ထားဝယ်နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင် ၇ နှစ်စီထပ်ချ
diz_admin
December 17, 2022ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထပ်တိုးထောင်ဒဏ် ၇ နှစ်စီဖြင့် ချမှတ်လိုက်သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။ ထပ်တိုးအမိန့်ချခံထားရသူများမှာ ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူး၊ ကိုအောင်အောင်တို့ သုံးဦးဖြစ်သည်။ ထပ်တိုးထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်မှုကြောင့် ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူက ၃၆ နှစ်၊ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးက ၃၅ နှစ်၊ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည့် ကိုအောင်အောင်က ၁၉ နှစ် အထိ ထောင်ဒဏ်ကျခံရတော့မည်ဖြစ်သည်ဟု အထက်ပါကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပေါက်ကွဲပုဒ်မလို့ပဲ သိရတယ်၊ ပေါက်ကွဲမှာက နံပါတ်တွေရှိတယ်၊ […]


