ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရန်ကုန်သို့ လူနာပို့ခ ကျပ်ခုနစ်သိန်းဈေးပေါက်

diz_admin

January 20, 2023

ထားဝယ်မြို့မှ ရန်ကုန်မြို့အထိ အရေးပေါ်လူနာပို့ဆောင်ခ ငွေကျပ်ခုနစ်သိန်းအထိ ပေါက်ဈေးရှိ နေကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်ဆေးကုသရန်လိုအပ်သည့် လူနာများကို ထားဝယ်မြို့ရှိ အရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့အချို့က ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ လက်ရှိဈေးနှုန်းအရ ထားဝယ်-ရန်ကုန် အသွားအပြန် တစ်ခေါက်အတွက် စက်သုံးဆီးဖိုး ကျပ်ငါးသိန်းခန့် ကုန်ကျသည့်အပြင် ကားပြုပြင်ထိန်းသိမ်းမှုစရိတ်များကြောင့် လူနာတစ်ဦးပို့လျှင် ငွေကျပ်ခုနှစ်သိန်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဂရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တွင် ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုသည်။ “ဆီဈေးတက်လို့ ဒီဈေးယူနေရတာပါ” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့သို့ လူနာတစ်ခေါက်ပို့လျှင် ငွေကျပ် ခြောက်သိန်းသာ ကောက်ခံရာမှ လက်ရှိတွင် စက်သုံးဆီ၊ ယာဉ်မောင်း ယာဉ်အကူတို့၏ စားစရိတ်နှင့် ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ် များကြောင့် ပြီးခဲ့သည့် တစ်လခန့်က ကောက်ခံသည့်နှုန်းထား ပြောင်းထားကြောင်း […]

သရက်ချောင်းက မြေးအဖွားနှစ်ဦး ဥယျာဉ်ခြံသွားစဉ် မိုင်းထိ

diz_admin

January 19, 2023

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာက မြေးအဖွားနှစ်ဦး ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီခန့်က ဥယျာဉ်ခြံသို့သွားစဉ် မိုင်းထိမှန်သဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့ထံက သိရသည်။ ကျွဲခြံရွာမှ ဝင်းကဖော်ရွာဘက်သို့သွားသည့် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့်သွားစဉ် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကျွဲခြံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “သူ့မြေးမှာတော့ ခေါင်းမှာရှပ်ထိတယ်ဆိုပြောတယ်။ သူ့အဖွားကတော့ နောက်ကျောဘက်မှာလား ခါးမှာဆိုလား မသိဘူး။ အခုက သရက်ချောင်းဆေးရုံမှာ။ မစိုးရိမ်ရဘူး။ သက်သာနေပြီဆိုပြောတယ်” ဟု ၎င်းက ဆိုသည်။ အဖွားဖြစ်သူ ဒေါ်သီးမေမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်ပြီး မြေးဖြစ်သူ မပျိုပျိုမှာ ၁၅ နှစ်မှ ၂၀ နှစ်ကြား ဝန်းကျင် အရွယ်ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။ မိုင်းပေါက်ကွဲသည့် […]

ပဲဒက်ရွာအနီး ဆီအုန်းစက်ရုံအဟောင်း မီးလောင်

diz_admin

January 19, 2023

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးတွင် ဆီကြိတ်သည့်စက်ရုံဟောင်းတစ်ခု ယနေ့(ဇန်နဝါရီ ၁၉) နံနက်ပိုင်းကစပြီး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ဆီအုန်းစက်ရုံမှာ အားလုံးနီးပါးမီးလောင်ပြာကျသွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးသတ်တွေလာငြှိမ်းသတ်တာမျိုးတော့ မတွေ့ရဘူး။ မနက်ကတည်းက ညနေအထိပါပဲ”ဟု ‌‌၎င်းက ပြောသည်။ စက်ရုံမီးလောင်ကျွမ်းခဲ့သည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။ အဆိုပါစက်ရုံသည် မြိတ် – ထားဝယ် ကားလမ်းမပေါ်တွင်ရှိပြီး ပဲဒက်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။ ယင်းစက်ရုံကို သရက်ချောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ဖူးသည့် ဦးကင်းစိန် ပိုင်ဆိုင်သည့် စက်ရုံဖြစ်သည်။ အဆိုပါကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွား လေ့ရှိပြီး လက်ရှိမီးလောင်သည့်နေရာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏတပ်စွဲလေ့ရှိသည်။ ဦးကင်းစိန်သည် သရက်ချောင်းမြို့နယ် ပဲဒက်ရွာသားဖြစ်ပြီး ကြံခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့သည်။ ‌ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးနောက် […]

