ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်း ပိန်းတောရွာတွင် စစ်အာဏာရှင်တပ် ခြိမ်းခြောက်ငွေတောင်း

Dawei Watch

January 8, 2026

သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်းကျွန်းရွာမှတစ်ဆင့် ဇန်နဝါရီလ ၆ ရက်တွင် ရောက်ရှိလာပြီး ပိန်းတောရွာတွင် နှစ်ရက် တပ်စွဲခဲ့သည့် စစ်အာဏာရှင် တပ်ဖွဲ့ဝင်များသည် ယခုကဲ့သို့ ငွေကြေးတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ပိန်းတောရွာ ကမ်းနားဘက်ရှိ နေအိမ်အများစုတွင် မှတ်ပုံတင် ဝင်ရောက်စစ်ဆေးဟန် လုပ်ပြပြီး ငွေကြေးတောင်းခံသွားကြောင်း ပိန်းတောရွာခံတစ်ဦးက ဆိုသည်။ “ကမ်းနားပိုင်း တစ်ပိုင်းလုံးဆို ပါသွားတာ သိန်းရာနဲ့ ချီပြီးကို ရှိမယ်။ တစ်အိမ်ကို တစ်သိန်း၊ နှစ်သိန်း၊ တစ်သိန်းခွဲ။ လှေတွေမှာဆို ငါးသိန်း၊ အဲဒီလိုတောင်းသွားတာ ရှိတယ်” ၎င်းက ဆိုသည်။ ပိန်းတောရွာ ကမ်းနာတစ်လျှောက်တွင် နေအိမ် တစ်ရာဝန်းကျင်ရှိပြီး ငွေကြေးတောင်းယူ ခံရသည့် […]

ကံပေါက်တွင် မောရဝတီရေတပ်က မဲစာရင်းစစ်ပြီး မဖြစ်မနေ မဲလာပေးရန် အိမ်တိုင်ရာရောက်ဖိအားပေး

Dawei Watch

January 8, 2026

မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်သားများကိုယ်တိုင် မဲစာရင်း လိုက်စစ်နေပြီး မဖြစ်မနေ မဲလာပေးရန်လည်း အိမ်တိုင်ရာရောက် လိုက်လံဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဇန်နဝါရီလ ၅ရက်၊ ၆ရက် နှင့် ၇ရက် သုံးရက်ဆက်တိုက် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များသို့ စစ်အာဏာရှင်တပ်သားများ ကားသုံးစီးဖြင့် ရောက်လာပြီး မဲစာရင်းစစ်ကြောင်း ဒေသခံများက ဆိုသည်။ အရက်ဆိုင်၊ ရပ်ကွက်ဓမ္မာရုံ စသည့်နေရာတို့တွင် ပထမနှစ်ရက်၌ စုရပ်လုပ်ကာ မဲစာရင်းလာစစ်ခိုင်းပြီး နောက်တစ်ရက်တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ရှိမရှိ အိမ်တိုင်ရာရောက် ထပ်မံလိုက်စစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပထမရက်မှာက ညဘက်ကြီး အရက်ဆိုင်မှာ မဲစာရင်းလာစစ်ဖို့ခေါ်လို့ သွားစစ်ရတယ်။ နောက်တစ်ရက်က အခြားရပ်ကွက်က ဓမ္မာရုံတွေမှာ စုရပ်လုပ်ပြီး စာရင်း ထပ်ကောက်တယ်။ […]

နတ်ပွဲကာလ လောင်းလုံးကျေးရွာအချို့တွင် ဖဲထုပ် အဝယ်များပြီး ပစ္စည်းပြတ်

Dawei Watch

January 7, 2026

‌နတ်ပွဲကာလ လောင်းကစားဝိုင်းများ အဝယ်များ​နေသဖြင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖဲထုပ်ဝယ်မရသည်အထိ ပြတ်လပ်နေကြောင်း ဒေသခံအချို့ကပြောသည်။ နတ်တော်၊ ပြာသိုလများဖြစ်သည့် ယခုလပိုင်းတွင် ရွာရှင်နတ်ပူဇော်ပသပွဲများ လောင်းလုံးမြို့နယ်ရှိရွာတိုင်းတွင် ကျင်းပလျက်ရှိသည်။ ထိုနတ်ပွဲတွင် လောင်းကစားဝိုင်းများကို ထည့်သွင်းကြခြင်းဖြစ်သည်။ နတ်ပွဲများကို ကျောက်တွင်း၊ သကျက်တော၊ ပြင်ချောင်း၊ ရသိမ်၊ ကျောက်ဖြူ၊ ကထိန်ကြီး၊ ကညုံကျွန်း၊ ဝေဒီ၊ တီဇစ်၊ ကရင်ကြီး၊ သဘော့ဆိပ်၊ မောင်းမကန် စသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားကျေးရွာများတွင်လည်း ဆက်လက်ပြုလုပ်ရန်ရှိကြောင်း ဒေသခံများကပြောသည်။ အချို့ရွာများတွင် လောင်းကစားဝိုင်းကို သုံးရက်အထိ ပြုလုပ်ပြီး အချို့ရွာများတွင်မူ တစ်ရက်သာပြုလုပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နတ်ပွဲလောင်းကစားဝိုင်းများက ရွာရှိဈေးဆိုင်များတွင်ရောင်းချ‌နေသော ဖဲထုပ်များကို လိုက်လံဝယ်ယူ​နေကြသဖြင့် ပစ္စည်းပြတ်လပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကြေးကြီးသည့် လောင်းကစားဝိုင်းများက ကြိုတင်ဝယ်ယူထားကြသဖြင့် ‌အပျော်တမ်းဆော့ရန် […]

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 6, 2026

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်အာဏာရှင်တပ်တို့ ဇန်နဝါရီလ ၅ရက် နံနက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ငယ်အသံများအပြင် လက်နက်ကြီးပစ်ခတ်သံလည်း သုံးကြိမ်ကြားရကြောင်း အရှေ့တောဒေသမှ အမျိုးသမီးတစ်ဦးက ပြောသည်။ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီး စစ်အာဏာရှင်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့၏ နေရာတစ်ခုနှင့် လက်နက်ခဲယမ်းအချို့၊ ကားတစ်စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း အရှေ့တောအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ အထက်ပါ နှစ်ဖက်ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)၊ က္လားသစ္ဏတ် တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောဆိုသည်။ စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့တွင်မှု သင်္ကန်းတုံးကျေးရွာအနီးရှိ KNU/PDF စခန်းကို သိမ်းပိုက်ရရှိပြီး ပစ်ခတ်မှုတွင် […]

ရေဖြူ ကျောက်ထောင့်ရွာတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်ချိန် ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးပြီး နှစ်စီးကိုယူဆောင်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ် လေးရက်ကြာတပ်စွဲခဲ့ပြီးနောက် ဒေသခံများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ငါးစီးကို မီးရှို့ဖျက်ဆီးကာ နှစ်စီးကိုမူ လှေဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကစပြီး ကျောက်ထောင့်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်။ ယင်းနောက် နေအိမ်များကို ဖောက်ထွင်းကာ ငွေသား၊ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကိုလည်း ယူဆောင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျောက်ထောင့်ရွာကို စစ်ကြောင်းဝင်တယ်ဆိုတာ သိပ်မရှိ တတ်ဘူး။ လူတွေက အဲဒီမှာ အမှုမဲ့ အမှတ်မဲ့ နေကြတာပေါ့။ တကယ်လည်းဝင်လာ တဲ့ အခါကျတော့ ဘာမှ ပြင်ချိန် မရလိုက်ကြဘူး။ ရွေနဲ့ ငွေသားတွေ တော်တော်များများပါသွားခဲ့ကြတယ်။ အိမ်ပေါ်သူတို့ တက်ရှာရင်တွေ့မှာ […]

