ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

မြို့နယ်ငါးခုက စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်

diz_admin

February 21, 2022

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ငါးခုက စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ စော်ဖျားရွာ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူအချို့က ပြောသည်။ တိုင်းအတွင်း စစ်ဘေးရှောင်စခန်းများမှာ ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် နှစ်ခု၊ ပုလောမြို့နယ်တွင် တစ်ခု စုစုပေါင်း နေရာ သုံးခုသာရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်၊ ရေဖြူ စစ်ရှောင်စခန်း နှစ်ခုနှင့် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်ရန် အဆောက်အအုံများ လိုအပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူထပ်တိုး

diz_admin

February 20, 2022

ထားဝယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၀) ကိုဗစ်ကြောင့် သေဆုံးသူ အမျိုးသမီးတစ်ဦး ထပ်တိုးလာကြောင်း နာရေးကူညီမှု-ထားဝယ် ထံမှ သိရသည်။ ယခုသေဆုံးသူ အသက် ၆၀ ခန့်ရှိ အမျိုးသမီးမှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာမှဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ အဆိုပါနေ့တွင်ပင် ရေဖြူမြို့နယ်က အသက် ၅၉ အရွယ် အမျိုးသမီးတစ်ဦးလည်း ကိုဗစ်ကြောင့် သေဆုံး သွားသဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း နာရေးကူညီမှု-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “ဒီဟာကို ပေါ့ပေါ့ပါးပါးနဲ့ သွားနေရတယ်ဆိုပြီး ထင်နေတုန်း။ တကယ်လည်း ပေါ့ပေါ့ပါးပါးနဲ့ သွားနေကြ တာကိုး။ အခုကူးနေတာ အိုမီခရွန်လား၊ […]

ထားဝယ်ထောင်တွင် ထောင် ၇ နှစ်ချခံရသူ မခင်ကေခိုင်ကို ထိရောက်စွာဆေးကုခွင့်ရရန် မိသားစု တောင်းဆို

diz_admin

February 20, 2022

ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရကာ ထားဝယ်အကျဉ်းထောင်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ထောင်ဒဏ် ၇ နှစ်အမိန့်ချခံရသည့် မခင်ကေခိုင်ကို ထိရောက်စွာ ဆေးဝါးကုသခွင့်ပေးရန် ၎င်း၏မိသားစုဝင်များက တောင်းဆိုလိုက်သည်။ အသက် ၃၄ နှစ်အရွယ် မခင်ကေခိုင်သည် ထားဝယ်ခရိုင်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိမ်အနောက်ဘက် ခြံဝင်းအတွင်း ဝင်လာစဉ် ရွာသားများနှင့် အတူ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ “ဆေးကုသမှု ပြန်လိုချင်တာပေါ့လေ။ သူတို့ထောင်ချရင်လည်း ချတာပေါ့။ ဆေးတွေဘာတွေ ကုသပေး ရင်တော့ ပိုကောင်းတာပေါ့။ အစ်မကိုပဲ စိုးရိမ်နေတယ်” ဟု မခင်ကေခိုင်၏ ညီမဖြစ်သူ ငယ်ငယ်က ပြောသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နေအိမ်ခြံဝင်း အနောက်ဘက်တွင် […]

ထားဝယ်တွင် ယနေ့ ကိုဗစ်ကြောင့် တစ်ဦးသေဆုံး

diz_admin

February 19, 2022

ကိုဗစ် ကူးစက်မှု နေ့စဉ် များပြားမြင့်တက်လာနေသည့် ထားဝယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၉) ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း နာရေးကူညီမှု-ထားဝယ်က ထုတ်ပြန်ထားသည်။ ထားဝယ်ဆေးရုံကြီးက ကိုဗစ်ဖြင့် သေဆုံးသူရှိသည်ဟု အကြောင်းကြားလာသဖြင့် နာရေးကူညီမှု-ထားဝယ်က အလောင်းကို သယ်ယူကာ မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။ အသက် ၅၉ နှစ်ခန့်ရှိ သေဆုံးသူ အမျိုးသမီးမှာ ရေဖြူမြို့နယ်က ဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်မှ အသက် ၅၂ နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့သဖြင့် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီမှု-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကိုဗစ်ဗီဇမျိုးကွဲသစ် အိုမီခရွန်တွေ့ရှိလာသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်များ တစ်ကျော့ပြန် တွေ့လာရပြီး ဖေဖော်ဝါရီလ […]

