ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် အလှူဖိတ်စာရိုက်သူ ယခင်နှစ်ထက်ပိုများလာ

diz_admin

September 22, 2022

ထားဝယ်တွင် ယခုနှစ်ကထိန်ရာသီနီးလာချိန်တွင် အလှူဖိတ်စာရိုက်သူ အရေအတွက်မှာ ယမန်နှစ်ကထက်ပိုများလာသည်ဟု ဖိတ်စာ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ယမန်နှစ်များက ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် အလှူဖိတ်စာရိုက်သူမရှိသလောက်နည်းပါးခဲ့ပြီး ယခုနှစ်တွင်မူ ကိုဗစ်မတိုင်မီက ရိုက်ရသည့် စံချိန်ကို ပြန်ရောက်တော့မည်ဟု ယင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “မနှစ်ကဆို ဆယ်ဂဏန်းလောက်ပဲရှိမယ် တစ်နှစ်လုံးမှာ အခုကတော့ နှစ်ဆယ်ကျော်နေပြီ နောက်ထပ်လာဖို့လည်းရှိသေးတယ်”ဟု ၎င်းကပြောသည်။ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နှစ်က ကထိန်အလှူ နှစ်ခုသာရှိသော်လည်း ယခုနှစ်တွင်မူ ဆယ့်သုံးခုအထိရှိလာခဲ့သည်ဟု ယင်းကျေးရွာသူတစ်ဦးကပြောသည်။ “မနှစ်ကမလုပ်ရတဲ့သူနဲ့ အခုနှစ်မှလုပ်တဲ့သူ ပေါင်းလိုက်တော ဒီနှစ် ပိုများသွားတယ်”ဟုသူမကပြောသည်။ သို့သော် ဖိတ်စာရိုက်ရန် အပ်နှံသူများလာသော်လည်း ဖိတ်စာရိုက်ရသည့် အရေအတွက်မှာ နည်းပါးသည်ဟုအထက်ပါလုပ်ငန်းရှင်များကဆိုသည်။ “အရင်ကအလှူတစ်ခု ဖိတ်စာလာအပ်ရင် (ဖိတ်စာအရွက်)တစ်ထောင့်ငါးရာနဲ့ နှစ်ထောင်ကျော်ကြားရှိတယ်။ အခုက လေးရာ နဲ့ ရှစ်ရာ ကြားအများဆုံးပဲ”ဟု၎င်းတို့ကပြောသည်။ အလှူလုပ်ရန် ပြင်ဆင်နေသူများလာချိန်တွင် ကိုဗစ်နိုင်တင်း ကူးစက်ရောဂါမှာလည်း တနင်္သာရီတိုင်းတွင် ပြန်ဖြစ်လာနေကြောင်း တွေ့ရသည်။ ထားဝယ်နှင့်လောင်းလုံးတွင် စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ၁၃ ဦးခန့်ထိရှိကြောင်း တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာန၏ အချက်အလက်များအရသိရသည်။ ပိုးတွေသူများမှာ ထားဝယ်မြို့နယ်မှ ဆယ်နှစ်ဦးနှင့် လောင်းလုံးမြို့နယ်မှ တစ်ဦးတို့ ဖြစ်သည်။ ထားဝယ်ဒေသတွင် သီတင်းကျွတ်လပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်ရာသီအဖြစ်သတ်မှတ်ပြီး ကျေးရွာအလိုက် ဘုံကထိန်ပွဲများနှင့် တစ်ဦးချင်းကထိန်ခင်းအလှူပွဲများကို တစ်လတာအတွင်း ကျင်းပလေ့ရှိသည်။ သို့သော် ယမန်နှစ်ကမူဒေသအတွင်း ကိုဗစ်‌ေရာဂါဖြစ်ပွား‌နေမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့်  PDF အဖွဲ့များက အထက်ပါပွဲလမ်းသဘင်များ မပြုလုပ်ရန် တောင်းဆိုမှုကြောင့် နည်းပါသွားသော်လည်း ယခုနှစ်မှာမူအချို့ကျေးရွာများတွင် ကထိန်အလှူပွဲအရေအတွက်  တစ်ဆယ်ကျော်မှာ နှစ်ဆယ် နီးပါးအထိ ရှိနေသည်။ ယခုနှစ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Laung Lone People Defense Force(LLPDF)အဖွဲ့နှင့် Dawei Defense Team-DDT အဖွဲ့များက ယခင်နှစ်များနည်းတူ ပျော်ပွဲရွှင်ပွဲများ မကျင်းပရန် စက်တင်ဘာ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ယင်းအဖွဲ့ နှစ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် အသီးသီးထုတ်ပြန်တောင်းဆိုထားသည်။

