သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ
diz_admin
September 17, 2022လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက နေအိမ်ထဲသို့ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက နှစ်ချက်လောက်ပဲ ကြားလိုက်မိတယ်။ သူက ကရင်ကြီးရွာသား ပြင်ကြီးရွာက သူ့ခြံထဲမှာလာနေတာ။ အရင်ကတော့ ခြံစိုက်တာတွေရှိတယ်။ တခြားဘက်က သူဘာလုပ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဦး၏ ရုပ်အေလာင်းမှာ ယနေ့ နံနက် ၉ နာရီအထိ ၎င်း၏နေအိမ်၌ပင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် […]


