ဓနိဖက်ထိုးသူရှားပါးလာ၍ လုပ်အားခ ဈေးတက်
diz_admin
January 3, 2023ထားဝယ်ဒေသထွက် ဓနိဖက်ရာသီအစ လုပ်သားရှားပါးမှုကြောင့် လုပ်အားခဈေးပိုပေးနေရကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိဖက်တံ အချောင်း တစ်ထောင်ကို ထိုးခအနေဖြင့် ကျပ် တစ်သောင်းခွဲခန့်ပေးရသော်လည်း ယခုနှစ်တွင် ကျပ်တစ်သောင်းရှစ်ထောင်ခန့်ပေးရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ယခုနှစ်က အိမ်မှာလာထိုးဆိုပြီး ခေါ်လို့မရဘူး။ ဘာဖြစ်လို့လဲဆို လုပ်သားကလည်းရှားပါးတယ်။ အိမ်တိုင်ရာရောက် ကုန်ကြမ်းဖြစ်တဲ့ ဓနိဖက်ကို သွားချပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။ အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ဒေသတွင်း ဖက်ထိုး လုပ်ငန်း လုပ်ကိုင်ကြသည့် အမျိုးသမီးအများစုမှာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြနေကြသည်။ ထို့ကြောင့် လုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။ “ကျွန်မတို့ရွာမှာဆို အရင်က ဖက်ထိုးရာသီဆို အမျိုးသမီးအစုလိုက်ဖွဲ့ပြီး လိုက်ထိုးကြတယ်။ ညဖက်ဆို ရှစ်နာရီ ကိုးနာရီအထိ၊ အခုက […]