ထားဝယ်ထောင်တွင် ယားနာကူးစက်မှု အဖြစ်များ

Dawei Watch

January 6, 2026

ထားဝယ်အကျဉ်းထောင်တွင် ယားနာရောဂါကူးစက်ဖြစ်ပွားမှု များနေကြောင်း အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်အချို့က ပြောသည်။ အိပ်ဆောင်တစ်ခုလျှင် လူဦးရေ ၆၀ မှ ၈၀ အထိ နေထိုင်ရပြီး ချိုးရေမလုံလောက်မှုကြောင့် ပွေး၊ ဝဲ၊ နှင်းခူကဲ့သို့သော ယားနာများ အဖြစ်များနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖြစ်နေတာက တော်တော်တော့ကြာပြီ။ ဆေးက အမြဲဝယ်ထည့်ပေးနေရတယ်။ ထောင်မှာကလည်း နှာစေးဖျားနာ အတွက်ပဲ ဆေးရှိတာ။ ကျွန်မယောက်ျားမှာဆို လက်တွေမှာရော ကျောကုန်းတွေမှာ ပါဖြစ်နေတာ တစ်ကိုယ်လုံးပဲ။ လူတိုင်း ဖြစ်တယ်။ လူကလည်းများ ရေကလည်း ခွက်ရေနဲ့ပဲ ချိုးရတော့ ကူးကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်များက တစ်ပတ်လျှင် တစ်ကြိမ် ထောင်ဝင်စာပို့ပေးနေသဖြင့် ဆေးဝါး၊ ဆပ်ပြာ၊ […]

ကံပေါက်တွင် နေအိမ်ဖောက်ထွင်းမှုများ ပြန်ဖြစ်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်တွင် စျေးကားထွက်၍ နေအိမ်၌ လူမရှိချိန် နေအိမ်ဖောက်ထွင်းခံရကြောင်းကာယကံရှင်မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။ “အရင်က စျေးကားထွက်ရင် အိမ်မှာ သမီးလေးတစ်ယောက်ကျန်နေခဲ့တယ်။ အခုက ကျောင်းပိတ်ရက်ဆိုတော့ သမီးလေးပါ စျေးကားလိုက်သွားတာ။ အိမ်မှာ လူမရှိချိန် နေခင်းကြောင်တောင် အဖောက်ခံရတယ်။ စုဗူးလေးလုံး စုစုပေါင်း သိန်းနှစ်ရာ (ကျပ်) လောက်ပါသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်ကလည်း ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သူခိုးကပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ ရပ်ကွက်နေသူများက ဝိုင်းလိုက်သဖြင့် ပစ္စည်းနှင့် ငွေကြေးခိုးယူခံရခြင်း မရှိကြောင်း […]

ရေဖြူ ကျေးရွာနှစ်ရွာတွင် စစ်အာဏာရှင်တပ်နေအိမ်များကိုဖောက်ထွင်း

Dawei Watch

January 5, 2026

ရေဖြူမြို့နယ်ရှိ နတ်တွင်းနှင့် ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူ ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အင်အား တစ်ရာနီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစ၍ နတ်တွင်းကျေးရွာသို့ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး လူမရှိသည့် နေအိမ်များကိုလည်း ဖောက်ထွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံအမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆိုင်ကယ်က ၆ စီးလောက်ရှိတယ်။ ငွေ(သိန်း)ဆယ်ချီပါတဲ့ အိမ်ရှိတယ်။ နောက်ရွှေတွေလည်းပါသွားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ယင်းနောက် ထိုစစ်ကြောင်းသည် ညနေပိုင်းတွင် နတ်တွင်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ထောင့်ကျေးရွာသို့ ထွက်ခွာသွားနောက် ‌ကျောက်ထောင့်ကျေးရွာရှိ လူမရှိသည့် နေအိမ်များကို ထပ်မံ ဖောက်ထွင်းကာ ယင်းနေအိမ်များတွင်ပင် တပ်စွဲနေထိုင်နေကြောင်း ‌ဒေသခံအမျိုးသားတစ်ဦး […]