ထားဝယ်တွင် အရက်ရောင်းခွင့်လိုင်စင်အသစ် ချမပေးသေးဟုဆိုသော်လည်း ဆိုင်အသစ်များတိုးလာ
diz_admin
March 24, 2022ထားဝယ်ခရိုင်အတွင်း အရက်ရောင်းချခွင့် လိုင်စင် (ယစ်မျိုးလိုင်စင်) အသစ်ချပေးထားခြင်းမရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုသော်လည်း ဒေသခံအချို့ကမူ ခရိုင်အတွင်း အရက်အမျိုးအမျိုးကို လက်လီ၊ လက်ကား ရောင်းချနေသည့် ဆိုင်အသစ်များကို တွေ့လာကြောင်း ဆိုသည်။ အရက်လိုင်စင်အသစ် ချပေးခြင်းမရှိဘဲ အရင်လိုင်စင် အဟောင်းများကိုသာ သက်တမ်း တိုးပေးခြင်း ရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူအချို့ကမူ လိုင်စင် ရှိမရှိကို သေသေချာချာ မသိရသော်လည်း ချက်အရက်ဆိုင် (အရက်ဖြူဆိုင်) အပါအဝင် နိုင်ငံခြားအရက်အမျိုးမျိုးကို လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များအသစ်တိုးလာသည်ကို တွေ့နေရကြောင်း ပြောဆိုကြသည်။ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကမူ “လိုင်စင်အသစ် ချပေးထားတာမရှိလို့ တရားဝင်တော့ ရောင်းလို့မရဘူး” ဟု ဆိုသည်။ ဖေဖော်ဝါရီလအတွင်းက အရက်ဆိုင်အသစ်ဖွင့် ရောင်းချနေသည့် ဆိုင်တစ်ဆိုင်အား လိုင်စင်ကိစ္စသွားရောက် မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အကြောင်းမရှိဟုသာ […]


