ထားဝယ်ခရိုင် ယခုနှစ်မီးလောင်မှုများတွင် ရှို့မီးနှင့် လျှပ်စစ်ကြောင့် အများဆုံး
diz_admin
December 29, 2021ထားဝယ်ခရိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုအကြိမ် နှစ်ဆယ်ကျော်ရှိပြီး ယင်းအနက် ရှို့မီးနှင့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်နေကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ မီးလောင်ကျွမ်းမှု ၂၂ ကြိမ်ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ စာရင်းအရ သိရသည်။ အဆိုပါ မီးလောင်မှုများအနက် ရှို့မီး ခုနစ်ကြိမ်နှင့် လျှပ်စစ်မီးကြောင့် ခုနစ်ကြိမ် လောင်ကျွမ်းကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ရှို့မီးတွင် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် လုပ်ဆောင်မှုအပြင် ယင်းနှင့် မသက်ဆိုင်ဘဲ အခြားသော ကိစ္စများကြောင့်လည်း ပါဝင်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ မီးဖိုမီးမှတစ်ဆင့် လောင်ကျွမ်းမှု ခြောက်ကြိမ်နှင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု နှစ်ကြိမ်ရှိကြောင်း ယင်းစာရင်းအရ သိရသည်။ ထိုမီးလောင်မှုများတွင် နေအိမ်အဆောက်အအုံ ၁၄ လုံး […]


