ထားဝယ်ဒေသတွင် ကိုးလအတွင်း နိုင်ငံပိုင်သတင်းစာရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျ
diz_admin
October 21, 2021ထားဝယ်တွင် ဖေဖော်ဝါရီလမှစကာ အချိန်ကိုးလတာကာလအတွင်း နိုင်ငံပိုင်သတင်းစာရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း သတင်းစာဖြန့်ချိရေး ကိုယ်စားလှယ်အချို့ထံမှ သိရသည်။ နိုင်ငံပိုင်သတင်းစာများမှာ မြန်မာအလင်း၊ ကြေးမုံ ၊ The Global New Light of Myanmar သတင်းစာများဖြစ်သည်။ ဖေဖော်ဝါရီလမတိုင်မီက နေ့စဉ်သတင်းစာစောင်ရေ ၃၀၀ ဝန်းကျင်ဖြန့်ချိနေရာမှ လက်ရှိအချိန်တွင် စောင်ရေ ၂၀၀ ဝန်းကျင်သာ ကျန်တော့ကြောင်း ထားဝယ်မြို့ရှိ သတင်းစာကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ရပ်နားခဲ့ပြီးနောက် ထားဝယ်တွင် အစိုးရသတင်းစာများသာ ကျန်ခဲ့သည်။ “အခုချိန်မှာ အစိုးရရုံးတွေပဲ အစိုးရသတင်းစာတွေ ဖတ်ကြတော့တယ်” ဟု အထက်ပါ သတင်းစာကိုယ်စားလှယ်က ပြေသည်။ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် […]