ရောင်းအားကျသဖြင့် ထားဝယ်တွင် သောက်ရေသန့်များ ဈေးပြန်ချ

diz_admin

September 21, 2022

ထားဝယ်မြို့အတွင်း ဖြန့်ဝေရောင်းချနေသည့် သောက်ရေသန့်များ ရောင်းအားကျလာသဖြင့် ဈေးအနည်းငယ် ပြန်ကျလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဩဂုတ်လ ဒုတိယအပတ်မှ စက်တင်ဘာ ဒုတိယအပတ်အတွင်း သောက်ရေသန့်ဈေးများ မြင့်တက်သွားပြီးနောက်ပိုင်းတွင် သောက်ရေသန့်ရောင်းအား ကျသွားကြောင်း သောက်ရေသန့်ရောင်းချသူအချို့က ပြောသည်။ ယင်းကာလက ၂၀ လီတာဝင် သောက်ရေသန့် တစ်ဘူးလျှင် ၁၅၀၀ ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်ရာ တစ်ဘူးလျှင် ငွေကျပ် ၃၀၀ မှ ကျပ် ၆၀၀ အထိ ထပ်မံဈေးတက် သွားခြင်းဖြစ်သည်။ သောက်ရေသန့် ဈေးတက်သွားပြီး နောက်ပိုင်းတွင် ရေသန့်ရောင်းအား တစ်ရက်လျှင် ၃၀ ရာခိုင်နှုန်းခန့် (၂၀ လီတာဘူး ၄၀၀) ခန့်အထိ ရောင်းအားကျဆင်းသွားသည်ဟု ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ သမီးတော်သောက်ရေသန့်စက်ရုံမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ရေသန့် စျေးတက်သွားခြင်းကြောင့် […]

ထားဝယ် အထက (၁) တွင် ကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦး ကိုဗစ်တွေ့သော်လည်း ကျောင်းဆက်ဖွင့်ထား

diz_admin

September 21, 2022

ထားဝယ်မြို့ အထက (၁) ကျောင်းတွင် မူလတန်းကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိ သော်လည်း ကျောင်းဆက်ဖွင့်ထားဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ စက်တင်ဘာလ ၁၉ ရက်က Grade-4 ကျောင်းသားတစ်ဦး နေမကောင်းဖြစ်သဖြင့် စစ်ဆေးရာမှာ ကိုဗစ်ပိုး စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်တွင် Grade-4 နှင့် Grade-1 ရှိ ကျောင်းသားနှစ်ဦး၊ ဆရာမနှစ်ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ ကိုဗစ်ကူးစက်ခံရသည့် ကျောင်းသားများမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဆရာမနှစ်ဦးကို နေအိမ် ကွာရန်တင်း ထားထားကြောင်း အဆိုပါ ရုံးထံမှ သိရသည်။ “ကျောင်းပိတ်တာက ကျန်းမာရေးကပဲ သတ်မှတ်တာ။ မလိုအပ်ဘူးထင်လို့ဖြစ်မှာပေါ့။ ကျန်းမာရေးက ပိတ်ဆို တို့က ပိတ်ရတာပဲ။ ကူးစက်တဲ့လူလည်း […]

အလှူတွင် ဓားပြတိုက်၊ ဧည့်သည်များ၏ လက်ဝတ်ရတနာများပါ လုယူခံရ

diz_admin

September 20, 2022

ရေဖြူမြို့နယ်၊ ဇီးကျရွာရှိ နေအိမ်တစ်ခုတွင် အိမ်နီးချင်းများဖိတ်ကာ အလှူလုပ်နေစဉ် ဓားပြတိုက်ခံရပြီး ဧည့်သည်များ၏ လက်ဝတ်ရတနာများ အပါအဝင် ငွေသားကျပ် သိန်းရှစ်ဆယ်ကျော် လုယူခံရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ (စက်တင်ဘာ ၂၀ )ညနေ လေးနာရီကျော်ခန့်က အိမ်နီးနားချင်းများနှင့် ဆွေမျိုးများဖိတ်ကာ မုန့်လက်သုပ်ဖြင့် ဧည့်ခံနေစဉ်တွင် သေနတ်ကိုင်ထားသည့် မျက်နှာဖုံး(နှာခေါင်းစီး)တပ် အမျိုးသားသုံးဦးက ဓါးပြတိုက်သွားခြင်းဖြစ်သည်။ “သူ့ (အတိုက်ခံရသည့်အိမ်ရှင်)အိမ်မှာ ဒီနေ့ထားဝယ်မုန့်လက်သုပ်လှူနေတယ်။ အဲဒီအချိန်မှာပဲ လူသုံးဦးက လူတစ်ယောက်ရဲ့ နာမည်လာမေးတယ်။ ထားဝယ်အသံကြားတော့ မုန့်လက်သုပ်လာစားလို့ခေါ်တာပေါ့ အထဲရောက်မှ ဓားပြမှန်းသိတယ်။ အဲဒီထဲမှာ ထားဝယ်သားက နှစ်ဦး ဗမာကတစ်ဦးပါတယ်”ဟု ၎င်းကပြောသည်။ ယင်းနောက် မုန့်လက်သုပ်လာစားသည့် ဆွေမျိုးတော်စပ်သူအချို့၏ မိုဘိုင်းဖုန်းများအပါဝင် လက်ဝတ်ရတာအချို့ကိုလည်း ယင်းဓားပြများက ယူဆောင်သွားခဲ့သည်။ ဓားပြတိုက်သွားသူများကို ဒေသခံများက သိရှိခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း Dawei watch အနေဖြင့် ရရှိခြင်းမရှိသေးပေ။ ဓားပြတိုက်ခံရသောနေအိမ်မှာ […]

