စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ရာကျော်ရှိ
Dawei Watch
October 21, 2025စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းက ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၄ ဦးရှိကြောင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူးက ပြောသည်။ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တို့ ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရသည်။ သို့သော် သက်ဆိုင်ရာ ပါတီတစ်ခုချင်းစီက ကိုယ်စားလှယ်လောင်းမည်မျှဖြင့် ဝင်ရောက်အရွေးခံမည်ကိုမူ တိတိကျကျ မသိရသေးပေ။ တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ တာဝန်ရှိသူကို မေးမြန်းရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်မပြောဘဲ ရွေးကောက်ပွဲအတွက် Call Centre ဖုန်းနံပါတ်ကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။ တိုင်းအတွင်းရှိ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ တစည အစရှိသည့် ပါတီအချို့ထံ […]


