထားဝယ်မြို့ […]

တကူကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အနီး ပေါက်ကွဲမှုဖြစ်

diz_admin

July 29, 2021

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာသားများ ထံမှသိရသည်။ တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာတွင်ရှိသည့် တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဉီးကျော်ငွေ၏ နေအိမ်အနီးတွင် ဇူလိုင်လ ၂၈ ရက် ည ၈ နာရီကျော်က ပေါက်ကွဲခဲ့ကြောင်း ကျေးရွာသားအချို့က ဆိုသည်။ “အသံက တော်တော်ကျယ်တယ်။ နှစ်လုံးပေါက်ကွဲတာကြားရတယ်။ ပဲ့တင်သံနဲ့ဆို သုံးလုံးလို ဖြစ်နေတာပေါ့” ဟု သံတိုက်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရပြီး မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကိုလည်း မသိရကြောင်း ဒေသခံ အချို့က ဆိုသည်။ “ခုထိတော့ လာပြီးစစ်ဆေးတာ မတွေ့ရသေးဘူး” ဟု အထက်ပါရွာသားက ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြောသည်။ အဆိုပါ သံတိုက်ကျေးရွာတွင် […]

ကိုဗစ်ကပ်ဘေးကာလ မုဆိုးလန်ရွက် ဈေးကွက်ဝင် ၊ တစ်စည်း နှစ်ရာကျပ်

diz_admin

July 29, 2021

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ထားဝယ်ဒေသအခေါ် မုဆိုးလန်ရွက် (လောက်သေရွက်) အရောင်းအဝယ်ဖြစ်လာပြီး ဈေးကွက်ဝင်လာသည်ကို တွေ့ရသည်။ မုဆိုးလန်အရွက်မှာ နီးစပ်ရာတောတောင်ချုံများတွင် အလွယ်တကူ ပေါက်ရောက်နေသဖြင့် အရောင်းအဝယ်မရှိသလောက် အခြေအနေဖြစ်သည်။ လက်ရှိအချိန်တွင်မူ ထားဝယ်ဒေသရှိ ကျေးရွာအချို့တွင် မုဆိုးလန်အရွက် တစ်စည်းလျှင် ငွေကျပ်နှစ်ရာဖြင့် ရောင်းချလာကြသည်။ ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်လာချိန်တွင် အဆိုပါ မုဆိုးလန်ရွက်ကို ကျိုချက်သောက်ပါက ကိုဗစ်ရောဂါပျောက်ကင်းသည်ဟု ဖေ့ဘုတ်ပေါ် မျှဝေသူများလာပြီးနောက် အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင်တွင်လည်း မုဆိုးလန်ရွက်တစ်စည်းလျှင် ကျပ်နှစ်ရာဖြင့် ရောင်းနေကြောင်း ယင်းကျေးရွာနေ ကိုဇော်က ပြောသည်။ “အခုတောင်ရှားသွားပြီ ခူးတဲ့သူကလည်း များလာတယ်။ အခုအိမ်မှာလည်း အဲဒါပဲ သောက်တော့တယ်”ကိုဇော်က ဆိုသည်။ လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်တွင်လည်း မုဆိုးလန်ရွက် ရောင်းဝယ်သူများ ရှိနေသည်။ သို့သော် ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသတွင် မုဆိုးလန်ရွက်အား […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

diz_admin

July 29, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၃၀၂ ဦးရှိပြီး သေဆုံးသူမှာ ၄၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ တစ်ပတ်တာကာလအတွင်း ထားဝယ်တွင် သေဆုံးသူ ၂၄ ဦး၊ သရက်ချောင်းတွင် ၄ ဦး၊ ရေဖြူတွင် ၂ ဦး၊ မြိတ်တွင် ၄ ဦး၊ ပုလောတွင် ၅ ဦး၊ ကော့သောင်းတွင် ၃ ဦးရှိကြောင်း […]

လောင်းလုံး ရေဖြူရွာသားငါးဦးကို ဖမ်းပြီးစစ်ဆေးနေ ဟုဆို

diz_admin

July 28, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာနေ ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဇူလိုင်လ ၂၈ ရက်နေ့က ရဲနှင့် စစ်တပ်မှ ဖမ်းဆီးပြီး ရေဖြူအထက်တန်းကျောင်းတွင် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခံနေရသူများမှာ ကိုကောင်းဝေယံ ခေါ် နီနီ၊ ဦးစိုးစိုးနှင့် ၎င်း၏တူဖြစ်သူ ကိုထွေးထွေး၊ ဒေါ်မြအေးနှင့် ၎င်း၏သမီးဖြစ်သူ တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သပိတ်စစ်ကြောင်းထဲမှာ ပါတဲ့ဓာတ်ပုံတွေနဲ့ လာဖမ်းတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။ ယနေ့နံနက် ၉ နာရီအချိန်မှစပြီး ရဲနှင့်စစ်သား အင်အားသုံးဆယ်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး နေ့လယ် ၂ နာရီအထိ စစ်‌ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှု မကြာခဏပြုလုပ်လေ့ရှိသည်။