လောင်းလုံးတွင် စပါးသယ်ရန် လယ်ကွင်းဖြတ်သန်းခွင့်ကိစ္စ လယ်သမားအချင်းချင်း ခိုက်ရန်ဖြစ်မှုများလာ
diz_admin
December 13, 2022လောင်းလုံးမြို့နယ်ရှိ လယ်သမားအချို့သည် စပါးသယ်ရန်အတွက် လယ်ကွက်များကို ဖြန်သန်းခွင့် မပြုသည့် ကိစ္စနှင့်ပတ်သတ်ပြီး ခိုက်ရန်ဖြစ်ပွားမှု များလာကြောင်း လယ်သမားများထံမှ သိရသည်။ လောင်းလုံးမြို့နယ်ရှိ လယ်ကွင်းများသည် တဆက်တစပ်တည်းရှိနေကြပြီး သီးသန့်ကုန်ထုတ်လမ်း မရှိကြပေ။ ယင်းအတွက်ကြောင့် တစ်ဦးလယ်ကွင်းကို တစ်ဦးက ဖြတ်သန်းပြီး စပါးသယ်ယူရေးကို လုပ်ဆောင်ကြရသည်။ ယခုနှစ်ဆောင်းတွင် မိုးရာသီအလား မိုးကောင်းနေသဖြင့် လယ်ကွင်းများထဲ ရေများ တင်ကျန်နေခဲ့သည်။ ရေတင်ကျန်နေသည့် လယ်မြေပျော့ပေါ်သို့ စပါးရိတ်စက်၊ ကား၊ ထော်လာဂျီ စသည့် စက်ယန္တရားများ ဖြတ်သန်း သွားလာပါက လယ်မြေပျက်စီးမှု ပိုဖြစ်ပေါ်ပြီး မိုးရာသီလယ်ထွန်ချိန်တွင် ကုန်ကျစာရိတ်ပိုများလေ့ရှိကြောင်း လယ်သမာများက ပြောသည်။ ယင်းအတွက်ကြောင့် လယ်သမားအချို့မှာ မိမိပိုင်လယ်မြေပေါ်သို့ စက်ယန္တရားကြီးများ ဖြတ်သန်းသွားလာသည်ကို မလိုလားကြတော့ဘဲ တားဆီးလာကြသည်။ “သူများတွေနှစ်ခါလယ်ထွန်ရင် ကျွန်တော်တို့မှာ သုံးခါ၊ လေးခါ လိုက်ထွန်နေရတယ်။ […]