ဝက်သားစျေးဆက်တိုက်မြင့်တက်၊ တရုတ်နှစ်ကူးကာလတွင် အမြင့်ဆုံးစျေးသို့ရောက်မည်ဟုဆို

diz_admin

January 18, 2023

ထားဝယ်တွင် သီတင်းကျွတ်လမတိုင်မီက ဝက်သားစျေးမှာ တစ်ပိဿာ ၁၃၀၀၀ ကျပ်သာရှိသော်လည်း ယခု တစ်ပိဿာ ၁၈၀၀၀ ကျပ်အထိ ဖြစ်လာနေကြောင်း စျေးကွက်အတွင်းမှသိရသည်။ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလအထိ ဖောက်သည်ဈေး တစ်ပိဿာ ၁၅၅၀၀ ကျပ်ဖြင့်ရောင်းချပေးနေရာမှ ပြီးခဲ့သည့် ၁၀ ရက်ခန့်မှစပြီး တစ်ပိဿာ ၁၆၀၀၀ ကျပ်ဖြစ်လာသည်ဟု ထားဝယ်မြို့ ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “သူတို့ကတော့ ကုန်ကြမ်းရှားလို့ဆိုပြီး တက်တယ်ပြောတာပဲ၊ ဒါပေမဲ့ သူတို့ဝက်ပေါ်တာ တစ်ရက်မှမပြတ်ဘူး။ တစ်ခါတစ်လေဝက်သေရင်လည်း အသေသားကိုရေခဲစိမ်ပြီး အမတို့ကို တစ်ယောက်တစ်တုံးစီ ရောပြီး မျှထည့်ပေးသေးတယ်။ သူတို့မှာအရှုံးမရှိဘူး၊ နောက်ဆုံး ဈေးတက်လာတော့ ဝယ်ရောင်းသမားနဲ့ စားသမားပဲ ထိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထားဝယ်တွင် (ဝက်) သားသတ်လိုင်စင်ကို အစုရှယ်ယာရှင် ၂၀ […]

ထားဝယ်တွင် ကိုဗစ်ကြောင့် လူခြောက်ရာကျော်သေဆုံး

diz_admin

January 18, 2023

ကိုဗစ်ကပ်ဘေးကာလအတွင်း ထားဝယ်သုသာန်တွင် ကိုဗစ်နာရေးအလောင်း ခြောက်ရာကျော်ကို မီးရှို့သင်္ဂြိုဟ်ခဲ့ရကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုစတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကိုဗစ်အလောင်း ၆၀၁ လောင်း မီးသင်္ဂြိုဟ်ခဲ့ရခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ၂၀၂၁ ခုနှစ် ဇူလိုင်မှစကာ ကိုဗစ်ကူးကြောင့် သေဆုံးသူများပြားခဲ့ပြီး သုသာန်တွင် မီးသင်္ဂြိုဟ်ရန်ပင် မနိုင်ဝန်ဖြစ်ခဲ့ရသည်။ “ကိုဗစ်လို့ ဆေးရုံက စတင်အသိအမှတ်ပြုချိန်ကတည်းက စရေ (တွက်) တာပါ” ဟု နာရေးကူညီမှု (ထားဝယ်) ၏ အတွင်းရေးမှူးက ပြောသည်။ ထားဝယ်သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ရသည့် အလောင်း ၆၀၀ ကျော်တွင် မွတ်ဆလင်ဘာသာဝင်များ၏ နာရေးစာရင်း မပါဝင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ […]

ထားဝယ် ကမ်းနားဈေးကငါးဒိုင်များကို ပုဂ္ဂလိကပိုင်ငါးဈေးအသစ်သို့ ဖိအားပေးပြောင်းခိုင်းဟုဆို

