သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို
diz_admin
September 13, 2022သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]


