သင်္ကြန်အကြတ်နေ့ ထားဝယ် ဗဟိုလမ်းဆုံတွင် ဗုံးဟုယူဆရသည့်အထုပ်တွေ့
diz_admin
April 15, 2022သင်္ကြန်အကြတ်နေ့တွင် ထားဝယ်မြို့၏ အဓိကလမ်းဆုံတစ်နေရာဖြစ်သည့် ဗဟိုလမ်းဆုံတွင် ဗုံးဟု ယူဆရသည့် အထုပ်တစ်ထုပ်တွေ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဗဟိုလမ်းဆုံတွင် ယနေ့ (ဧပြီ ၁၅) မွန်းလွဲ ၂ နာရီခန့်က ဗုံးဟုယူဆရသည့် အထုပ်ကို တွေ့ရှိရပြီးနောက် လမ်းသွားလမ်းလာများ မဖြတ်သန်းရဲကြတော့ကြောင်း မြို့ခံအချို့က ပြောသည်။ ယင်းနောက် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ယင်းနေရာကို လာရောက်ရှင်းလင်းကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ရှင်းလင်းနေစဉ်အတွင်း ဗဟိုလမ်းဆုံကို မိနစ် ၃၀ ခန့် လမ်းပိတ်လိုက်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ “အခုတော့ သွားနေကြပြီ။ အစစ်အဆေး မရှိတော့ဘူး” ဟု ယနေ့ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်က ယင်းလမ်းဆုံကို ဖြတ်သန်းသွားခဲ့သူတစ်ဦးက ပြောဆိုသည်။ ဝါယာကြိုး၊ နှစ်လက်မပိုက် စသည်တို့ဖြင့် ချိတ်ဆက်ထားသည့် […]


