ထားဝယ်တစ်ခရိုင်လုံးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခွင့် ပိတ်ပင်
diz_admin
November 11, 2021အမျိုးသားနှစ်ဦးတည်း ဆိုင်ကယ်အတူစီးခွင့်ကို ထားဝယ်ခရိုင်တစ်ခုလုံးတွင် ပိတ်ပင်တားမြစ်လိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုသည်။ တိုင်းရဲတပ်ဖွဲ့မှ ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ပြီး ထိုသို့ တားမြစ်ရခြင်း အကြောင်းကို တိတိကျကျ မသိရသေးပေ။ ဆိုင်ကယ်မောင်းသူသည် အမျိုးသားတစ်ဦးတည်း (သို့) ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးနှင့် နောက်မှ ထိုင်လိုက်သူ အမျိုးသမီးတစ်ဦး အတူတူတွဲစီးခြင်း၊ အမျိုးသမီးနှစ်ဦးတွဲ၍ စီးခြင်းရသော်လည်း အမျိုးသားနှစ်ဦးတည်း ဆိုင်ကယ် အတူစီးခြင်းကိုမူ ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ “မသိဘဲနဲ့ စီးလာရင်နောက်နေ့ကျရင် အရေးယူမယ်လို့တော့ ပြောတာပဲ၊ ဘယ်လို အရေးယူမယ်လို့တော့ ဘာမှတော့ ပြောထားတာမရှိဘူး၊ ဒီနေ့တော့ လူကိုနောက်ပြန်ဆုတ်ခိုင်းတယ်၊ စီးလာတဲ့တစ်ယောက်ပါရင် နောက်ပြန်လွတ်တယ်၊ အရေးမယူဘူးပေါ့” ဟု ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းသို့ တားမြစ်ချက်ကို တိုင်းအစိုးရညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ […]


