ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀ ကျော်ရှိပြီး တစ်ဦးသေဆုံး

diz_admin

July 19, 2022

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၂ ဦးရှိပြီး တစ်ဦးသေဆုံးသွားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယင်းစာရင်းသည် ၂၀၂၂ ခုနှစ် နှစ်စမှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျန်းမာရေးဌာနတစ်ခုတည်း၏ စာရင်းဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်လည်း ကုသူများရှိရာ မြေပြင်တွင် ယင်းပမာဏထက် ပိုများနိုင်ပါသည်။ ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရမူ ထားဝယ်မြို့နယ်တွင် ၂၅ ဦး၊ သရက်ချောင်းမြို့နယ်တွင် ၂၈ ဦး၊ လောင်းလုံးမြို့နယ်တွင် ၆ ဦး၊ ရေဖြူမြို့နယ်တွင် ၁၃ ဦး စုစုပေါင်း ၇၂ ဦး ရှိသည်။ ယင်း ၇၂ ဦးအနက် ရေဖြူမြို့နယ် ကံပေါက်ဆေးရုံတွင် တစ်ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။ “ဟိုးအရင့်အရင် နှစ်တွေနဲ့စာရင်တော့လည်း […]

ဘီးလင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက် ငါးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

diz_admin

July 18, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းမ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦးသေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဉ်သည် သံတံတားအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ပြင်းထန်ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန်၊ သထုံနှင့် ဘီးလင်း ဆေးရုံတို့သို့ […]

တောင်ပျောက်တိုက်နယ်တွင် ၂ ပတ်ကြာတိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးများရှိ

diz_admin

July 18, 2022

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ နှစ်ပတ်တာကာလအတွင်း တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ကိုးဦးကျဆုံးကြောင်း PDF အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင် ၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T5 က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၅ ရက်တွင် ကစယ်ဒိုကျား တပ်ဖွဲ့က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၀ ရက်တွင် DDF က ရဲဘော် တစ်ဦး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်လေးဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင်လ ၂ ရက်နှင့် ၃ […]

ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီး အမျိုးသားအလောင်းတွေ့

diz_admin

July 18, 2022

လောင်းလုံးမြို့နယ် ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီးတွင် ယနေ့ (ဇူလိုင် ၁၈) မွန်းလွဲ ၂နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ ကြည့်မျှော်တောင်ဘုရားမှာ စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် တည်ရှိသည်။ သေဆုံးနေသူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ အလောင်းနံဘေးတွင် ဆိုင်ကယ်တစ်စီး၊ ကြက်ကောင်ရေ အနည်းငယ်နှင့် ခြင်းတစ်လုံးတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရသိရသည်။ ၎င်းရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတွေ့ရပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသွားသည်ကို မသိရသေးကြောင်း ဒေသခအချို့က ဆိုသည်။ “ဒီရွာနားကတော့ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ညနေ ခြောက်နာရီခွဲအထိ အလောင်းလာ မကောက်ကြသေးကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအလောင်းသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းကြောင့်သေဆုံးခဲ့သည်ကို Dawei Watch […]

ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

July 18, 2022

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။ ရွာထဲတွင် ညကသေနတ်သံ ဆယ်ချက်ထက်မနည်းကြားရသည်ဟု ဒေသခံများက ပြောဆိုသည်။ “ဒဏ်ရာက မျက်နှာမှာများတယ် မေး‌‌စေ့မှာတစ်ချက်၊ ဝဲဘက်ပါးမှာတစ်ချက်၊ နဖူးမှာသုံးချက် ဦးခေါင်းထိပ်မှာတစ်ချက် နောက်စေ့ကတော့ ပွင့်ထွက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ အမျိုးသားသည် ညင်းမော်ရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲ အကြိုကာလများတွင် ကျေးရွာ ပါတီဥက္ကဌဖြစ်သူနှင့် မဲဆွယ် စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းအမျိုးသား၏ မိသားစုဝင်များမှာ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ခန့်က လောင်းလုံးနှင့်ညင်းမော်ရွာကြားရှိသော ရဲတပ်ဖွဲ့ သက်သာ စိုက်ပျိုးရေးခြံကို […]

ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

diz_admin

July 17, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဇနီးဖြစ်သူ၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   ဦးပိုင်သန်းသည် ရွာထိပ်တွင် နေထိုင်ပြီး နေအိမ်အနီးက ၎င်းအလုပ်လုပ်သည့် ရော်ဘာခြံအနီးတွင် ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။  ပစ်ခတ်သံကြားရပြီးနောက် ရွာသားများ သွားရောက်ကြည့်ရှုချိန်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။  ဦပိုင်းသန်းဆိုသူမှာ သွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်၏ လမ်းပြတစ်ဦးလည်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇင်ယော်တပ်စုက ထုတ်ပြန်သည်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အိမ်တိုင်ရာ‌ရောက် လမ်းပြပေးသူဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က […]

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

diz_admin

July 17, 2022

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ် ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထပ်မံတွေ့ရှိလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက်က ထားဝယ်မြို့ခံတစ်ဦးနှင့် ရေဖြူမြို့နယ်နေသူတစ်ဦး ပိုးတွေ့ခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ရေဖြူမြို့နယ်မှ နောက်ထပ်တစ်ဦး ပိုးတွေ့ခဲ့သည်။ ယင်းပိုးတွေ့လူနာများအား ထားဝယ်နှင့် ရေဖြူဆေးရုံတို့တွင် ကုသမှုပေးထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်တွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာသော်လည်း ယခင်ကကဲ့သို့ ထိတွေ့လူနာများအား သီးသန့် ခွဲစောင့်ကြည့်မည့် ကွာရန်တင်စင်တာများထားရှိမည့်အစီအစဉ်အကြောင်း မကြားရသေးကြောင်း ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနအား ကူညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

July 16, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဖစု ခေါ် ဦးထွန်းထွန်းဝင်းဆိုသူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်ကြားရတာကတော့ အိမ်ပေါ်က လာခေါ်သွားပြီး တောစပ်ရောက်မှ ပစ်သတ်သွားတယ်။ သေနတ်ဒဏ်ရာ ကိုးချက်လောက်ရှိတယ်လို့ ကြားရတယ်” ဟု ‌၎င်းဒေသခံက ဆိုသည်။ သေဆုံးသူ ဦးဖစုသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ပါဝင်ဖူးကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းသည် ပန်းတလဲကျေးရွာသားဖြစ်ပြီး ပိန္နဲတောသူနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ […]