ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရ

diz_admin

June 17, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညက ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန်ရသည့်အပြင် နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ အရှေ့ဖက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဇွန်လ ၁၆ ရက် ည ၁၀ နာရီအချိန်က ရောက်ရှိလာပြီးနောက် ယင်းသို့ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ဒေါ်သန်းဌေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေအိမ်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ “ဒေါ်သန်းဌေးက အိမ်မှာက ကုန်စုံဆိုင်လေး ရှိတယ်။ အခု အဲဒီကုန်စုံဆိုင်လည်း မီးလောင်သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဒေါ်သန်းဌေးနှင့် တစ်ခြံတည်းတွင်နေထိုင်သည့် တူမဖြစ်သူ မနွယ်နီဌေးကိုလည်း ဖမ်းဆီးသွားပြီးနောက် […]

ဧကနိရွာတွင် လူငယ်နှစ်ဦး အသတ်ခံရ၊ NLD အမာခံနေအိမ်လည်း ဗုံးဖောက်ခံရ

diz_admin

June 15, 2022

ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ (ဇွန် ၁၅) နံနက်အစောပိုင်းက NLD အမာခံတစ်ဦး၏ နေအိမ်ဗုံးဖြင့် ပစ်ဖောက်ခံရပြီး ရွာသားနှစ်ဦးလည်း ပစ်သတ် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့နံနက် လေးနာရီခန့်က အရပ်ဝတ်လက်နက်ကိုင် ဆယ်ဦးခန့် ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း၊ သေနတ်ပစ်ဖောက်သံ ၁၀ ချက်ထက်မက ကြားရပြီး ဗုံးပေါက်ကွဲသံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ဖမ်းဆီးသွားသူနှစ်ဦးကို ပစ်သတ်ပြီး ဝက်ချောင်းရွာအနီးက တံတားအနီးတွင် အလောင်းကို စွန့်ပစ်ခဲ့ကာ အလောင်းနံဘေးတွင် စွန်ရဲအဖွဲ့ အမည်ပါ အမှတ်တံဆိပ် ချထားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဝက်ချောင်းရွာက ဖုန်းဆက်လာမှ သိတယ် ပစ်သတ်ခဲ့တယ်ဆိုတာကို။ အစကတော့ ဖမ်းသွားတာပဲ ထင်တာပေါ့နော်” ဟု […]

လောင်းလုံးတွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်လာ

diz_admin

June 15, 2022

လောင်းလုံးမြို့နယ်တွင် ဓါးပြတိုက်လုယက်မှုများ ဆက်တိုက်ဖြစ်လာပြီး ဓားပြတိုက်ခံရမှုကို ထုတ်ဖော်ပြောဆိုလျှင် သတ်မည်ဟုလည်း ခြိမ်းခြောက်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ သဗျာရွာတွင် မေ ၁၄ နေ့ မွန်းလွဲပိုင်းက ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလို ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ရဲစခန်းရှိ နေအိမ်တစ်ဆောင်ကိုလည်း ဓါးပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သဗျာရွာဖြစ်ရပ်တွင် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက မွန်းလွဲ ၁နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများထံမှ စိန်လက်စွပ်တစ်ကွင်း၊ နားကတ်နှစ်ရံ၊ ငွေသုံးသိန်းခန့် လုယူသွားကြောင်း ဒေသခံများနှင့် ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။ အလားတူ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် တစ်ပတ်အတွင်း နေအိမ်နှစ်ဆောင် ဓါးပြတိုက်ခံရရာ ရွှေနှင့် ငွေသား အချို့ပါသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဓားပြတိုက်ခံရမှုများကို […]

လောင်းလုံးက ဆရာ၊ ဆရာမလေးဦး သတိပေးစာ ပေးပို့ခံရ

diz_admin

June 14, 2022

လောင်းလုံးမြို့နယ် Non CDM ဆရာ၊ ဆရာမ လေးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ပေးပို့ထားကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၁၄) ထုတ်ပြန်ထားသည်။ CDM လုပ်ထားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများထံ ကျောင်းသို့လာရန် ယခုနှစ်ရာသီ ကျောင်းစတင် မဖွင့်မီကပင် ခြိမ်းခြောက်ဖိအားပေးမှုများရှိသည်ဟု တိုင်ကြားမှုများရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ CDM လုပ်ထားသည့် ဆရာ၊ ဆရာမများကို ဖိအားပေးခြိမ်းခြောက်မှု များစွာပြုလုပ်နေသဖြင့် ဆရာ၊ ဆရာမ လေးဦးထံ ယင်းသို့သတိပေးစာ ပေးရခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။ သို့သော် ယင်းသို့ သတိပေးစာပေးပို့ထားသည့် ဆရာ၊ ဆရာမ လေးဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမှု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ […]

