မောင်းမကန်ရွာတွင် လာရောက်တိမ်းရှောင်နေသည့်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ
diz_admin
July 25, 2022လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၅) နံနက် ၁၁ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်လေ့ရှိသည့် အသက် ၄၂နှစ်အရွယ် ဦးမင်းထိုက် ဆိုသူဖြစ်ပြီး မောင်းမကန်ကျေးရွာ ၇ ရပ်ကွက်တွင် လာရောက်တိမ်းရှောင်နေသည်မှာ ခုနစ်လခန့် ရှိပြီဖြစ်ကြောင်း မောင်းမကန်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ပြောသံကြားတာကတော့ သူ့အိမ်ကို ပြန်လာတဲ့အချိန် ဆိုင်ကယ်နဲ့လူနှစ်ယောက်က အနောက်က လိုက်လာပြီး လာပစ်သွားတာလို့ ပြောတယ်။ သေနတ်သံ ၃ ချက်လောက်ကြားတယ်” ဟု ၎င်းက ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာနှစ်ချက် ရရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒဏ်ရာက လည်ပင်းနဲ့ ဘယ်ဘက်ပခုံးမှာ တွေ့ရတယ်။ လူနာက […]


