တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာ၊ အကန့်သတ်ဖြင့်ရောင်းချနေရ
diz_admin
July 29, 2022တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာသဖြင့် အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း ဂတ်စ် ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီဈေးကွက်အတွင်းမှ သိရသည်။ ဂတ်စ်တင်သွင်းသည့် ကုမ္ပဏီက လက်လီအရောင်းဆိုင်များကို အကန့်အသတ် ခွဲတမ်းဖြင့် ရောင်းချပေးခြင်းကြောင့် လိုသလောက် ဝယ်ယူမရဖြစ်လာပြီး ဈေးကွက်တွင် ဂတ်စ် ပြတ်လပ်မှုဖြစ်လာကြောင်း ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ ဂတ်စ်အရောင်းဆိုင်မှ ဆိုင်ရှင် အမျိုးသမီးကြီးက ပြောသည်။ ယခင်က ဂတ်စ် ကုမ္ပဏီတွင် ၄၈ ကီလို ဂတ်စ်အိုး အလုံး ၂၀ ဝယ်ယူခွင့်ရသော်လည်း ယခု ဇွန်-ဇူလိုင်လထဲတွင် အလုံး ၂၀ မှာယူသော်လည်း ၎င်းတို့ဆိုင်အတွက် ၁၀ လုံးသာ ခွဲတမ်းရရှိသည်ဟု ၎င်းက ပြောသည်။ “ပစ္စည်းက အရင်ရှိနေတာလောက်ကိုပဲ မှေးပြီးထည့်ပေးနေရတယ်။ အန်တီဆို အခု မီးသွေးပြန်ဝယ်ထားရတယ်” ဟု အထက်ပါအမျိုးသမီးကြီးက ပြောသည်။ […]


