ထားဝယ်ဈေးကွက်အတွင်း ဂက်စ်မီးခြစ် ပြတ်လပ်
diz_admin
October 23, 2021ထားဝယ်ဒေသတွင် ဂက်စ်မီးခြစ်ပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဂက်စ်မီးခြစ်ကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ ရန်ကုန်သို့ပင် မှာမရတော့ကြောင်း ထားဝယ်မြို့စျေးတောင်ဘက်လမ်းရှိ အဆိုပါပစ္စည်းရောင်းချသူအမျိုးသားက ပြောသည်။ “လုံး၀ကိုမရှိတော့ဘူး တရုတ်နယ်စပ်ဂိတ်တွေပိတ်လို့ ပစ္စည်းမသွင်းနိုင်တော့ဘူးလို့ ရန်ကုန်ဆိုင်တွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်ခရိုင်အတွင်း ကျေးရွာစျေးဆိုင်အချို့တွင်လည်း ပစ္စည်းပြတ်လပ်သည်အထိဖြစ်နေပြီးထားဝယ်တွင်မည်သည့်ဆိုင်တွင်မှဝယ်မရတော့ကြောင်း လောင်းလုံးမြို့နယ်ရှိ ကုန်စုံဆိုင်ရောင်းသည့် အမျိုသမီးက ပြောသည်။ “လာဝယ်နေကြာတာများပြီ ။ ထားဝယ်ကို မှာလည်း ပစ္စည်းမဝင်သေးဘူးပဲ ပြောတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ လက်ရှိတွင် မီးခြစ်ဈေးနှုန်းနှစ်ဆခန့်တက်သွားငည့်အတွက် ဝယ်မရောင်းတော့ကြောင်း ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ဈေးဆိုင်းရောင်းသူ အမျိုးသမီးတစ်ဦးက ပြေသည်။ “ထားဝယ်မှာ မီးခြစ်တစ်လုံး လေးရာရှိနေပြီ။ နှစ်ဆလောက် တက်နေတယ်။ လိုသလောက်လည်း မရတော့ မဝယ်ရောင်းတော့ဘူး”ဟု […]


