ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းမြို့နယ် ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားတွင် တိုက်ပွဲဖြစ်

diz_admin

April 20, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်ဘေးးရှိ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာကြားရှိ ဥတ္တူတံတားအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၀) ရက် နံနက် ၅ နာရီခန့်မှ ၇ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ဥတ္တူတံတားတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ ကြာပြီဖြစ်ပြီး ယင်းတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ သေနတ်သံများကို နံနက် ၇ နာရီခန့်အထိ ကြားရကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်သံတွေကတော့ ဆူညံနေရောပဲ။လက်နက်ကြီးသံတွေလည်း တဂျိမ်းဂျိမ်းပဲ အသံကြားနေတာ၊ မိုင်းခွဲသံအကြမ်းကြီး နှစ်လုံးကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီဘက်က စစ်ကူတက်လာသည့် စစ်တပ်ကားမှာ ပိန်းတောရွာနှင့် ပန်းပြင်ရွာကြားရှိ […]

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေး ကျပ်နှစ်ထောင်ကျော်အထိမြင့်တက်

diz_admin

April 19, 2022

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာ‌‌ကြောင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။ ထားဝယ်မြို့တွင် လက်ရှိရောင်းချနေ‌ေသာစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (၉၂) တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ၂၄၃၀ ကျပ်အထိ မြင့်တက်သွားကြောင်း DDPC စက်သုံးဆီအရောင်းဆိုင်ထံမှ သိရှိရသည်။ “သင်္ကြန်အပြီး လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စက်သုံးဆီဈေး ၂၀၀၀ ကျော်နေပြီ” ဟု လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသူ တစ်ဦးမှ ဆိုသည်။ နှစ်ဆန်းတစ်ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၀၁၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၁၈၀ […]

သားအသတ်ခံရပြီး ၇ လအကြာအမေဖြစ်သူ ထပ်မံပစ်သတ်ခံရ

diz_admin

April 19, 2022

ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာတွင် နေထိုင်သည့်စစ်ကောင်စီ သတင်းပေးဆိုသူ ဦးမိုးဟိန်း အသတ်ခံရပြီး ၇ လအကြာ ဧပြီလ ၁၈ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က အမေဖြစ်သူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဦးမိုးဟိန်း၏အမေ အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နှင်းရီဆိုသူဖြစ်သည်။ ယင်းနေ့ည ဆယ်နာရီခန့်က သေနတ်ကိုင် လူငယ်နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး သားမက်ဖြစ်သူ ဦးစိုးသိန်း နှင့် သမီးဖြစ်သူဒေါ်ချိုတို့၏ နာမည်များခေါ်ပြီး တံခါးဖွင့်ခိုင်းသည်ကို ကြားရကြောင်း၊ ယင်းနောက် စကားပြောသံများ၊ သေနတ်သံများ ကြားရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဦးစိုးသိန်းက လည်ပင်းရှပ်ထိဒါဏ်ရာနဲ့ သေချင်ယောင်ဆောင် နေတယ်လို့ပြောတယ်။ ဒေါ်နှင်းရီကတော့ နားအုံကို ထိသွားတယ်”ဟု ၎င်းကပြောသည်။ ၎င်းတို့မိသားစုသည် ညတွင်းချင်းတိမ်းရှောင်သွားသည်ဟု သိရပြီး ဒေါ်နှင်းရီကိုမူ သေသည်ဟုထင်ကာ နေအိပ်ပေါ်တွင် […]

သရက်ချောင်း တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါပြန်တွေ့၊ ဆေးဝါးအခက်အခဲဖြစ်

diz_admin

April 18, 2022

တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားနေပြီး ဆေးဝါးအခက်အခဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လမှစပြီး ငှက်ဖျားပိုးစတင်စစ်ဆေးတွေ့ရှိလာပြီး ဧပြီလ ၁၈ ရက်အထိ ပိုးတွေ့သူ ၂၀ ဦးခန့် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲတွင် ကျေးရွာဆယ်ရွာရှိပြီး ယခုငှက်ဖျားပိုး‌စစ်ဆေးတွေ့ရှိသူ ၂၀ ဦးမှာ ကျွဲခြံ၊ ဝမ်းကဖော်၊ ကျောက်အိုက်၊ မယ်ကဲ၊ ရေဗျတ်၊ အလယ်စု စသည့် ကျေးရွာခြောက်ရွာရှိ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “အခုလောလောဆယ်တော့ ငှက်ဖျားမိနေတဲ့သူ ငါဦးကျန်သေးတယ်။ ကျန်တဲ့သူတွေကတော့ သက်သာနေပြီ” ဟု ၎င်းက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲ အခြားကျေးရွာလေးရွာတွင် ငှက်ဖျားရောဂါဖြစ်ပွားမူ ရှိနေသော်လည်း လူဦးရေမည်မျှ ဖြစ်ပွားနေသည်ကို […]

တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း ဒလန်ဟုဆိုသူ ၂၀ နီးပါး အသတ်ခံရ

diz_admin

April 18, 2022

တနင်္သာရီတိုင်းတွင် ဧပြီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတင်းပေး ဒလန်ဟုဆိုကာ သတ်ဖြတ်ခံရသူ ၁၈ဦး ရှိကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းထားချက်၊ ထုတ်ပြန်ချက်များအရ သိရသည်။ ဧပြီလ နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ အသတ်ခံရသူများတွင် လောင်းလုံး မြို့နယ်က ၁၀ ဦးရှိပြီး ရေဖြူတွင် လေးဦး၊ ထားဝယ်တွင် နှစ်ဦး၊ ပုလောတွင် တစ်ဦး၊ မြိတ်တွင် တစ်ဦး ရှိသည်ကို တွေ့ရသည်။ လောင်းလုံးမြို့နယ်က တစ်ဦးမှာ တိုက်ခိုက်ခံရသော်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ အသတ်ခံရသူများမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ၊ စစ်ကောင်စီအားပေး ထောက်ခံသူ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ စစ်တပ်နှင့် ရဲသတင်းပေး ဒလန်ဟုဆိုသူများအပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း ပစ်ခတ်ရှင်းလင်းမှုများကို လုပ်ဆောင်ပြီးနောက် […]

သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာဧရိယာအတွင်း စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

April 17, 2022

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအလွန် ကမြိုင်ကျေးရွာ ဧရိယာအဝင် မြိတ်-ထားဝယ် ကားလမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက် ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ အဆိုပါ စစ်တပ်ကား သုံးစီးမှာ မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သားများ ကားပေါ်မှဆင်း၍ ပစ်ခတ်စဉ် မိုင်းဆွဲတိုက်ခိုက်သူတို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ မိုင်းဆွဲခံရသည့်နေရာအနီးရှိ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးနေပြီး အနီးဝန်းကျင်ရှိ ရော်ဘာခြံအလုပ်လုပ်ကိုင်သူ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကားသုံးစီးနှင့် ကရိန်းကားတစ်စီးကိုတွေ့ရကြောင်း သရက်ချောင်းမြို့ဘက်မှ ကျွဲမင်းကုန်းရွာကို ပြန်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကားတစ်စီးကြေသွားတယ်၊ အခုကရိန်းကားနဲ့ လာဆွဲနေတာထင်တယ်၊ မနက်တုန်းက အရေးပေါ်ကားနဲ့တင်ဆောင်သွားတဲ့ လူနာတွေရှိတယ်” […]

လောင်းလုံး ကဒက်ငယ်ထိန်ရွာက လောင်းကစားဝိုင်း သေနတ်ပစ်ဖောက် သတိပေးခံရ

diz_admin

April 15, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာရှိ လောင်းကစားဝိုင်းများအား သေ‌နတ်လေးချက်ပစ်ဖောက်ကာ သတိပေးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်) က ထုတ်ပြန်ထားသည်။ သင်္ကြန်အကြတ်နေ့ ယနေ့ (ဧပြီ ၁၅) ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ပစ်ဖောက် သတိပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကဒက်ငယ်ထိန်ကျေးရွာတွင် ‌အနည်းဆုံး နေရာသုံးခုတွင် ဖဲဝိုင်းလောင်းကစားများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ ကဒက်ငယ်ထိန်ရွာအစွန် ရမ်းပင်ကြီးနေရာနှင့် ကဒက်ငယ်ထိန် ရွာထဲ နေအိမ်ခြံအတွင်း ပြုလုပ်သည့် ဖဲဝိုင်းနှစ်နေရာရှိကြောင်း ဒေသခံအချို့က ပြောကြားသည်။ ရမ်းပင်ကြီးနေရာတွင်မူ ယခင်ကတည်းက ကျပ်သိန်းဆယ်ချီပြီး ဖဲဝိုင်းထောင်လေ့ရှိကာ PDF အဖွဲ့နှစ်ခုက သတိပေးစာထုတ်ပြီးနောက် ရပ်နားခဲ့ပြီး ယခုသင်္ကြန်အတွင်း ပြန်လည်ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သေနတ်သံ သုံးချက်ကြားတာနဲ့ ကြောက်ပြီးပြေးထွက်လာတာ။ ရမ်းပင်ကြီးနေရာမှာက […]

ရေဖြူမြို့ သင်္ကြန်မဏ္ဍပ်အနီးကို ဒရုန်းပေါ်မှ ဗုံးပစ်ချကာ တိုက်ခိုက်ခဲ့ဟု YPPDF ထုတ်ပြန်

diz_admin

April 15, 2022

ထားဝယ်ခရိုင် ရေဖြူမြို့ (က) ရပ်ကွက် ရဲစခန်းရှေ့ ပန်းခြံတွင် ဆောက်လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကျနေ့တွင် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း  ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF) သတင်းထုတ်ပြန်သည်။ Drone (ဒရုန်း) တွင် လက်လုပ်ဗုံး တပ်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်နှင့် ရဲစခန်းအကြား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို တိုက်ခိုက်ခြင်း ဖြစ်ပြီး ထိခိုက်မူအခြေအနေကို မသိရသေးကြောင်း ယင်းအဖွဲ့က ယနေ့ (ဧပြီ ၁၅) ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့ခံတစ်ဦးကလည်း “ဗုံးပေါက်ပြီးမှာ သေနတ်ပစ်သံတွေတော့ အများကြီးပဲကြားရတယ်။ ထိခိုက်မူကိုတော့ ကျွန်မတို့လည်း မကြားရသေးဘူး” ဟု ဆိုသည်။ ထားဝယ်မြို့တွင်လည်း သင်္ကြန်အကျနေ့က ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး သင်္ကြန်အကြတ်နေ့တွင်လည်း ဗဟိုလမ်းဆုံတွင် ဗုံးဟု ယူဆရသည့် အထုပ်တွေ့သဖြင့် စစ်ကောင်စီတပ်များက လမ်းပိတ်ဆို့ကာ စစ်ဆေးရှာဖွေမှုများ […]