ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ကျောက်ပုံရွာတွင် သွေးသောက်အဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရ

diz_admin

June 5, 2022

လောင်းလုံးမြို့နယ် ကျောက်ပုံရွာက သွေးသောက်အဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦး ဇွန်လ ၄ ရက် ညပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ဦးဖေအေးဆိုသူဖြစ်ပြီး ဇွန်လ ၄ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် နေအိမ်‌ပေါ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ညာဖက်မျက်လုံးရယ်၊ ဘက်ဖက်ပခုံးရယ်၊ ဘယ်ခြေထောက်ရယ် ဖောက်ဝင် ဒဏ်ရာတွေ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် သကျက်တောရဲစခန်းက သေနတ်နှစ်ချက် ပစ်ဖောက်သံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ ဦးဖေအေးသည် အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်များကို ဓာတ်ပုံရိုက်ယူကာ စစ်ကောင်စီကို သတင်းပေးလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းအပြင် ငွေကြေးလိမ်လည်ဟုဆိုသောကြောင့် ပြီးခဲ့သည်လပိုင်းက ‌ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် […]

လက်နက်ကြီးကျည်ကျ၍ စုံစင်ဖျားရွာခံ ၂ ဦးသေဆုံး

diz_admin

June 4, 2022

သရက်ရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ သရက်ချောင်းမြို့နယ် သဲချောင်းကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) က ဝင်တိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စုံစင်ဖျားရွာထဲသို့ လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်။ “(စုံစင်ဖျား)ရွာထိပ်မှာမီးသတ်ရုံးရှိတယ် အဲဒီကနေ လက်နက်ငယ်နဲ့လည်းပစ်တယ် လက်နက်ကြီးက တစ်ချက်ပေါ့ အဲတစ်ချက်ကရွာထဲမှာကျတာ”ဟု ၎င်းကပြောသည်။ ယင်းလက်နက်ကြီး ကျရောက်မှုကြောင့် စုံစင်ရွာသား အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုသက်ထွေးဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မလဲ့လဲ့ဝင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသဖြင့် ရငဲဆေးရုံသို့တင်ပို့ရာ ယင်းနေ့ည တွင်‌ပင်သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးသူအမျိုးသမီးငယ်မှာ သရက်ချောင်းမြို့နယ် […]

ဇွန်လ ၂ ရက်ကို ဗထူးနေ့အဖြစ်သတ်မှတ်

diz_admin

June 2, 2022

ဇွန်လ ၂ ရက်နေ့ကို ဗထူးနေ့အဖြစ်သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့‌‌ထုတ်ပြန်ကြေညာလိုက်သည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၂ ခုနှစ်မှစကာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တယ်လူးစခန်းတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့်နေ့ကို “ဗထူးနေ့” အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့သော စစ်တိုင်းမှူးတစ်ဦး ဖြစ်သည်။ စစ်ရေးနည်းဗျူဟာ ကျွမ်းကျင်မှုရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ နှလုံးရည်ပြည့်ဝခြင်းတို့ကြောင့် ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေစဉ် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် […]

လောင်းလုံးက CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ

diz_admin

June 2, 2022

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာရှိ CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နှာခေါင်းစည်းတပ်ကာ ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်ထဲဝင်လာပြီးတာနဲ့ နင်တို့အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုပြီး မေးတယ်တဲ့။ အဲဒီကျမှ သေနတ်ကို မြင်လိုက်ရတာတဲ့။ သူတို့စီးလားတဲ့ ဆိုင်ကယ်ကိုက အိမ်ရှေ့မှာ ရပ်ထားခဲ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသည့်နေအိမ်ရှိ အမျိုးသမီးတစ်ဦးမှာ လောင်းလုံးမြို့နယ် ရုံးတစ်ရုံးက ဝန်ထမ်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ချိန်တွင် နေအိမ်အတွင်း အခြားမိန်းကလေးများလည်း ရှိနေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။ “အံဆွဲထဲမှာရှိတဲ့ ပိုက်ဆံတွေအကုန်ယူသွားတယ်။ ကိုယ်ထဲက […]

လောင်းလုံးတွင် စစ်ကောင်စီတပ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

diz_admin

June 2, 2022

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ကားနှစ်စီးကို ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့နှစ်ခု ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ လောင်းလုံးမြို့မရဲစခန်းက အင်အား ၁၅ ဦးပါ ကင်းလှည့် စစ်ကောင်စီတပ်ကား နှစ်စီးကို ယနေ့ (ဇွန် ၂) နံနက် ၉ နာရီဝန်းကျင်တွင် မိုင်းလေးလုံး ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းဖောက်ခွဲမူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Dawei Defense Team (DDT) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကို အတည်မပြု နိုင်သေးကြောင်း ထုတ်ပြန်တွင် ရေးသားထားသည်။ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာအတိအကျကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ လောင်းလုံးမြို့နယ်အောက်ပိုင်းတစ်နေရာဟုသာ ဖော်ပြထားသည်။ ‌ဒေသခံအချို့ကမူ လောင်းလုံး စစ်ပြဲသွား လမ်းပိုင်းတွင် […]

ထားဝယ်‌အရှေ့တောနယ်မှ အရေးပေါ်ကူညီရေးအဖွဲ့တစ်ဖွဲ့ လုပ်ငန်းရပ်နား

diz_admin

June 2, 2022

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောနယ် ကျေးရွာများတွင် အကူအညီပေးနေသော TTL အာယုဒါန အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့က လုပ်ငန်းရပ်နားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။ စက်သုံးဆီစျေးမြင့်တက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲများကြောင့် ဧပြီလ ၃၀ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လတ်တလောတွင် အဖွဲ့အတွင်း ရန်ပုံငွေနည်းပါးလာပြီး တစ်ဖက်တွင် နေ့ဖက် ဖုန်းဆက်သွယ်ရေး အခက်အခဲနှင့် စက်သုံးဆီဈေးကြီးသည့် အခက်အခဲတို့ကြောင့် လူနာကူညီသယ်ဆောင်ပေးခြင်းကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရှမ်းပြည်(ထိုင်းနိုင်ငံ) မှာရှိတဲ့သူတွေဆီအလှူခံပြီးရင်တော့ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပြီလည်ပတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။ TTL အဖွဲ့သည် ဧပြီလကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ တောင်သုံး‌ကျေးရွာအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်လည်ပတ်နေသည့် အဖွဲ့ဖြစ်သည်။ မေလ ၁၀ ရက်က တောင်သုံးလုံးရွာ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်ခံရမူတွင် သေဆုံးလူနာနှင့် […]

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား ဗုံးပေါက်

diz_admin

June 2, 2022

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမူကြောင့် ထိခိုက်မူအခြေအနေကိုမူ ကြားသိရခြင်း မရှိကြောင်း ဒေသခံအချို့ကပြောသည်။ “ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်။ ဗုံးပေါက်ပြီးတာနဲ့ မီးခိုးလုံးကြီးတွေ တက်လာလို့ ဘာဖြစ်တာလဲမသိဘူးဆိုပြီး သွားကြည့်ကြည့်တာ။ ကားတစ်စီးနောက်ပြန်ဆုတ်ပြီး လာနေတာ တွေ့ရတယ်။ ကျန်တာတော့ ဘာမှ မတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လောင်းလုံးမြို့ဆိုင်းဘုတ်နှင့် မနီးမဝေး ကားလမ်းမဘေးနှင့် ကပ်လျက်နေရာတွင် ဗုံးပေါက်သည်ဟုယူဆရသည့် တွင်း ၂နှစ်ခုကို တွေ့ရကြောင်း ယင်းလမ်းပိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြန်သန်းသွားလာခဲ့သူတစ်‌ဦးက ဆိုသည်။ ယင်းဗုံးပေါက်ကွဲမူကို မည်သူတို့က […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာက ဒလန်ဆိုသူ ပစ်သတ်ခံရ

diz_admin

May 31, 2022

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် ယနေ့ (မေ ၃၁) ညနေပိုင်းက အသက် ငါး‌ဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူမှာ ဖွားဘုတ်ပြင်ရွာသား ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်ဖြစ်သည့် ဦးတင်ငွေဆိုသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ညနေပိုင်းက အဆိုပါအမျိုးသား၏ နေအိမ်ရှေ့သို့ မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်လာပြီး သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက် နှစ်ချက်ထိထားတယ်” ဟု ၎င်းက ဆိုသည်။ ဦးတင်ငွေသည် စစ်သင်တန်းတက်ဖူးသည်ဟု ကျေးရွာတွင် မကြာခဏ ပြောဆိုလေ့ရှိပြီး ကျေးရွာ သပိတ်စစ်ကြောင်းများကိုလည်း ဓာတ်ပုံလိုက်ရိုက်လေ့ရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “သူကတော့ ရွာမှာ လူစွာ၊ မြောက်ကြွမြောက်ကြွနဲ့” ဟု […]