လောင်းလုံး ညောပြင်ရွာတွင် ဓားပြတိုက်ခံရ၊ ကျပ်သိန်းထောင်ချီပါသွားဟုဆို
diz_admin
September 1, 2022လောင်းလုံးမြို့နှင့် မိုင် ၃၀ကျော်အကွာတွင်ရှိသည့် ညောပြင်ကျေးရွာတွင် အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက ဒေသခံ ရေလုပ်သား အိမ်တစ်ဆောင်အား ဩဂုတ်လ ၃၁ရက်ညက ဝင်ရောက်ဓားပြတိုက်သွာကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ခံရမှုကြောင့် ရွှေနှင့် ငွေသား ကျပ်သိန်း တစ်ထောင်ဖိုးခန့် ပါသွားကြောင်း ဓားပြတိုက်ခံရသည့် မိသားစုနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်တွင် မကြာခဏဖြစ်ပွားနေသည့် ဓားပြတိုက်မှုများသည် ရက်အတော်ကြာ ပျောက်ကွယ်နေရာမှ ယခုတဖန်တကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်။ ညောပြင်ရွာသည် ဒေသတွင်းနာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေတည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။ “သူတို့မှာ အရင်က ပရိုဘောက်လားမသိဘူး ကားတစ်စီးရှိတယ်။ အဲဒီကားကို ရောင်းပြီးတော့ ရွှေတွေဝယ်ထားတာ မကြာသေးဘူး။ အဲဒါကို တိတိကျကျသိတဲ့သူက သတင်းပေးပြီး တိုက်တာဖြစ်မယ်” ဟု ဓားပြတိုက်ခံရသည့် မိသားစုနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ၎င်းဓားမြတိုက်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် […]


