ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
July 15, 2022ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရေပြင်ကွေ့အနီးတွင် မြေသယ်ကားဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force –DGRF က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်စီးလာသည့် မြေသယ်ကားကို အင်အားပြင်းမိုင်းတစ်လုံး၊ ဆိုလာပြောင်း နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့က ယနေ့ (ဇူလိုင် ၁၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု DGRF က ထုတ်ပြန်ထားသည်။ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကားမှာ နောက်ပြန်ဆုတ်လာကာ မိုင်းပေါက်ကွဲခဲ့သည့်နေရာတွင် စစ်ဆေးခဲ့ပြီး ထိုနေရာအနီးတွင် ရှိနေသည့် လူနေအိမ်အချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း မောင်မယ်ရှောင် ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။ […]


