ထားဝယ်ခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ နေအိမ်အနီး သေနတ်ဖြင့်ပစ်ခတ်ခံရ
Dawei Watch
October 31, 2025ထားဝယ်ခရိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ကနဦးသတင်းအရ သိရသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်က ထားဝယ်မြို့၊ ဆင်ပုနစ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်အနီးတွင်ပင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ “သေနတ်သမားက အိမ်တွေကြားထဲ ဝင်ပြေးသွားတယ်ဆိုပြီး စစ်သားတွေက သူ့အိမ်ကိုဝိုင်းပြီး ပတ်ဝန်းကျင် အိမ်တွေပါ လိုက်စစ်တယ်။ ရုတ်ရုတ်သဲသဲတော့ဖြစ်သွားတယ်” ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း ကြက်ခြေနီ အသိုင်းအဝိုင်းထံမှ သိရသည်။ ပစ်ခတ်ခံရပြီးချိန်တွင် စစ်အာဏာရှင်တပ်သားများက နေအိမ်ပတ်ဝန်းကျင်တွင် ရှာဖွေစစ်ဆေးနေကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် အခြေအနေ အသေးစိတ်နှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်တို့ကိုမူ မသိရသေးပေ။ […]