သရက်ချောင်း ရငဲရွာတွင် အမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရ

diz_admin

June 14, 2022

သရက်ချာင်းမြို့နယ်၊ ရငဲရွာတွင် ဇွန်လ ၁၃ ရက်က ဒေသခံအမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင် လူနှစ်ဆယ်ခန့် ရောက်ရှိလာပြီး ဦးဖိုးထော် (ခေါ်) ဦးညီညီမင်းဆိုသူ၏ နေအိမ်နှင့်ဆိုင်ကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသား၏နေအိမ်တွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချနေပြီး မီးရှို့ခံရမှုကြောင့် နေအိမ်နှင့် ကပ်လျက် တွဲဖွင့်ထားသော ဆိုင်နှင့် နေအိမ်တစ်ခြမ်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။ “ဦးဖိုးထော်ကတော့ ရွာထဲ စစ်တပ်လာရင် ရွာထိပ်သွားသွားကြိုတယ်။ အဲဒီစစ်ကားတွေကိုလည်း ကိုယ်တိုင်မောင်းပြီး လမ်းပြ‌ပေးနေတာတွေ့ရတယ်။ နောက်ပြီးသူ့အိမ်မှာ စားတာသောက်တာတွေ ဧည့်ခံကျွေးမွေးနေတာတွေ ရှိတယ်” အထက်ပါဒေသခံက ပြောဆိုသည်။ အခြားဒေသခံ အမျိုးသားတစ်ဦးကလည်း ဦးဖိုးထော်သည် အာဏာသိမ်းကာလတွင် စစ်ကောင်စီသတင်းပေး […]

သရက်ချောင်း စော်ဖျားရွာက စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

diz_admin

June 13, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘုရားကုန်းရှိ စစ်ကောင်စီဂိတ်စခန်းကို ယနေ့ (ဇွန် ၁၃) နေ့လယ် ၁၂ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (T1 Zone) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ညတွင် ထုတ်ပြန်ထားသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီဝက်အကြာတွင် စစ်ကူလာသည့် စစ်တပ်ကား ၁ စီးကို PDF တပ်ဖွဲ့ဝင်များက စော်ဖျားရွာလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ရာ လက်နက်တစ်လက်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် ညနေ ၃ နာရီခွဲခန့်တွင် မြေသယ်ကားနှစ်စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ရောင်းမော် ကျေးရွာနှင့် စော်ဖျားရွာလမ်းပိုင်းတွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]

လောင်းလုံးတွင် လက်ထောက်ကထိကတစ်ဦးနှင့် ထွေအုပ် ရပ်ကျေးစာရေးမတစ်ဦး ပစ်သတ်ခံရ

diz_admin

June 13, 2022

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာတွင် ဇွန် ၁၂ ရက် ညနေပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ လက်ထောက်ကထိက အမျိုးသားတစ်ဦးနှင့် ရပ်ကျေးစာရေး အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးဝင်းဗိုလ်ဆိုသူနှင့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယင်းကျေးရွာတွင် ရပ်ကျေးစာရေးတာဝန်ထမ်းဆောင်နေသူ ဒေါ်မြမြမိုးဆိုသူတို့ ဖြစ်သည်။ ၎င်းတို့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းညနေပိုင်းက ဦးဝင်းဗိုလ်မှာ ၎င်း၏နေအိမ် အပေါ်ထပ်တွင် ခြောက်ချက်ခန့် ပစ်ခတ်ခံရပြီး ဒေါ်မြမြမိုးမှာလည်း ၎င်း၏ နေအိမ်အောက်တွင်ပင် ငါးချက်ခန့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “ဒေါ်မြမိုးမှာက ပေါင်မှာ တစ်ချက်။ ဆီးခုံတစ်ချက်၊ ရင်ဘက်မှာတစ်ချက် နားထင်မှာ နှစ်ချက် ဒဏ်ရာတွေ့တယ်။ […]

မောင်းမကန်တွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

June 10, 2022

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး ယနေ့ (ဇွန် ၁၀) မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ မောင်းမကန်ရွာ ၁၃ ရက်ကွက်၊ ကွက်သစ်ပိုင်းတွင် နေထိုင်သူ ဦးအောင်မင်းထွန်းနှင့် ဒေါ်စန်းစန်းဌေးတို့ ဇနီးမောင်နှံကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံတစ်ချက်ကြားတယ်။ သေနတ်သံတွေလည်း ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းဇနီးမောင်နှံမှာ နေအိမ်နှင့် တွဲလျက်ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်အတွင်း သေဆုံးနေသည်ကိုတွေ့ရကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ကြားရသလောက်တော့ သူတို့လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုပြောတယ်။ ပြီးမှ ဗုံးကွဲတယ်ဆို ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် […]