စစ်ဘေးရှောင်ထောက်ပံ့ငွေကိစ္စဖြင့် ထိန်းသိမ်းထားသူသုံးဦးကို မော်ဒန်ပန့်အဖွဲ့ ပြန်လွှတ်
Dawei Watch
September 1, 2025လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီသည့် ငွေကြေးနှင့် ပတ်သက်၍ အရှုပ်အရှင်းဖြစ်ပေါ်မှုကြောင့် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးသုံးဦးကို မော်ဒန်ပန့် (Modern Punks)အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ “ကျွန်မက (ဩဂုတ်လ) ၃၁ ရက် နေ့လယ်ပိုင်းမှာ ပြန်လွတ်လာတယ်။ အခုအိမ်ရောက်နေပြီ။ ကျန်တဲ့သူတွေကတော့ ကျွန်မထက်ဦးတယ်လွှတ်လိုက်တာ” ဟု ထိန်းသိမ်းခံရသူ အမျိုးသမီးတစ်ဦးကပြောသည်။ စစ်ဘေးရှောင်ထောက်ပံ့ငွေများကို မြေပြင်တွင်လိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးအား ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ထိန်းသိမ်းခဲ့ကြောင်း မော်ဒန်ပန့်အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။ အဆိုပါအမျိုးသမီးသုံးဦးအပါအဝင် စစ်ဘေးရှောင်ထောက်ပံ့ငွေရရှိသူ ၂၅၆ ဦးအား စစ်ဆေးချက်အရ အဖွဲ့အစည်းက ထောက်ပံ့ခိုင်းသည့် ငွေပမာဏအတိုင်း ထောက်ပံ့ပေးထားသည့် စာရင်းအထောက်အထားများ ချပြနိုင်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁)တွင် ထုတ်ပြန်သည့် ရုပ်သံဖိုင်၌ ကိုကြက်ဥက […]


