လောင်းလုံးသို့ အလှူပွဲသွားသူများ လမ်းခရီးတွင် ငွေတောင်းခံရ
diz_admin
October 14, 2022လောင်းလုံးမြို့ဘက်သို့ ခရီးသွားသည့် ပြည်သူများ ယခုရက်ပိုင်းအတွင်း လမ်းခရီးတွင် ငွေကြေးတောင်းခံရမှုများ ရှိလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ ကထိန်အလှူသို့ ကားဖြင့်သွားသော ပြည်သူများထံမှ ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက လူတစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံရသည် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် ကျပ်ငါးထောင်ပေးပြီးမှ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း ဆိုသည်။ လောင်းလုံးမြို့ တွင်း (ဃ) ရပ်ကွက်ရှိ လောင်းလုံး ထားဝယ်သွားလမ်းပိုင်းတစ်နေရာတွင် ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရီးသည်များတွင် နှာခေါင်းစည်း ပါမပါ၊ မှတ်ပုံတင် ပါမပါ စသည်ဖြင့် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆေးနေခြင်းလည်းဖြစ်ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ “တရားဝင် […]


