ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
diz_admin
June 29, 2022ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက်ည ၇ နာရီမှစတင်ကာ ပစ်ခတ်ခံရပြီး နံနက် ၁ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် အသံများကြားရကြောင်း ဒေသခံများက ပြောသည်။ “ရှမ်းဒွတ်ရွာထဲအထိ လက်နက်ကြီးတွေ လာကျတယ်။ လက်နက်ငယ်အသံတွေလည်း ကြားရတယ်” ဟု ရှမ်းဒွတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပုလော စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး ပုလောအရှေ့ဖျားဒေသ ကျေးရွာများ ၏ အနီးပတ်ဝန်းကျင်တွင် PDF များ ခိုအောင်းလှုပ်ရှားနေသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က […]


