အင်းဝန်းရွာလောင်းကစားဝိုင်း PDF ကသေနတ်ပစ်ဖောက်သတိပေး
diz_admin
January 12, 2023အင်းဝန်းရွာတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို PDF အဖွဲ့က သေနတ်ပစ်ဖောက်သတိပေးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မနေ့(ဇန်နဝါရီ ၁၁)က ညနေ သုံးနာရီခန့်တွင် သေနတ်ကိုင်လူငယ် ၆ ဦးခန့်က သေနတ်ပစ်ဖောက်ပြီးနောက် လောင်းကစားဝိုင်းတွင်ရှိနေသူများအား နောက်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘာမှမလုပ်ဘူး နောက်မလုပ်ဖို့ပဲ သတိပေးသွားတယ် “ဟု၎င်းကပြောသည်။ သေနတ်ပစ်ဖောက်မှုကြောင့် လောင်းကစားပြုလုပ်နေကြသည့် ရွာခံအချို့ မှာ ရွာအရှေ့ဘက်လယ်ကွင်းဘက်ကို ပြေးထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူအခြား ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက ခြောက်ချက်လောက်ရှိမယ်။ အပေါ်ထောင်ပစ်တာ လယ်ကွင်းထဲကို လူတွေထွက်ပြေးလာတာ တွေ့ရတယ်”ဟု၎င်းကပြောသည်။ အင်းဝန်းရွာသည် ထားဝယ်မြို့အနီး လောင်းလုံးမြို့နယ်ထဲတွင်ရှိပြီး လောင်းလုံး-ထားဝယ်ကားလမ်းမမှ တစ်ဖာလုံခန့် အကွာတွင်ရှိကာ ရွာပတ်လည်ကို လယ်ကွင်းများဝန်းရံထားသော ကျေးရွာငယ်လေးဖြစ်သည်။ “လေးပြားဖဲကစားနည်းရှိမယ်၊ ဖဲကစားနည်းရှိမယ် ငွေကြေးက များများစားစားတော့မဟုတ်ဘူး”ဟု ရွာခံတစ်ဦးကပြောသည်။ အလားတူ ပြီးခဲ့သည့်သုံးလေးရက်ခန့်ကလဲ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် […]


