ထားဝယ်တွင် ငါးခြောက်တစ်ပိဿာလျှင် တစ်သောင်းကျော်အထိ ဈေးတက်
diz_admin
April 26, 2022ထားဝယ်တွင် ငါးခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် သုံးထောင်မှ တစ်သောင်းကျော်အထိ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။ ထားဝယ်ဒေသအခေါ် အူကီးခြောက် (ခ) ငအူညှင်းခြောက်မှာ လွန်ခဲ့သည့် တစ်လကျော်ခန့်က တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ ဖြစ်နေကြောင်း ငါးခြောက်ရောင်းသူအချို့က ပြောသည်။ ငါးမန်းခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်မှာ ၂၅,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်၊ စာပလပ်ခြောက်မှာ ၁၅,၀၀၀ ကျပ်မှ ၂၅,၀၀၀ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဒလုံးခြောက်မှာ ၁၃,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်၊ ငါးပုပ်ခြောက်မှာ ၂၅,၀၀၀ ကျပ်မှ […]