ထားဝယ်ခရိုင်တွင် ဝဥ ဝယ်လက်မရှိသဖြင့် ဈေးမဖွင့်နိုင်ဟုဆို

diz_admin

September 19, 2022

ဝယ်လက်မရှိသဖြင့် ထားဝယ်ခရိုင်တွင် ဝဥ ဈေးမဖွင့်နိုင်သေးကြောင်း ဝဥပွဲရုံအချို့ထံမှ သိရသည်။ ဝဥ စက်ရုံများမှ အဝယ်တော်များသည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်ကပင် ထားဝယ်ခရိုင်ဘက်သို့ လာရောက်ဝယ်ယူမှု မရှိတော့ကြောင်း ပွဲရုံရှင်အချို့က ပြောသည်။ “မန္တလေးတို့၊ ရေးတို့၊ မော်လမြိုင်တို့မှာ စက်ရုံတွေရှိတယ်လေ။ အဲဒီစက်ရုံတွေကနေပြီး ပွဲရုံတွေကို သူတို့က ဈေးတစ်ခုဖွင့်ပြီး ဝယ်ခိုင်းတယ်လေ။ အခုက ဝယ်လက်လည်း မရှိဘူး။ တရုတ်ကလည်း မဝယ်ဘူးဆိုတော့ အခြောက်လုပ်တဲ့သူတွေလည်း နားမှရမယ်ပေါ့” ဟု ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဝယ်လက်မရှိသဖြင့် ဝဥ အဝယ်ကိုလည်း ရပ်ထားပြီး ပြီးခဲ့သည့်နှစ်က ပွဲရုံများတွင် အခြောက်လုပ်ထားသည့် ဝဥခြောက်များမှာလည်း ဝယ်လက်နည်းသဖြင့် လက်ဝယ်ပိတ်မိနေကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်ပိဿာ ၉၀၀ – ၁၀၀၀ ကျပ်ဖြင့် […]

မလေးရှားသို့ခိုးဝင်ရန် ပွဲစားခ သိန်း ၅၀ပေါက်၊ လမ်းကြောင်းပုံစံလည်းပြောင်းလာ

diz_admin

September 19, 2022

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။ ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး သုံးရက်မှ ဆယ်ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။ ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။ အထက်ပါ လမ်းကြောင်းဖြင့် သမီးဖြစ်သူကို မလေးရှားနိုင်ငံသို့ ပို့လိုက်ရာ မြန်မာငွေ ၄၃ သိန်းကျော် ပေးရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]

ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

diz_admin

September 18, 2022

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မီနီဘတ် ဟိုင်ကာအမျိုးအစား မှန်လုံယာဉ်မှာ လမ်းချော်ပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက် ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးတို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လူကတော့ သေဆုံးတာမရှိဘူး။ ကားကတော့ လုံးဝပျက်စီးသွားတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတွင် ညာဘက်ခြေသလုံး စုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် […]

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

diz_admin

September 18, 2022

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။ ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး ဩဂုတ်လအတွက် ကောက်ခံရာတွင် တစ်ယူနစ်လျှင် ၄၂၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။ ဩဂုတ်လအတွင်း သုံးစွဲယူနစ်ကျသင့်ငွေကို ယခုလတွင် ကောက်ခံခြင်းဖြစ်သည်။ လက်ရှိ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မီတာခတိုးမြှင့်ကောက်ခံခြင်းမှာ တစ်ပူပေါ် တစ်ပူဆင့်စေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။ ၎င်းအိမ်တွင် ယခင်လက သုံးစွဲသည့်ယူနစ်အတိုင်းပင် သုံးစွဲခဲ့သော်လည်း ယခုလကောက်ခံချိန်တွင် ငွေကျပ် တစ်သောင်းကျော် ပိုမိုပေးဆောင်လိုက်ရကြောင်း ဆိုသည်။ “ညဆိုလည်း မီးမှိတ်ပြီးနေတာ။ ယူနစ်က အရင်လနဲ့ တူတူပဲ။ စိတ်ညစ်တယ်။ အကုန် (ဈေး) တက်နေတာပဲ” ဟု အထက်ပါ အိမ်ရှင်မက […]