ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ဒလန်ဟုသတင်းထွက်သူ သုံးဦးပစ်ခတ်ခံရ
diz_admin
April 9, 2022ထားဝယ်ခရိုင်အတွင်း ဧပြီလ ၈ ရက်နေ့တွင် ဒလန်သတင်းထွက်သူ သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရေဖြူမြို့နယ် ရလိုင်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးဇော်မင်းနှင့် ၎င်း၏သားဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုအောင်အောင်၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးအောင်စိန်တို့ သုံးဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းပစ်ခတ်မှုကြောင့် ဂေါ့အင်းရွာသား ဦးအောင်စိန်၊ ရလိုင်ရွာသား ဦးဇော်မင်းတို့နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုအောင်အောင်၏ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ ရလိုင်ရွာ စာသင်ကျောင်းအတွင်း စစ်တပ်က တပ်လာစွဲစဉ်က စာရေး သောက်ရေးကိစ္စများကို ဦးဇော်မင်းတို့ သားအဖက စီစဉ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ “တို့ရွာမှာ […]

                    
                    
                    
                    
                    
                    
                    
                    