မြိတ် သံဃာ့ဆေးရုံရှိ ခေတ္တပိတ်ထားသည့် ဖျားနာကု အခမဲ့ဆေးပေးခန်း ပြန်ဖွင့်

diz_admin

February 18, 2022

မြိတ်မြို့ သံဃာ့ဆေးရုံရှိ ဖျားနာကု Fever Clinic အခမဲ့ ဆေးပေးခန်းကို ခေတ္တပိတ်ထားရာမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်လိုက်ထားပြီဖြစ်ကြောင်း အဆိုပါဆေးခန်းထံမှ သိရသည်။ ဆေးပေးခန်းရှိ စေတနာ့ဝန်ထမ်းတို့၏ ပညာရေးအတွက် ကြိုးပမ်းနေကြရခြင်း၊ ကိုဗစ် တစ်ကျော့ပြန် ကူးစက် လာနိုင်ခြေများကြောင့် လုံခြုံမှုရှိအောင် ပြုပြင်မွမ်းမံရန်တို့အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစပြီး ခေတ္တပိတ်ခဲ့ကြောင်း အဆိုပါဆေးပေးခန်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ လက်ရှိတွင် ဖျားနာ လူနာများ ပြန်လည် များပြားလာသည့်အတွက် Fever Clinic အခမဲ့ ဆေးပေးခန်းကိုပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယင်းဆေးခန်းထံမှ သိရသည်။ အဆိုပါ ဆေးပေးခန်းသည် ဖျားနာလူနာများအပြင် ကို‌ဗစ်ပိုးတွေ့လူနာတို့အား ကုသဆောင်ရွက်ပေးသည့် ဆေးပေးခန်းတစ်ခုဖြစ်သည်။ မြိတ်မြို့တွင် ကိုဗစ်ပိုး ကူးစက်မှုများပြားနေပြီး ဖေဖော်ဝါရီလ ၃ […]

သီဟိုစေ့ အထွက်နှုန်းလျော့သဖြင့် ဈေးတိုးပေးဝယ်သော်လည်း ရောင်းသူနည်း

diz_admin

February 18, 2022

ထားဝယ်ဒေသထွက် သီဟိုစေ့ တစ်ပိဿာကို ကျပ် ၂၇၀၀ ဝန်းကျင်အထိ ဈေးပေးဝယ်နေရသော်လည်း ယခုနှစ် အထွက်နှုန်းလျော့သဖြင့် ရောင်းသူနည်းကြောင်း ထားဝယ်မြို့တွင် သီဟိုစေ့ လက်လီလက်ကား အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ သီဟိုစေ့ ရာသီဖွင့်ဈေးမှာ တစ်ပိဿာကို နှစ်ထောင်ကျပ်ဖြစ်ပြီး လက်ရှိတွင် ၂၇၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူနေသော်လည်း ကုန်ချိန် အရနည်းကြောင်း ၎င်းက ဆိုသည်။ “အရင်နှစ်က အခုချိန်လောက်ဆို ကုန်ချိန် ပိဿာ လေးထောင်‌လောက်ရနေတယ်။ ယခုနှစ်က နှစ်ထောင်ကျော်ပဲ ရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ်ရှိ သီဟိုခြံပိုင်ရှင်တစ်ဦးက သီဟိုသီး ဝတ်ဆံထွက်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်း နှင်းခါးရိုက်ခြင်း မိုးရွာခြင်းကြောင့် ဝတ်ဆံများကြွေကျကာ ယခုနှစ်မှာ အသီးထွက်နှုန်း ကျဆင်းကြောင်း ပြောသည်။ “ဒီနှစ်က နှမ်းခါးတွေကျပြီး […]

တက္ကသိုလ်ကျောင်းသူနှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရ

diz_admin

February 17, 2022

တက္ကသိုလ်ကျောင်းသူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတပ် ဖမ်းဆီးတရားစွဲကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့် ဆွေမျိုးနီးစပ်သူ အချို့ထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်တက္ကသိုလ်က အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ်ရှိ မအိခြူးခြူးမော်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ်ရှိ မလင်းလက်ကြည်တို့ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က နေအိမ်အသီးသီးသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီး သွားပြီး မေတ္တာရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဆွေမျိုးနီးစပ်သူအချို့ထံမှ သိရသည်။ ယင်းနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း […]

ထားဝယ်လေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

February 11, 2022

ရန်ကုန်မြို့မှ ထားဝယ်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာသည့် လေယာဉ်စီး ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆိုက်ရောက်လာသည့် လေယာဉ်နှစ်စီးမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တပ်ဖွဲ့မှူးက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးသည့် လက်မှတ်ရှိသော်လည်း ကိုဗစ် စစ်ဆေးထားသည့် လက်မှတ်မပါသူများ၊ ကိုဗစ် ရှိ မရှိ စစ်ဆေးထားသည့် ဆေးစစ်လက်မှတ်မှာ ၇၂ နာရီကျော်နေသူများကို ထားဝယ် လေဆိပ်တွင် ကိုဗစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သူများကို နေအိမ်ကွာရန်တင်းနှင့် ဟိုတယ်ကွာရန်တင်း နေရာများသို့ ပို့ဆောင်လိုက်ကြောင်း တပ်ဖွဲ့မှူးက ပြောဆိုသည်။ “လူနာရှင်ရဲ့ဆန္ဒအရ […]