diz_admin

January 18, 2023

ထားဝယ်မြို့ ကမ်းနားဈေးက ငါးဒိုင်များကို အောင်တံခွန်ကိုယ်ပိုင်ငါးဈေးအသစ်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အပြီးပြောင်းရွေ့ပေးရန် ဖိအားပေး ပြောဆိုမှုများရှိနေကြောင်း ငါးဒိုင်ရှင်အချို့က ပြောသည်။ လက်ရှိဈေးမှာ လူနေအိမ်များအနီးတွင်ရှိနေသဖြင့် အနံ့အသက်များနံခြင်း၊ စနစ်တကျ မဖြစ်ခြင်း၊ အောင်တံခွန် ငါးဈေးသစ်တွင် တစုတစ်စည်းတည်း ရောင်းချ၍ရခြင်းတို့ကြောင့် ပြောင်းရွှေ့ရန် ဇန်နဝါရီလ ဒုတိယအပတ် အစည်းအဝေးခေါ်ယူစဉ် တိုင်းရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အောင်တံခွန်ကိုယ်ပိုင်ငါးဈေး၏ အစုရှယ်ယာရှင်နှင့် ငါးဒိုင်များကို သီးသန့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ငါးဒိုင်ရှင်အချို့က ပြောဆိုသည်။ “အခု နှစ်လပိုင်း နှစ်ရက်နေ့ အပြီးပြောင်းရမယ်ပြောတယ်။ အပြီးထွက်ရမယ်တဲ့။ မထွက်ခဲ့သည်ရှိသော် သူတို့ကို အဆိုးမဆိုနဲ့တဲ့။ တစ်ယောက်နဲ့တစ်ယောက် အဆိုးလည်း မဖြစ်ခိုင်းနဲ့တဲ့” ဟု ငါးဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ကမ်းနားဈေးကို ဈေးအင်္ဂါရပ်နှင့်အညီဟုဆိုကာ NLD အစိုးရလက်ထက် ၂၀၁၉ […]

ပျူစောထီးဒုခေါင်းဆောင်၏ ဖမ်းဆီးခံမိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်

diz_admin

January 17, 2023

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ မိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှသိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီခံရပြီးနောက် ဆယ်ရက်ခန့်အကြာတွင် သားငယ်ဖြစ်သူ မောင်ရဲခန့်ကျော်အား ပြန်လွှတ်ပေးလိုက်ပြီး မိခင်ဖြစ်သူမချိုလွင်ဦးနှင့် သားကြီးဖြစ်သူ မောင်ယဉ်ကိုထက်မှာမူ တစ်လနီးပါးကြာသည်အထိ မလွတ်လာသေးပေ။ “ဘာသတင်းမှလည်းမရသေးဘူး။ စိတ်ပူတာပေါ့နော် အမေကလည်း သွေးတိုးဆီးချိုရှိတယ်။ ခုဆိုရင်ဆေးပြတ်နေလောက်ပြီ အနည်းဆုံးတော့ ဖုန်းလေးနဲ့ပဲ ဆက်သွယ်ခွင့်တော့ပေးစေချင်တယ်။ ခုကဘာဖြစ်နေမှန်း မသိဘဲစိတ်ပူနေရတာ”ဟု ၎င်းကပြောသည်။ ဒေါ်ချိုလွင်ဦးနှင့်သားသုံးယောက်သည် ဒီဇင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့သို့ ကင်းမွန်တက်ရောင်းစဉ် မိသားစုသုံးဦးစလုံး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဒေါ်ချိုလွင်ဦး၏ဖခင်မှာ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးဒုခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ယခု ဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် စိတ်ဓာတ်၊ခံယူချက်ခြင်းကွာခြားသူ […]

ထားဝယ်တွင် ဆန္ဒပြလူငယ်၏နေအိမ် ချိပ်ပိတ်ခံရ

diz_admin

January 16, 2023

ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က တောက်လျှောက်ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း ကာယကံရှင်က ပြောသည်။ ထားဝယ်မြို့ ဆေးရုံလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချိပ်ပိတ်ခဲ့ကြောင်း နေအိမ်ချိပ်ပိတ်ခံရသည့် ကိုတက်တိုးအောင်က ဆိုသည်။ “တော်လှန်ရေးသပိတ်စကတည်းက တော်လှန်ရေးထဲပါဝင်လာတော့ ကျွန်တော့်ကို မမိလို့ ဒီလိုလုပ်သွားတာလို့ ယူဆတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က နေအိမ်ကို ချိပ်လာပိတ်ချိန်တွင် မိသားစုဝင်များက နယ်ဘက်ခရီးသွားနေချိန်ဖြစ်သလို ၎င်းကိုယ်တိုင်လည်း နေအိမ်တွင်မရှိကြောင်း ကိုတက်တိုးအောင်က ပြောသည်။ အိမ်နီးချင်းများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ကား ခုနစ်စီးဖြင့် လာရောက်ပြီး ချိပ်ပိတ်သွားသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ ထားဝယ်ဒေသတွင် ချိပ်ပိတ်ထားသည့် နေအိမ် ဆယ်ချီရှိနေပြီဖြစ်သည်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် […]